Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

Day

February 13, 2024
နေပြည်တော် ဖေဖော်ဝါရီ ၉ ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် သည် မြန်မာ့ခရီးသွားဘဏ်မှ CEO ဦးဝင်းလွင် နှင့် တာဝန်ရှိသူများကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန နီလာခန်းမ၌ တွေ့ဆုံပြီး ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ ခရီးစဉ် ဒေသများသို့ သွားရောက်လည်ပတ်ရာတွင် ငွေကြေးပေးချေမှုကိစ္စရပ်များ လွယ်ကူအဆင်ပြေမှု ရှိစေရေးအတွက် ဆွေးနွေးပြောကြားသည်။ တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြု စေရန်အတွက် မြန်မာ့ခရီးသွားဘဏ်ကိုထူထောင်ခဲ့မှု၊ ခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက် ဘဏ်များ၏အခန်းကဏ္ဍအရေးကြီးမှု၊ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ကြမည့် ခရီးသွားဧည့်သည်များ၏ ငွေကြေးပေးချေမှုလွယ်ကူအဆင်ပြေစေ ရန် ‌ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးကြသည်။ ထို့နောက်...
Continue Reading