Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

Day

February 1, 2024
နေပြည်တော် ဇန်နဝါရီ  ၃၁ ခရီးသွားကုမ္ပဏီများ၏ အစီအစဉ်ဖြင့် လာရောက်လည်ပတ်သော ပြည်ပခရီးသွားဧည့်သည်များ နေပြည်တော်ရှိ ခရီးစဉ်ဒေသများသို့ လွယ်ကူအဆင်ပြေချောမွေ့စွာဝင်ရောက်နိုင်ရေးအတွက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများ၊ ထိုင်းခရီးသွားဝန်ဆောင်မှု ပေးနေသော ခရီးလှည့်လည်ရေးကုမ္ပဏီများနှင့်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမ၌ Hybrid စနစ်ဖြင့်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ နယ်ရုံးခွဲများမှတာဝန်ခံများ တက်ရောက်ကြသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက နေပြည်တော်ပြည်ထောင်စုနယ်မြေသည် မြန်မာနိုင်ငံရှိ ထင်ရှားသောခရီးစဉ်ဒေသများသို့ သွားရောက်ရန် အချက်အချာကျသောနေရာတွင် တည်ရှိနေပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး ခရီးသွားအခြေခံအဆောက် အအုံများ ရှိနှင့်ပြီးဖြစ်ပါကြောင်း၊ ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ သွားလာလည် ပတ်ရန်အတွက် ခရီးသွားဆွဲဆောင်ရာ နေရာ ၃၈ နေရာရှိပါကြောင်း၊ မကြာသေးခင်က တည်ထားကိုးကွယ်တော်မူသည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များ အနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့်...
Continue Reading