Discover exciting festivals that represent Myanmar’s rich culture, traditions and customs. Each festival is made memorable and fun by the whole hearted participation of locals. Join them in thier celebrations and witness beautiful parades of offerings, lights, hot air balloons and even interesting performances in the festivals of Myanmar.

ဆလုံပွဲတော်

ကျင်းပသည့်ကာလ    – ဧပြီလကုန်(သင်္ကြန်ပွဲပြီးနောက်)

ကျင်းပသည့်နေရာ     – မြိတ်ကျွန်းစု။

ထူခြားမှုများ             – ဆလုံလူမျိုးများ ခြောက်သွေ့သောရာသီဉတုကိုရှောင်ရှားရန် ပင်လယ်သို့ ထွက်ခွာ                                                      သောအချိန်၌ ဆလုံပွဲတော်ကိုကျင်းပရန်အချိန်သတ်မှတ်ကြပါသည်။

ဆလုံလူမျိုးများ ခြောက်သွေ့သောရာသီဉတုကိုရှောင်ရှားနိုင်ပြီး ကျွန်းပေါ်များတွင် အိမ်အသစ်များဆောက်လုပ်နိုင်ရန် ပင်လယ်သို့ထွက်ခွာသောအချိန် ဧပြီလကုန်၌ ဆလုံပွဲတော်ကို ကျင်းပ ရန်အချိန်သတ်မှတ်ကြပါသည်။ ကျွန်များပတ်ပတ်လည်တွင် ယာယီအိမ်များဆောက်လုပ်ကြပါသည်။ တံငါသည်များနှင့် ငါးဖမ်းသမားများသာ်သူတို့၏အချိန်အများစုကို ပင်လယ်ထဲတွင် ကုန်ဆုံးလေ့ရှိပြီးပွဲတော်ကျင်းပသောအချိန်သည်ဆလုံလူမျိုးများကုန်းမြေပေါ်တွင်လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်သောအချိန်ဖြစ်သောကြောင့် ထူးခြားသောအချိန်ကာလဖြစ်ပါသည်။ ဆလုံပွဲတော်သို့လာရောက်ဆင်နွှဲနိုင်ရန် အနီးနားရှိကျေးရွာများသို့ဖိတ်ခေါ်ခြင်းကို ရက်အနည်းငယ်အတွင်း၌သာ ဖိတ်ခေါ်လေ့ရှိပါသည်။ ယဉ်ကျေးမှုကို ချစ်မြတ်နိုးသူများအနေဖြင့် ပွဲတော်တွင် မကောင်းသောနတ်ဆိုးများမရှိစေရန်တိရိစာ္ဆန်များအားယစ်ပူဇော်ခြင်း၊ နတ်ပွဲများ ကျင်းပခြင်း စသည့် ရှေးကျသည့် ရိုးရာ ဓလေ့များကို တွေ့မြင်ခံစားနိုင်မည်ဖြစ်ပါသည်။

 

ဆက်လက်ဖတ်ရှုရန်

ရွှေမော်ဓောဘုရားပွဲတော်

ကျင်းပသည့်ကာလ    – တန်ခူးလဆန်း(၈)ရက်နေ့မှ လဆုတ် (၅) ရက်နေ့အထိ(၁၃ရက်)

ကျင်းပသည့်နေရာ     – ပဲခူးမြို့။

ထူခြားမှုများ             – တစ်မူထူးခြားသော ရိုးရာယဉ်ကျေးမှုနှင့်ဓလေ့ထုံးတမ်းများ ကိုဤပွဲတော်တွင်မြင်တွေ့နိုင်မည်ဖြစ်ပါ        သည်။

ရွှေမော်ဓောဘုရားပွဲတော်ကို ပဲခူးမြို့တွင်ဧပြီလ၌ကျင်းပလေ့ရှိပါသည်။ နှစ်စဉ်နှစ်တိုင်း အကပညာရှင်များနှင့် ဇာတ်သဘင်ပညာရှင်များမှ ကပြဖျော်ဖြေလေ့ရှိပါသည်။ ကပြဖျော်ဖြေတင်ဆက်သူများသည် ကြိုတင်ငွေပေးချေထားသော စာရံငွေများနှင့် လှပသောဝတ်စုံအသစ်များဝယ်၍ မုတ်သုံရာသီတစ်လျှောက်လုံးအကလေ့ကျင်နိုင်ရန် အချင်းချင်းဆွေးနွေးတိုင်ပင်ကြပါသည်။ ဗုဒ္ဓဘာသာဝင်လူမျိုးများနှင့် နိုင်ငံခြားခရီးသွားဧည့်သည်များသည် ကပြဖျော်ဖြေတင်ဆက်သူများ၏ စိတ်လှုပ်ရှားဖွယ်ကကွက်များကို လာရောက်ကြည့်ရှုလေ့ရှိပါသည်။ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်သားလူမျိုးစုများအဖြစ်ဇာတ်သဘင်တွင် ကပြဖျော်ဖြေလေ့ရှိသောကြောင့် အမျိုးမျိုးသော ရိုးရာယဉ်ကျေးမှုနှင့်ဓလေ့ထုံးတမ်းများကို မြင်တွေ့ရမည်ဖြစ်ပါသည်။
 
 
 
 
 
ဆက်လက်ဖတ်ရှုရန်

မြန်မာနှစ်သစ်ကူးရေသဘင်ပွဲတော်

ကျင်းပသည့်ကာလ    – ဧပြီလ၁၃ရက်နေ့မှဧပြီလ၁၇ရက်နေ့အထိ (၅)ရက်

ကျင်းပသည့်နေရာ     – မြန်မာပြည်အနှံ့အပြားတွင်ကျင်းပသည်။

ထူခြားမှုများ             – မြန်မာလူမျိုးများသည် မကောင်းမှုများ သန့်စင်သွားရန် ရည်ရွယ်၍ ရေဖြန်းပက်လေ့ရှိပြီး ပွဲတော်နောက်ဆုံးရက်များတွင် အလှူအတန်း နှင့် ကုသိုလ်ပြုကြပါသည်။

သင်္ကြန်ပွဲတော်မှာ                ဧပြီလ၁၃ရက်နေ့မှဧပြီလ၁၇ရက်နေ့အထိ (၅)ရက်ကြာခန့် မြန်မာပြည် အနှံ့အပြားတွင် ကျင်းပကြ သည်။ ပူပြင်းသည့်ရာသီဥတု ကုန်ဆုံးကာ နှစ်သစ် နှင့်အတူ စိန်းလမ်းစိုပြေစေသည့် မိုးရာသီအား ကြိုဆိုသည့်အနေဖြင့်လည်းကောင်း၊  နှစ်ဟောင်းမှ မကောင်းသည့် အညစ်အကြေး၊ မကောင်းမှုများအား သန့်စင်သွားရန် နှင့် နှစ်သစ်ကို ကြိုဆိုသည့်အနေဖြင့်လည်းကောင်း မိသားစု၊ ဆွေမျိုး၊ သူငယ်ချင်းများသာမက လည်ပတ်သူများ၊ နိုင်ငံခြားခရီးသွားဧည့်သည်များပါမကျန် ရေပက် ဆော့ကစားကြပါသည်။ ပွဲတော်နောက်ဆုံးရက်များတွင် ကုသိုလ်တရားများရရှိရန် နှင့် ကံကောင်းမှုများ ရရှိခံစားနိုင်ရန် ငါးလွှတ်ခြင်း စသည့် တိရိစ္ဆာန်လေးများအား ဘေးမဲ့ပေးခြင်း တို့ကို ပြုလုပ်လေ့ရှိကြပါသည်။  အနှစ်သာရ ပြည့်ဝ၍ ပျော်ရွှင်စရာများ ပြည့်နှက်နေသည့် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကို လာရောက်ပါက ခရီးသွားဧည့်သည်များ  အမှန်တကယ် ပျော်ရွှင်မှုများခံစားရမည်မှာမုချပင်ဖြစ်ပါသည်။