Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

Month

January 2022
နေပြည်တော်   ဇန်နဝါရီ   ၂၅ ပိုမိုကောင်းမွန်သော ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများ ပြန်လည် ချမှတ်ခြင်း ခေါင်းစဉ်ဖြင့် ထိုင်းနိုင်ငံ၊ ခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးဌာနမှ စီစဉ်ကျင်းပသည့် အာရှနှင့် ပစိဖိတ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲ-၂၀၂၂ (APEC Symposium 2022) ကို ဇန်နဝါရီ ၂၅ ရက်မှ ၂၆ ရက်အထိ ကျင်းပရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။ ဆွေးနွေးပွဲသို့ အာရှနှင့် ပစိဖိတ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင် နိုင်ငံများ (APEC)နှင့် နိုင်ငံတကာမှ ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များ၊ မူဝါဒချမှတ်သူများနှင့် ပုဂ္ဂလိက ခရီးသွားလုပ်ငန်း ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ ဆွေးနွေးပွဲကို ခရီးသွားလုပ်ငန်း ဆောင်ရွက်နေသူများနှင့် မူဝါဒချမှတ်သူ အဆင့်မြင့်...
Continue Reading
နေပြည်တော် ဇန်နဝါရီ ၂၂ အာဆီယံ-ဂျပန်စင်တာ၏ ထောက်ပံ့မှုဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် TRC Hotel and Vocational Training Institute တို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သော အခြေခံဂျပန်အစား အစာချက်ပြုတ်နည်းသင်တန်းဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် Online စနစ်ဖြင့် ကျင်းပသည်။ သင်တန်းဖွင့်ပွဲ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ယခုဖွင့်လှစ်မည့်အခြေခံ ဂျပန် အစားအစာ ချက်ပြုတ်နည်းသင်တန်းသို့ တက်ရောက်မည့် သင်တန်းသားများ အနေဖြင့် စိတ်ဝင်တစား အထူးလေ့လာသင်ယူကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တတ်ကျွမ်းသော ပညာရပ်များကို ထိရောက်စွာ အသုံးချပြီး ဂျပန်ခရီးသွားဧည့်သည်များကို ကောင်းမွန်သော ဝန်ဆောင်မှုပေးခြင်းဖြင့် ဂျပန်ခရီးသွား ဈေးကွက်ကို ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်ပါကြောင်း ဂျပန်ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် ဧည့်သည်အများစုတွင် အပါအဝင်ဖြစ်သောကြောင့် ယခုသင်တန်းသည်    ဂျပန်ခရီးသွား ဧည့်သည်များအတွက်သာမက မြန်မာနိုင်ငံမှ ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့်...
Continue Reading
နေပြည်တာ် ဇန်နဝါရီ ၂၁ “ASEAN-A Community of Peace and Shared Future” ခေါင်းစဉ်ဖြင့် ကမ္ဘောဒီးယား နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အကြိမ် (၄၀) မြောက် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၂ နှင့် အာဆီယံခရီးသွားလုပ်ငန်း ဝန်ကြီးအစည်းအဝေး၊ ဆက်စပ်အစည်းအဝေးများနှင့် အခမ်းအနားများကို ကမ္ဘောဒီးယားနိုင်ငံ ပရီဆီဟာနုပြည်နယ်ရှိ ဆိုခါရီဆော့ ကမ်းခြေဟိုတယ်တွင် ဇန်နဝါရီလ ၁၇ ရက်မှ ၂၀ ရက်အထိ ကျင်းပခဲ့ရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးသည် ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းတွင် Sokha Resort Hotel ၌ ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလုပ်ငန်းဝန်ကြီး Dr.THONG KHON...
Continue Reading
နေပြည်တော် ဇန်နဝါရီ ၁၁ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူ့နီတိနှင့် ကျင့်ဝတ်များ “Civics vs Ethics : Sustainable Tourism Development For Myanmar” ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ကျောက်စိမ်း ခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင်က ပြည်သူ့နီတိသည် ပြည်သူပြည်သားများ အကျိုးစီးပွား တိုးတက်စေရန် နိုင်ငံသားတိုင်း စောင့်ထိန်းရမည်တို့ကို လမ်းညွှန်ထားခြင်း ဖြစ်ပါကြောင်း၊ ကိုယ်ကျင့်တရားဆိုင်ရာ မှန်ကန်သော အသိ၊ အပြုအမူများကို စနစ်တကျဝေဖန် ပိုင်းခြား ကျင့်သုံးတတ်ရန်၊ လူ့အခွင့်အရေးများကို တန်ဖိုး ထားလေးစား ပြီး နိုင်ငံသားတစ်ဦး၏ တာဝန်ဝတ္တရားများကို လိုက်နာကျင့်သုံးတတ်ရန်၊ နိုင်ငံ့သား...
Continue Reading
နေပြည်တော် ဇန်နဝါရီ ၈ အာရှဒေသ သဘာဝအခြေခံခရီးသွားလုပ်ငန်းကွန်ရက်မှ ကြီးမှုး၍ နိုင်ငံတကာ သဘာဝအခြေခံခရီးသွားလုပ်ငန်း နှစ်(၂၀)ပြည့် အထိမ်းအမှတ်အခမ်းအနား၊ အာရှ-ပစိဖိတ် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ထိပ်သီးညီလာခံ -၂၀၂၂ ကို ယနေ့တွင် Virtual စနစ်ဖြင့် ကျင်းပရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင် Keynote Speaker အဖြစ် ပါဝင်တက်ရောက်သည်။ အဆိုပါ ညီလာခံတွင် အာရှဒေသ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းကွန်ရက်ဥက္ကဋ္ဌ Mr. Masaru Takayama က အဖွင့်မိန့်ခွန်းပြောကြားပြီး ကမ္ဘာလုံးဆိုင်ရာ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ကွန်ရက်ဥက္ကဋ္ဌ Mr. Glenn Jampol ၊ အင်ဒိုနီးရှားသမ္မတနိုင်ငံ ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးဖန်တီးမှုဝန်ကြီးဌာန ဝန်ကြီး Dr.H.Sandiaga Salahuddin Uno နှင့်...
Continue Reading