Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

Day

November 29, 2024
နေပြည်တော် နိုဝင်ဘာ ၂၈ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး၊ တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီဥက္ကဋ္ဌ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ တည်းခိုရေး စခန်းသို့သွားရောက်ကာ အမျိုးသားအားကစားပွဲတော်တွင် ပြိုင်ပွဲဝင်ရန်ရောက်ရှိ တည်းခိုနေထိုင် သည့် တိုင်းဒေသကြီး၊ ပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်အားကစားသမားများ၊ အုပ်ချုပ်သူများ၊ နည်းပြများနှင့် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် ဖျော်ဖြေတင်ဆက်မည့် ကျောင်းသားကျောင်းသူများနှင့် အုပ်ချုပ်သူများအား နေ့လယ်စာကျွေးမွေးဧည့်ခံနေမှုများကို သွားရောက်ကြည့်ရှုသည်။ ဦးစွာ ဒုတိယဝန်ကြီးသည် ပြိုင်ပွဲဝင်အားကစားသမားများ၊ အုပ်ချုပ်သူများနှင့် နည်းပြများ အတွက် ပြင်ဆင်ထားသည့် စားရိပ်သာသို့သွားရောက်ကာ ဧည့်ခံကျွေးမွေးမည့် ထမင်းနှင့်ဟင်းလျာ များ ကောင်းမွန်မှုရှိစေရေးမှာကြားပြီး ပြိုင်ပွဲဝင်အားကစားသမားများ၊ အုပ်ချုပ်သူများနှင့် နည်းပြ များ နေ့လယ်စာစားသုံးနေမှုများကို လှည့်လည်ကြည့်ရှု၍ ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကား ပြောကြားသည်။...
Continue Reading
နေပြည်တော် နိုဝင်ဘာ ၂၈ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ခရီးသွားလုပ်ငန်းဝန်ကြီးများ နှင့် အဆင့်မြင့်အရာရှိကြီးများပါဝင်သည့် စီအယ်လ်အမ်ဗွီ (CLMV) နှင့် အက်ခ်မက် (ACMECS) ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးနှင့် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးများကို နိုဝင်ဘာ ၂၇ ရက်မှ ၂၉ ရက်အထိ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကျင်းပသည့် (၆) ကြိမ်မြောက် အက်ခ်မက် ခရီးသွား လုပ်ငန်းဝန်ကြီးများအစည်းအဝေးသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်သည်။ အစည်းအဝေးတွင် လာအိုနိုင်ငံ သတင်းအချက်အလက်၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Ms. Darany Phommavongsa က အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင် ရွက်ပြီး အဆိုပါအစည်းအဝေးသို့...
Continue Reading