Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

Day

January 29, 2024
နေပြည်တော်၊ ဇန်ဝါရီလ ၂၉ ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ မဲခေါင်-လန်ချန်းအထူးရန်ပုံငွေ(၂၀၂၂) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော “ The Establishment of Bakery & Pastry Training Project” အစီအစဉ်ဖြင့် မုန့်ဖုတ်နည်းဆရာဖြစ်သင်တန်းအမှတ်စဉ်(၁)ဖွင့်ပွဲနှင့် မုန့်ဖုတ် နည်းအခြေခံသင်တန်းအမှတ်စဉ်(၆) သင်တန်းဆင်းပွဲအခမ်းအနားကို ရန်ကုန်မြို့ ၊ ဗိုလ်ဆွန်ပက်လမ်း ရှိ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Cultural Counsellor Mr. Panfeng ၊ ဟိုတယ်နှင့်ခရီးသွားညွှန် ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာ၊ ဖိတ်ကြားထားသောဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံစစ်မှုထမ်း ဟောင်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ တာဝန်ရှိသူများ၊ စီမံကိန်းမန်နေဂျာ၊ မုန့်ဖုတ်နည်းပြဆရာမများနှင့်...
Continue Reading
နေပြည်တော် ဇန်နဝါရီ ၂၈   အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် – ၂၀၂၄ နှင့် ဆက်စပ်ဝန်ကြီးအဆင့် အစည်းအဝေးများဖြစ်သည့် အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေး၊ အာဆီယံ- အိန္ဒိယ ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေး၊ အာဆီယံ-တရုတ်၊ ဂျပန်၊ ကိုရီးယားခရီးသွားလုပ်ငန်းဝန်ကြီးများအစည်းအဝေး၊ အာဆီယံ- ရုရှားဖက်ဒရေးရှင်း ခရီးသွားလုပ်ငန်း ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အခမ်းအနားများကို “Quality and Responsible Tourism – Sustaining ASEAN Future” ခေါင်းစဉ်ဖြင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့ရှိ Landmark Mekong Riverside Hotel ၌ ဇန်နဝါရီ ၂၂ ရက်မှ ၂၇ ရက်အထိ အိမ်ရှင်အဖြစ်လက်ခံကျင်းပရာ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့်ခရီးသွားလုပ်ငန်းဝန်ကြီး Mrs. Suanesavanh VIGNAKET ၏ ဖိတ်ကြားချက်အရ...
Continue Reading
နေပြည်တော် ဇန်နဝါရီ ၂၈   သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသော ဝန်ထမ်းများကို တစ်ဆင့်မြင့်ရာထူးသို့ တိုးမြှင့်ခန့်အပ်နိုင်ရန် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရည်အချင်းစစ် ရေးဖြေစာမေးပွဲကို ယနေ့ နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့်ပြည်နယ်ရုံးခွဲများအလိုက်စာစစ်ဌာနများတွင် ကျင်းပရာ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး က ကြည့်ရှုစစ်ဆေးသည်။ ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက အရည်အချင်းပြည့်ဝပြီး ဝန်ကြီးဌာန နှင့် နိုင်ငံအကျိုးသယ်ပိုးနိုင်သော ဝန်ထမ်းကောင်းများဖြစ်စေရေးအတွက် ကြိုးစားကြရမည်ဖြစ် ပါကြောင်း၊ အရည်အချင်းစစ်စာမေးပွဲကိုလည်း ဝန်ထမ်းများအနေဖြင့် ကြိုးစားဖြေဆိုကြရန် အားပေးမှာကြားသည်။ အဆိုပါ အရည်အချင်းစစ် ရေးဖြေစာမေးပွဲကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နေပြည်တော်(ရုံးချုပ်) အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်ရုံးခွဲများနှင့် ပြည်တွင်း/ ပြည်ပ သင် တန်းများသို့ တက်ရောက်သင်ကြားနေသော ဝန်ထမ်းများက သက်ဆိုင်ရာ ရာထူးအဆင့်နေရာ များအလိုက် ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း...
Continue Reading