Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

Day

July 25, 2024
နေပြည်တော်၊ ဇူလိုင် ၂၅ ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (World Tourism Day) အထိမ်းအမှတ် “Myanmar Be Enchanted (စွဲမက်ဖွယ်ရာပြည်မြန်မာ)” Short Video ပြိုင်ပွဲဝင်ခွင့်ပုံစံအား အောက်ပါ link တွင် Download ရယူနိုင်ပါသည်- https://shorturl.at/Af9Q2  
Continue Reading
နေပြည်တော် ဇူလိုင် ၂၄ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ တက်ရောက် တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများကို ပိုမိုသိရှိပြီး လာရောက်လည်ပတ်နိုင်ရန်အတွက် နှစ်နိုင်ငံ အစိုးရ-ပုဂ္ဂလိက ခရီးသွားမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ တိုက်ရိုက် လေကြောင်းလိုင်းပြေးဆွဲနေမှု၊ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံခရီးသွားမြှင့်တင်ရေး အစီအစဉ်များကိုရေးဆွဲပြီး အိန္ဒိယနိုင်ငံမှခရီးသွားဧည့်သည်များအပြင် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များကိုပါ ဖိတ်ခေါ်သွားနိုင်ရေး၊ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများနှင့် ခရီးသွားဆွဲဆောင်ရာနေရာများကို ခရီးသွားမြှင့်တင်ရေး ဗီဒီယိုများရိုက်ကူး၍ Social Media...
Continue Reading
နေပြည်တော် ဇူလိုင် ၂၂ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ ညနေပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအနီး မြင်းစီး အားကစားကွင်းအတွင်း၌ ကျင်းပသည်။ သစ်ပင်စိုက်ပျိုးပွဲတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးပြီး ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများက ရတနာတန်းဝင် ကျွန်းပင်များ၊ စိန်ပန်းပင်များ၊ သပြေဘူတပင်များနှင့် ငုရွှေဝါပင်များကို ဆက်လက်စိုက်ပျိုးပေးကြ သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ အရာထမ်း/ အမှုထမ်းများ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။ အလားတူ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်ရုံးခွဲများတွင်လည်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို တစ်ပြိုင်...
Continue Reading
နေပြည်တော် ဇူလိုင် ၁၅ ရန်ကုန်တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် (Yangon Regional Tourism Development Forum) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Wyndham Grand Yangon ဟိုတယ်၌ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရီးစဉ်ဒေသစီမံ ခန့်ခွဲမှုအဖွဲ့များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဦးစွာ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ယိမ်းအဖွဲ့က “ရွှေလက်ကမ်း၍ ကြိုလျက်ပါ” သီချင်းဖြင့် ကပြဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရီးသွားဆွဲဆောင်မှု အရင်းအမြစ်များအပေါ်မူတည်၍ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြှင့်တင် ဆောင်ရွက်ရာတွင် ဒေသဆိုင်ရာ...
Continue Reading
နေပြည်တော် ဇူလိုင် ၁၄ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်၌ကျင်းပသည့် မြန်မာ- အိန္ဒိယ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာ စကားပြောကြားသည်။ အစည်းအဝေးသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန် ရှိသူများ၊ အိန္ဒိယသံရုံးမှ ဒုတိယအတွင်းဝန် Mr. Ashok Kumar ၊ အိန္ဒိယ-မြန်မာ စီးပွားရေးလ ုပ်ငန်းရှင်များအသင်းမှကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့ကျင်းပသည့်အစည်းအဝေးသည် မြန်မာနိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့၏ နှစ်နိုင်ငံအစိုးရနှင့် ပုဂ္ဂလိကခရီးသွားလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေကြသူများ ပူးပေါင်း ဆောင်ရွက်မှုများကိုအခြေခံ၍ နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ရည်ရွယ် ၍ ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် အာဆီယံ+အိန္ဒိယ၊...
Continue Reading
နေပြည်တော် ဇူလိုင် ၁၂ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ဝန်ထမ်းသားသမီးများအား ပညာရည်ချွန် ဆုချီးမြှင့် ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။ တက်ရောက် အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီးဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အရာထမ်း/ အမှုထမ်းများ၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ဝန်ထမ်း သားသမီး ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လူ့စွမ်းအားအရင်းအမြစ်များ (Human Resources) သည် အဓိကအခန်း ကဏ္ဍတွင်ပါဝင်ပြီး လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကို “ပညာ”အပေါ်အဓိက...
Continue Reading