အာဆီယံ-ဂျပန်ဗဟိုဌာန

အာဆီယံ-ဂျပန်ဗဟိုဌာနကိုဂျပန်နိုင်ငံတိုကျိုမြို့၌၁၉၈၁ခုနှစ်၊မေလ(၁၅)ရက်တွင်ဖွဲ့စည်းခဲ့သည်။ မြန်မာနိုင်ငံသည်၂၀၀၆ခုနှစ်တွင်အာဆီယံနိုင်ငံများ၏ကုန်သွယ်မှု၊ရင်းနှီးမြှုပ်နှံမှုနှင့် ခရီသွားလုပ်ငန်းကိုမြှင့်တင်သောဗဟိုဌာန-အေပီစီဟုခေါ်ဆိုသောအာဆီယံ-ဂျပန်ဗဟိုဌာန၏အဖွဲ့ဝင် တစ်ဦးဖြစ်လာခဲ့သည်။အာဆီယံနိုင်ငံများသည်အမည်အားဖြင့်ကုန်သွယ်မှု၊ရင်းနှီးမြှပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းဟူသောခေါင်းစဉ်(၃)ခုအောက်၌အေဂျေစီ၏အဖွဲ့ဝင်ကြေးကိုထည့်သွင်းကြရသည်။အာဆီယံ-ဂျပန်ဗဟိုဌာနနှင့်မြန်မာနိုင်ငံတို့မှပူးပေါင်းလုပ်ဆောင်သည့်ခရီးသွားလုပ်ငန်းလှုပ်ရှားမှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
• ချစ်ကြည်ရေးကိုတိုးမြှင့်စေသည့်ခရီးစဉ်(၂၀၁၄)
• ခရီးသွားလုပ်ငန်းပညာရပ်ကိုလေ့လာဆည်းပူးသည့်ကျောင်းသူ၊ကျောင်းသားများအတွက်အတွေ့အ ကြုံ ဖလှယ်ခြင်းအစီအစဉ်(၂၀၁၄)
• ကမ္ဘောဒီးယား၊လာအို၊မြန်မာ၊ထိုင်းနှင့်ဗီယမ်နမ်နိုင်ငံများအတွက်လူထုအခြေပြုခရီးသွားလုပ်ငန်းလုပ်ထုံးလုပ်နည်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ(၂၀၁၅၊တိုကျိုမြို့)
• လူထုအခြေပြုခရီးသွားလုပ်ငန်းကိုမည်ကဲ့သို့မြှင့်တင်ကြမည်နည်း(၂၀၁၅၊ဗီယမ်နမ်မြို့)
• ပထမအကြိမ်အာဆီယံခရီးသွားခေါင်းဆောင်များအစည်းအဝေးအာဆီယံစီးပွားရေးအသိုက်အဝန်းနှင့် အလွန်နံပါတ်စဉ် များ ရာမှနည်းရာသို့ရေတွက်ခြင်း(၂၀၁၅၊တိုကျိုမြို့)