Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

အာဆီယံ – တရုတ်ဗဟိုဌာန

အာဆီယံ-တရုတ်ဗဟိုဌာနကို ၂၀၁၁ခုနှစ်တွင်တရုတ်နိုင်ငံ၊ ဘေကျင်းမြို့၌ စတင်တည် ထောင်ခဲ့ပါသည်။ အဓိကဦးစားပေး အခန်းကဏ္ဍ(၅)ရပ်မှာ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းတို့ဖြစ်ပါသည်။

အာဆီယံ-တရုတ်ဗဟိုဌာနသည် အာဆီယံအမျိုးသားခရီးသွားလုပ်ငန်း အဖွဲ့အစည်းများ၏အစည်း အဝေးများနှင့်ဝန်ကြီးများအဆင့် အစည်းအဝေးများတွင် အာဆီယံအတွင်းရေးမှူးချုပ်၏ ဖိတ်ကြားမှု ဖြင့် နှစ်စဉ်ပါဝင်တက်ရောက်လျက်ရှိပါသည်။

မြန်မာနိုင်ငံ၏ အာဆီယံ-တရုတ်ဗဟိုဌာနနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာပူးပေါင်းဆောင် ရွက်မှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

  • အာဆီယံ-တရုတ်ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဆွေးနွေးပွဲ (၂၀၁၅ ခုနှစ်၊ တရုတ်) ကျင်းပခြင်း၊
  • အာဆီယံ-တရုတ်ဗဟိုဌာနနှင့်ပူးပေါင်း၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း မြှင့်တင်ရေး ဆိုင်ရာ ဗီဒီယိုများရိုက်ကူးကာ တရုတ်နိုင်ငံအခြေစိုက် CCTV Channel တွင် ၂၀၁၅ခုနှစ်မှ စတင်၍ နှစ်စဉ်ရိုက်ကူးထုတ်လွှင့်လျက်ရှိခြင်း၊