Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

Day

January 31, 2024
နေပြည်တော် ဇန်နဝါရီ ၃၀ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ ရုံးလုပ်ငန်းတာဝန်များကို စနစ်တကျထမ်းဆောင်နိုင်စေရန်နှင့် ရုံးလုပ်ငန်းစွမ်းဆောင်ရည်များ တိုးမြင့်လာစေရန် ရည်ရွယ်၍ ဌာနတွင်းရုံးလုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။ တက်ရောက် အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး / ပြည်နယ်ရုံးခွဲများမှ သင်တန်းသား၊ သင်တန်းသူများက Hybrid စနစ်ဖြင့် တက်ရောက်ကြသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျရှိခြင်းနှင့် စည်းစနစ်ကျနစွာ လုပ်ကိုင်ဆောင်ရွက်ခြင်းသည် လုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် အဓိကကျသော အခန်းကဏ္ဍဖြစ်သောကြောင့် ကြိုးစားလုပ်ဆောင်ကြရန် လိုအပ်ပါကြောင်း၊ နေ့စဉ်လုပ်ငန်းဆောင်တာများကို စနစ်တကျပြီးမြောက်အောင် အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်...
Continue Reading