Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

Day

August 12, 2024
နေပြည်တော်၊ ဩဂုတ်လ (၁၂) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးရုံး၊ ပုသိမ်၏ စီစဉ်ကြီးကြပ်မှု၊ New Chaung Tha Hotel ၏ ပူးပေါင်းပံ့ပိုးကူညီမှုဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေရှိ ဟိုတယ်/ တည်းခိုရိပ်သာများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဟိုတယ်/ တည်းခိုရိပ်သာဝန်ထမ်းများအား လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဟိုတယ် ဆိုင်ရာဝန်ဆောင်မှု (အခြေခံ) သင်တန်း (၃) မျိုး၏ သင်တန်းဆင်းပွဲအခမ်းအနားကို ၈-၇-၂၀၂၄ ရက်နေ့၊ နံနက်ပိုင်းတွင် ချောင်းသာဟိုတယ်ဇုန်ရှိ Gerizim Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးက အမှာစကားပြောကြားခဲ့ပြီး ချောင်းသာမြို့ ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ (DMO) အဖွဲ့ဝင်များ၊ ဟိုတယ် GM/မန်နေဂျာများ၊ သင်တန်းနည်းပြ ဆရာ/ ဆရာမများနှင့် သင်တန်းသား/...
Continue Reading
နေပြည်တော် ဩဂုတ် ၁၀ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် သည် ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပသည့် မင်္ဂလာ အဖြာဖြာဆုံဆည်းရာ လက်ဖက်ရည်ကြမ်းအနုပညာ (Tea for Harmony Yaji Cultural Salon) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ Ms. Cao Jing နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) နှင့် အမျိုးသားစီမံခန့်ခွဲမှု ဒီဂရီ ကောလိပ်တို့မှ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့်ခရီးသွား လာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချူပ် Ms. Wang Jiaghong နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက် ရောက်ကြသည်။...
Continue Reading