Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

Day

January 8, 2024
နေပြည်တော် ဇန်နဝါရီ ၇ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယနေ့နံနက် ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့သို့ သွားရောက်၍ ပုသိမ်ခရိုင် ခရီးစဉ်ဒေသစီမံခန့်ခွဲရေး အဖွဲ့(Destination Management Organization – DMO)၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များနှင့် ဟိုတယ်များမှ တာဝန်ရှိသူများကို ပုသိမ်ဟိုတယ်၌ တွေ့ဆုံသည်။ တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများတွင် ဧရာဝတီတိုင်းဒေသကြီး သည် ခရီးသွားဆွဲဆောင်မှုများစွာကို ပိုင်ဆိုင်ထားသော ခရီးစဉ်ဒေသတစ်ခုဖြစ်ပြီး ကားလမ်းခရီးနှင့် ရေလမ်းခရီးတို့ဖြင့် သွားလာလည်ပတ်နိုင်ပါကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်ပြီး အလားအလာရှိသော ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ဆောင်ရွက်နိုင်ရေး၊ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ ပိုမိုလာရောက်စေရေး၊ လုံခြုံစိတ်ချစွာ သွားလာလည်ပတ်နိုင်ရေးနှင့် ဝန်ဆောင်မှုကောင်းများပေး နိုင်ရေးတို့ကို ရည်ရွယ်၍ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ (Destination...
Continue Reading
နေပြည်တော် ဇန်နဝါရီ ၆ ခရီးစဉ်ဒေသများ သန့်ရှင်းသာယာလှပပြီး ခရီးသွားဆွဲဆောင်ရာနေရာများသို့ ပြည်တွင်း/ ပြည်ပ ခရီးသွားဧည့်သည်များ ပိုမိုတိုးတက်လာရောက်လည်ပတ်ရေးအစီအစဉ်များကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များဖြင့်ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများ၊ Bagan Plastic Campaign အဖွဲ့၊ ဟိုတယ်နှင့်ခရီးသွားအသင်းအဖွဲ့များ၊ ဒေသခံရပ်မိရပ်ဖများ စုစုပေါင်းအင်အား ၄၀၀ ခန့်ဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်လျက်ရှိသည့် မြို့ဟောင်းဧရိယာအတွင်းရှိ နေရာများ သို့ လိုက်လံကြည့်ရှုအားပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အာနန္ဒာဘုရား၊ ရွှေစည်းခုံဘုရားသို့ သွားရောက် ဖူးမြော်ကြည်ညိုပြီး ဘုရားဖူးခရီးသွားဧည့်သည်များ အဆင်ပြေချောမွေ့စွာ လာရောက်ဖူးမြော် နိုင်ရန် စီစဉ်ထားရှိမှုအခြေအနေများကို ကြည့်ရှုသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် နန်းမြင့်မျှော်စင်သို့သွားရောက်ပြီး မျှော်စင်ပေါ်၌...
Continue Reading
နေပြည်တော် ဇန်နဝါရီ ၅ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် သည် ယနေ့နံနက်ပိုင်းက ခရီးသွားလုပ်ငန်းဆိုင်ရာ ဘာသာရပ်များ သင်ကြားပို့ချနေသည့် သင်တန်း ကျောင်းများမှ တာဝန်ရှိသူများကို ဝန်ကြီးဌာန၏ နီလာခန်းမမှ အွန်လိုင်းစနစ်ဖြင့် တွေ့ဆုံသည်။ တွေ့ဆုံဆွေးနွေးပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ မန္တလာတက္ကသိုလ်နှင့် အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်တို့မှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာဆရာမများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာဘာသာရပ်များကို သင်ကြားပို့ချနေသော သင်တန်းကျောင်းများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲများမှ တာဝန်ခံများက အွန်လိုင်းမှတက်ရောက် ကြသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေနှင့် ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုရန်အတွက် လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးရန်လိုအပ်လျက်ရှိပြီး Tourism...
Continue Reading