Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

Day

June 20, 2022
နေပြည်တော်၊ ဇွန် ၂၀ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (World Tourism Day) အထိမ်းအမှတ်ကျင်းပသော Myanmar Innovative Tourism Startup Competition (MITSC) လျှောက်လွှာခေါ်ယူခြင်း ၁။      ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ၏ အနာဂါတ်စိန်ခေါ်မှုအသစ်များကိုဖြေရှင်းနိုင်ရန်နှင့် ခရီးသွားနယ်ပယ်အတွင်းရှိ ဆန်းသစ်တီထွင်မှုရှိသော အငယ်စား၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများကို ဖော်ထုတ်ကာ ကူညီပံ့ပိုးနိုင်ရန်အတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ စွန့်ဦးတီထွင်မှုပြိုင်ပွဲကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ “Myanmar Innovative Tourism Startup Competition” ပြိုင်ပွဲကို စိတ်ပါဝင်စားသူ မြန်မာနိုင်ငံသား အားလုံး ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။ ၂။       ဝင်ရောက်လျှောက်ထားရမည့်အစီအစဉ် (က)    လျှောက်လွှာလက်ခံမည့်အချိန်                 ...
Continue Reading
နေပြည်တော်၊ ဇွန် ၁၉ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် ခရီးသည်များ တည်းခိုနေထိုင်မှု အဆင်ပြေ စေရေး၊ လုံခြုံစိတ်ချစွာ သွားလာနိုင်ရေးနှင့် ကောင်းမွန်သော ဝန်ဆောင်မှုများ ပေးနိုင်ရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မင်္ဂလာသီရိ ဟိုတယ်၌ နေပြည်တော်အတွင်းရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာ လုပ်ငန်းရှင်များ၊ တာဝန်ရှိသူများနှင့် နေပြည်တော် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများကိုတွေ့ဆုံသည်။ မြို့တော်အင်္ဂါရပ်နှင့်အညီ ဖြစ်စေရေး တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နေပြည်တော်ကောင်စီနယ်မြေအတွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ လိုင်စင်ရယူဆောင်ရွက်နေသော ဟိုတယ်နှင့် တည်းခိုရိပ်သာ ၉၈ လုံး ရှိပြီး လက်ရှိအချိန်တွင် ဟိုတယ်နှင့်တည်းခိုရိပ်သာ ၇၅ လုံး ဖွင့်လှစ်ဆောင်ရွက်နေကြောင်း၊ ယခုအခါ မြို့တော်နေပြည်တော်ကို “Green City၊...
Continue Reading
နေပြည်တော်၊ ဇွန်လ ၁၈ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားဧည့်သည်များ လွယ်ကူအဆင်ပြေစွာသွားလာနိုင်ရေး၊ ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး၊ ခရီးစဉ်ဒေသများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယခုအခါ မြန်မာနိုင်ငံသို့ အပြည်ပြည်ဆိုင်ရာလေဆိပ်များမှတဆင့် နိုင်ငံပေါင်း ၃၀ ကျော်မှ နိုင်ငံ တကာခရီးသွားများ ဝင်ရောက်လည်ပတ်သွားလာနေပြီဖြစ်သည်။ မိတ်ဆက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဌေးအောင်သည် ယနေ့ နံနက် ၉ နာရီတွင် ဝန်ကြီးဌာနရှိကျောက်စိမ်းခန်းမ၌ ကျင်းပသော Golden TMH ကုမ္ပဏီက ရေးဆွဲထားသည့် Health and Security Screening for Travelers အတွက် Travel Safe Application စီမံချက် ရှင်းလင်းတင်ပြသည့် မိတ်ဆက်အခမ်းအနားသို့ ပါဝင်တက်ရောက်သည်။ အခမ်းအနားသို့ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှုးချုပ်များနှင့် အရာထမ်း များ၊ Golden TMH...
Continue Reading
နေပြည်တော် ဇွန်လ ၁၇ မဲခေါင်သိပ္ပံနှင့် ထိုင်းနိုင်ငံဆိုင်ရာ ကိုးရီးယားသမ္မတနိုင်ငံသံရုံးတို့ ပူးပေါင်းကာ မဟာမဲခေါင် ဒေသအတွင်း မဲခေါင်-ကိုးရီးယားပူးပေါင်းဆောင်ရွက်ရေး ဒေသဆိုင်ရာဖိုရမ်ကို ယနေ့ နံနက်ပိုင်း တွင် Hybrid စနစ်ဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ရှန်ဂရီလာဟိုတယ်၌ကျင်းပသည်။ တက်ရောက် အခမ်းအနားသို့ ဘန်ကောက်မြို့ရှိ သက်ဆိုင်ရာအစိုးရဌာနများနှင့် သံရုံးများမှ ကိုယ်စား လှယ်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများ၊ တက္ကသိုလ်များ၊ နိုင်ငံတကာနှင့် ဒေသတွင်း သုတေသန နယ်ပယ်မှ ကိုယ်စားလှယ် ၅၀ ကျော်တို့က ကိုယ်တိုင်တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းအဖွဲ့များမှ ကိုယ်စား လှယ်များ၊ အခြားသောအဖွဲ့ဝင်နိုင်ငံနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက အွန်လိုင်းမှ တက်ရောက်ကြသည်။ အဆိုပါ ဖိုရမ်ကို မဲခေါင်ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေး...
Continue Reading