Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

Day

February 14, 2024
နေပြည်တော်၊ ဖေဖော်ဝါရီလ (၁၄) ရက် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနအနေဖြင့် ကဏ္ဍစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်တွင်းခရီးသွားများအား နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဘုရားဖူးခရီးစဉ်များ သွားလာခြင်း၊ ခရီးစဉ်ဒေသ အသီးသီးသို့ သွားလာလည်ပတ်ခြင်းအပါအဝင် တစ်ပိုင်တစ်နိုင်ခရီးစဉ်ပို့ဆောင်ပေးနေသော လုပ်ငန်းများ ဖွံ့ဖြိုးလာပါက ခရီးသွားလုပ်ငန်းတိုးတက်မှုကို အထောက်အကူပြုသည့်အပြင် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လျက်ရှိသော အသေးစား၊ အလတ်စားနှင့် အငယ်စားလုပ်ငန်း (MSMEs) များ အပါအဝင် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာခြင်းနှင့်အတူ အလုပ်အကိုင်အခွင့် အလမ်းများ ပေါများလာခြင်း၊ လူနေမှုအဆင့်အတန်းများ မြင့်မားလာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာမည် ဖြစ်ပါသည်။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဝန်ဆောင်မှုပေးလျက်ရှိသော ဟိုတယ်လုပ်ငန်း၊ တည်းခိုရိပ်သာလုပ်ငန်း၊ ခရီးလှည့်လည်ရေးလုပ်ငန်းနှင့် ဧည့်လမ်းညွှန်လုပ်ငန်းများအား ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီများမှစိစစ်၍ လုပ်ငန်းလိုင်စင်များ ထုတ်ပေးလျက်ရှိပြီး ခရီးသွားလုပ်ငန်းများ...
Continue Reading