Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

Day

March 14, 2023
နေပြည်တော် မတ် ၁၃ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်သည်  ရုရှားဖက်ဒရေးရှင်း နိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူး Mr. Alexander Sergeevich Shatirov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန နီလာခန်းမ၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ ညွှန်ကြားရေးမှူး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့က ရုရှားခရီးသွားများလာရောက် လည်ပတ်နိုင်ရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ရုရှားခရီးသွားများအတွက် တည်းခိုသွားလာလည်ပတ်မှု၊ စားသောက်မှုများ အပါ အဝင်ပြီးပြည့်စုံသော Package  Tour အစီအစဉ်များအား ရေးဆွဲပံ့ပိုးပေးစေလိုပါကြောင်း၊ ရော့စ်ကွန်ဂရက်အဖွဲ့အနေဖြင့် နှစ်နိုင်ငံခရီးသွားကဏ္ဍ တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအကြောင်း မြှင့်တင်ဆောင် ရွက်နိုင်ရေးအတွက် ပံ့ပိုးကူညီပေးသွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။ ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက...
Continue Reading