Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

Day

July 31, 2024
ရဲခူအဖွေ (ခေါ်) အာခါဒါန်းစီးပွဲတော်ကို အာခါရိုးရာမိရိုးဖလာစုပေါင်းဒါန်းစီးပွဲတော် အဖြစ်သတ်မှတ် ထားပြီး အာခါတိုင်းရင်းသားများအတွက် အထွတ်အမြတ်ထားရာနှင့် အလေးထားရာပွဲတော်တစ်ခုဖြစ် သည်။ ပွဲတော်ကို နှစ်စဉ်သြဂုတ်လတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆတ်မြို့များရှိ အာခါရွာများတွင် အလှည့်ကျ ကျင်းပလေ့ရှိပါသည်။ အာခါတိုင်းရင်းသားများ၏ စည်းလုံးခြင်း ဒါန်းတော် မှတ်တမ်း၌ ဝမ်းစာအတွက် ထွန်ယက်စိုက်ပျိုးထားသော စပါးပင်အညွှန့် စထွက်ချိန်တွင် ဝမ်းမြောက် ဂုဏ်ယူစွာဖြင့် လူကြီး၊ လူငယ်၊ မိတ်သင်္ဂဟများပါမကျန်ဖိတ်ခေါ်ပြီး ရွာဦးထိပ်တွင်ဒါန်း ကိုဆင်ကာ မင်္ဂလာသီချင်းများရွတ်ဆို၍ ဒါန်းကို အမြင့်ဆုံးအထိလွှဲစီးပြီး မိမိ နှစ်သက် သူနှင့်ညားမည် ဆိုလျှင် တောင်ကြီးတစ်ခြမ်းလုံးကို စပါးခင်းကြီး ဖြစ်အောင်လုပ်ဆောင်မည်ဟု သတ္တိအရာပြောင် မြောက်ကြောင်း ဒါန်းစီးရင်းသီချင်းသံစဉ်များ သီဆိုကျင်းပသည့် ပျော်ပွဲရွင်ပွဲဖြစ်ပါသည်။ ပွဲတော်ကျင်းပ နေစဉ် ကာလအတွင်း အနယ်နယ်အရပ်ရပ်ရှိ...
Continue Reading
နေပြည်တော် ဇူလိုင် ၃၀ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပသည်။ ဆွေးနွေးပွဲသို့ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဗဟို ကော်မတီဝင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နေပြည်တော် State Academy ၊ မန္တလာတက္ကသိုလ်နှင့် အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ် တို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ညီနောင်အသင်းများမှ တာဝန် ရှိသူများ တက်ရောက်ကြသည်။ ဦးစွာ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ ဇွန်လအတွင်းကျင်းပပြုလုပ်ခဲ့သည့် (၁/၂၀၂၄) ကြိမ်မြောက် အမျိုးသားခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်ထားသည့် မြန်မာနိုင်ငံ...
Continue Reading