Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

Day

December 26, 2023
နေပြည်တော် ဒီဇင်ဘာ ၂၅ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တြိဂံဒေသတိုင်းစစ်ဌာချုပ်တိုင်းမှူး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့နှင့် ပတ်ဝန်းကျင်ရှိ ခရီးသွားလုပ်ငန်း အထောက်အကူပြု ခရီးစဉ်ဒေသများကို လှည့်လည်ကြည့်ရှုကြသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျိုင်းတုံမြို့ရှိ သစ်တစ် ပင်တောင် အပန်းဖြေစခန်းသို့သွားရောက်ပြီး ဒေသ၏အထင်ကရ ခရီးသွားဆွဲဆောင်မှုနေရာ တစ်ခု အဖြစ် ရေရှည်ရပ်တည်နိုင်ရေးဆောင်ရွက်ထားရှိမှုနှင့် နောင်တုံကန်ပတ်ဝန်းကျင်နှင့် ကျိုင်းတုံ ဟော်နန်းတည်ဆောက်နေမှုတို့ကို ကြည့်ရှုကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မဟာမုနိဘုရားကို သွားရောက်ဖူးမြော်ကြည်ညို၍ အလှူငွေများပေးအပ်လှူဒါန်းသည်။ ယင်းနောက် သက်တမ်းရင့်လက်ဖက်စိုက်ခင်းများတည်ရှိရာ ဝမ်ဆိုင်းကျေးရွာသို့သွားရောက်၍ ခရီးသွားလုပ်ငန်းအထောက်အကူပြု ခရီးစဉ်ဒေသတစ်ခုအဖြစ် မြှင့်တင်ဖော်ဆောင်နိုင်ရေး လှည့်လည် ကြည့်ရှုကြပြီး ဝမ်ဆိုင်းဒေသထွက်  လက်ဖက်ခြောက်ကို ဒေသအမှတ်အသားအဖြစ် ဈေးကွက်အတွင်း ထိုးဖောက်နိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိအောင်...
Continue Reading
နေပြည်တော် ဒီဇင်ဘာ ၂၃ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသွားရာ ရာဇသင်္ဂဟလမ်းနှင့် စံပယ်လမ်းဆုံအနီးရှိ ဟိုတယ်မျက်နှာစာနှင့် ဘေးပတ်ဝန်းကျင်တစ်လျှောက်ရှိ ဟိုတယ်များ၏ စနေနေ့ ပုံမှန် သန့်ရှင်းရေး ဆောင်ရွက်နေမှုများနှင့် ပြည်တွင်း/ ပြည်ပခရီးသွား ဧည့်သည်များ လာရောက်တည်းခိုစဉ် ဟိုတယ်များအတွင်း စိမ်းလန်းစိုပြေသန့်ရှင်းသာယာလှပစေ ရေးနှင့် ကောင်းမွန်သော ဝန်ဆောင်မှုများ စီစဉ်ဆောင်ရွက်ပေးနိုင်စေရေးအတွက် လိုက်လံကြည့်ရှု အားပေးသည်။ ကြည့်ရှုအားပေးစဉ် ဒုတိယဝန်ကြီးက နေပြည်တော်ကို Clean City၊ Green City၊ Smarty City ဖြစ်စေရန် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်ရာတွင် နေပြည်တော်ရှိ ဟိုတယ်များအနေဖြင့်လည်း မိမိတို့ ဟိုတယ်ပရိဝုဏ်နှင့် ပတ်ဝန်းကျင်စိမ်းလန်း စိုပြည်သန့်ရှင်းသာယာလှပရေး၊ ဟိုတယ်အဆောက်အအုံများ နိုင်ငံတကာအဆင့်မီ ကောင်းမွန်ပြီး အမြင်တင့်တယ်မှုရှိစေရန်...
Continue Reading