Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

Day

February 5, 2024
နေပြည်တော်၊ ဖေဖော်ဝါရီလ (၅) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ရုံးနှင့် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ငွေဆောင်ဇုန်)တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ရုရှားဘာသာစကား (အခြေခံ) သင်တန်းကို (၈-၁-၂၀၂၄) နေ့မှ (၂-၂-၂၀၂၄) နေ့အထိ ငွေဆောင်ကမ်းခြေ Yamonnar Oo ဟိုတယ်၌ ဖွင့်လှစ်ပို့ချခဲ့ကြောင်း၊ သင်တန်းဆင်းပွဲအခမ်းအနားကို (၂-၂-၂၀၂၄) ရက်နေ့ (၁၄:၀၀)နာရီအချိန်တွင် ငွေဆောင်ကမ်းခြေ Yamonnar Oo ဟိုတယ်၌ ကျင်းပ ပြုလုပ်ခဲ့ရာ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး တိုင်းတာဝန်ခံ ညွှန်ကြားရေးမှူး၊ ငွေဆောင်မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ငွေဆောင် ဟိုတယ်ဇုန် လုပ်ငန်းရှင်များနှင့် သင်တန်းသား၊ သင်တန်းသူ (၃၀)ဦးတို့ တက်ရောက်ခဲ့ကြောင်း။ အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် တိုင်းဒေသကြီးတာဝန်ခံညွှန်ကြားရေးမှူး မှ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းတွင် ပထမ၊...
Continue Reading
နေပြည်တော် ဖေဖော်ဝါရီ ၄ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးတို့သည် ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းစီစဉ်မှုဖြင့် ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်၌ ကျင်းပသော ပြင်ဦလွင်ကျေးလက်ဒေသ စက်ဘီးစီး ခရီးစဉ် (၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ကြသည်။ အခမ်းအနားတွင် ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြင်ဦးလွင်ကျေးလက်ဒေသ စက်ဘီးစီးခရီးစဉ်ကို သေနတ်ပစ်ဖောက်၍ တာလွှတ် ပေးသည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် ဒုတိယဝန်ကြီး တို့သည် ပြင်ဦးလွင်ကျေးလက်ဒေသစက်ဘီးစီးခရီးစဉ် (၂၀၂၄) ပန်းဝင်ကြိုဆိုပွဲ အခမ်းအနား ပြုလုပ်သည့် ဒီဇင်ဘာခြံပန်းဥယျာဉ်သို့သွားရောက်ကာ ပန်းဝင်လာကြသည့် စက်ဘီးစီးအားကစားသမားများအား ဂုဏ်ပြုစုများ ပေးအပ်ချီးမြှင့်ကြပြီး စက်ဘီးစီးခရီးစဉ် ဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းကူညီကြသူများအား ဂုဏ်ပြုလက်မှတ်များပေးအပ်ကြသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် ပြင်ဦးလွင်မြို့တွင်...
Continue Reading
နေပြည်တော် ဖေဖော်ဝါရီ ၃ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်ကာ လေကြောင်းလိုင်းများမှတစ်ဆင့် ခရီးသွားလာလည်ပတ်လျက်ရှိသော ပြည်တွင်းပြည်ပခရီး သွားဧည့်သည်များ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသဆိုင်ရာ အချက်အလက်များ၊ ခရီးသွားဆွဲဆောင်မှုများနှင့် ခရီးသွားဧည့်သည်များ သိရှိလိုသည့် သတင်းအချက်အလက်များကို အလွယ်တကူသိရှိနိုင်ရန်အတွက် လေဆိပ်အတွင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသည့် သတင်းပြန်ကြားရေးကောင်တာသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားသည်။ လှည့်လည်ကြည့်ရှု မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ပြင်ဦးလွင်မြို့ရှိ နန်းမြိုင်ဟိုတယ်၊ သီရိမြိုင်ဟိုတယ်နှင့် ဂန္ဓမာမြိုင်ဟိုတယ်သို့ သွားရောက်ကာ ဟိုတယ်များတွင် ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်များ အဆင်ပြေချောမွေ့စွာ တည်းခိုနေထိုင်နိုင်ရေး၊ ဟိုတယ်ပရဝဏ်နှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည် သန့်ရှင်းသာယာလှပရေး၊ ဟိုတယ်အဆောက်အအုံများ နိုင်ငံတကာ အဆင့်မီကောင်းမွန်ပြီး အမြင်တင့်တယ်မှုရှိစေရေး၊ လာရောက်လည်ပတ်တည်းခို နေထိုင်ကြသည့် ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးရာတွင် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံစိတ်ချရသော...
Continue Reading