Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar
1.Consolation prize(1) Aung Mying
FESTIVALS
1.Consolation prize(1) Aung Mying
FESTIVALS

ကျင်းပသည့်ကာလ

ဧပြီလ၁၃ရက်နေ့မှဧပြီလ၁၇ရက်နေ့အထိ (၅)ရက်

ကျင်းပသည့်နေရာ

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်ကျင်းပသည်။

ထူခြားမှုများ

ရန်ကုန်မြို့ရှိဟိန္ဒူလူမျိုးများသည်ကံကောင်းမှုများရရှိစေရန် ရှေးရိုးရာဓလေ့ထုံးစံအတိုင်းပွဲတော်ကိုကျင်းပကြပါသည်။

ဒေသခံများသည်မိမိတို့၏ယဉ်ကျေးမှုနှင့်ရိုးရာများကိုနိုင်ငံခြားခရီးသွားဧည့်သည်များအားပြသရခြင်းကို ဝမ်းသာပီတိဖြစ်ကြပါသည်။ ရန်ကုန်မြို့ရှိဟိန္ဒူလူမျိုးများသည် PanguniUthiramပွဲတော်ကို Sri AngataEswariMunieswarSwamy ဘုရားကျောင်းတွင်ဧပြီလ၌ကျင်းပပြုလုပ်ကြပါသည်။ PanguniUthiramပွဲတော်သည် ဟိန္ဒူလူမျိုးများ ထင်ရှားသောပွဲတော်တစ်ခုဖြစ်ပါသည်။ ပွဲတော်တွင် ပါဝင်သူများသည်  မိမိ၏ ခန္ဓာကိုယ်အား မကောင်းသော နတ်ဆိုးများနှင့် ဝေးကွာစေရန် ရည်ရွယ်၍ မီးခဲများပေါ်သို့ နင်းလျှောက်ကြပါသည်။ မီးခဲများပေါ်သို့နင်းလျှောက်ပြီးနောက် ဆိတ်နို့များ ဖြည့် ထားသောတွင်းထဲတွင် ဖြတ်လျှောက်ကြပြီးခြေထောက်များကို နနွင်းမှုန့်များဖြင့် သုတ်လိမ်းကြ ပါသည်။ ဤသို့ပြုလုပ်ခြင်းကြောင့် ကံကောင်းမှုများ ရှိလာမည် ဟု ယုံကြည်ကြသည်။ နိုင်ငံလှည့်ခရီးသည်များအနေဖြင့် တိုးတက်ခေတ်မီနေသည့် ရန်ကုန်မြို့တွင် ဤကဲ့သို့ ဟိန္ဒူလူမျိုးတို့၏ ယဉ်ကျေးမှုနှင့် ယုံကြည်မှုတို့အား အပြည့်အဝဖော်ကျူးနေသည့် ရိုးရာပွဲတော်များ ကျင်းပလျက်ရှိသည်ကို စူးစမ်းလေ့လာရန် နှင့် မျက်မြင်ကိုယ်တွေ့ခံစားနိုင်ရန် လာရောက်ကြည့်ရှုနိုင် ပါသည်။

ဧပြီလတွင်ကျင်းပသောအခြားပွဲတော်များ

ဆလုံပွဲတော်

ကျင်းပသည့်အချိန် – ဧပြီလကုန်(သြင်္ကန်ပွဲပြီးနောက်)

ကျင်းပသည့်နေရာ – မြိတ်ကျွန်းစု။

ကျင်းပသည့်ကာလ – ပွဲတော်ကာလရောက်မှသာသတ်မှတ်ပါသည်

ဆက်လက်ဖတ်ရှုရန်

ရွှေမော်ဓောဘုရားပွဲတော်

ကျင်းပသည့်အချိန် – တန်ခူးလဆန်း(၈)ရက်နေ့မှ လဆုတ် (၅) ရက်နေ့အထိ

ကျင်းပသည့်နေရာ – ပဲခူးမြို့

ကျင်းပသည့်ကာလ – ၁၃ ရက်

ဆက်လက်ဖတ်ရှုရန်

မြန်မာနှစ်သစ်ကူးရေသဘင်ပွဲတော်

ကျင်းပသည့်အချိန် – ဧပြီလ၁၃ရက်နေ့မှဧပြီလ၁၇ရက်နေ့အထိ (၅)ရက်

ကျင်းပသည့်နေရာ – မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်ကျင်းပသည်

ကျင်းပသည့်ကာလ – ၅ ရက်

ဆက်လက်ဖတ်ရှုရန်