Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar
1.Consolation prize(1) Aung Mying
FESTIVALS
1.Consolation prize(1) Aung Mying
FESTIVALS

ကျင်းပသည့်ကာလ

ဧပြီလ၁၃ရက်နေ့မှဧပြီလ၁၇ရက်နေ့အထိ (၅)ရက်

ကျင်းပသည့်နေရာ

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်ကျင်းပသည်။

ထူခြားမှုများ

မြန်မာလူမျိုးများသည် မကောင်းမှုများ သန့်စင်သွားရန် ရည်ရွယ်၍ ရေဖြန်းပက်လေ့ရှိပြီး ပွဲတော်နောက်ဆုံးရက်များတွင် အလှူအတန်း နှင့် ကုသိုလ်ပြုကြပါသည်။

သြင်္ကန်ပွဲတော်မှာ ဧပြီလ၁၃ရက်နေ့မှဧပြီလ၁၇ရက်နေ့အထိ (၅)ရက်ကြာခန့် မြန်မာပြည် အနှံ့အပြားတွင် ကျင်းပကြ သည်။ ပူပြင်းသည့်ရာသီဥတု ကုန်ဆုံးကာ နှစ်သစ် နှင့်အတူ စိန်းလမ်းစိုပြေစေသည့် မိုးရာသီအား ကြိုဆိုသည့်အနေဖြင့်လည်းကောင်း၊ နှစ်ဟောင်းမှ မကောင်းသည့် အညစ်အကြေး၊ မကောင်းမှုများအား သန့်စင်သွားရန် နှင့် နှစ်သစ်ကို ကြိုဆိုသည့်အနေဖြင့်လည်းကောင်း မိသားစု၊ ဆွေမျိုး၊ သူငယ်ချင်းများသာမက လည်ပတ်သူများ၊ နိုင်ငံခြားခရီးသွားဧည့်သည်များပါမကျန် ရေပက် ဆော့ကစားကြပါသည်။ ပွဲတော်နောက်ဆုံးရက်များတွင် ကုသိုလ်တရားများရရှိရန် နှင့် ကံကောင်းမှုများ ရရှိခံစားနိုင်ရန် ငါးလွှတ်ခြင်း စသည့် တိရိစ္ဆာန်လေးများအား ဘေးမဲ့ပေးခြင်း တို့ကို ပြုလုပ်လေ့ရှိကြပါသည်။ အနှစ်သာရ ပြည့်ဝ၍ ပျော်ရွှင်စရာများ ပြည့်နှက်နေသည့် မြန်မာ့ရိုးရာ သြင်္ကန်ပွဲတော်ကို လာရောက်ပါက ခရီးသွားဧည့်သည်များ အမှန်တကယ် ပျော်ရွှင်မှုများခံစားရမည်မှာမုချပင်ဖြစ်ပါသည်။

ဧပြီလတွင်ကျင်းပသောအခြားပွဲတော်များ

ဆလုံပွဲတော်

ကျင်းပသည့်အချိန် – ဧပြီလကုန်(သြင်္ကန်ပွဲပြီးနောက်)

ကျင်းပသည့်နေရာ – မြိတ်ကျွန်းစု။

ကျင်းပသည့်ကာလ – ပွဲတော်ကာလရောက်မှသာသတ်မှတ်ပါသည်

ဆက်လက်ဖတ်ရှုရန်

ရွှေမော်ဓောဘုရားပွဲတော်

 ကျင်းပသည့်အချိန် – တန်ခူးလဆန်း(၈)ရက်နေ့မှ လဆုတ် (၅) ရက်နေ့အထိ

ကျင်းပသည့်နေရာ – မြိတ်ကျွန်းစု။

ကျင်းပသည့်ကာလ – ၁၃ရက်

ဆက်လက်ဖတ်ရှုရန်

ဟိန္ဒူတမီးလ်လူမျိုးတို့၏ PanguniUthiramပွဲတော်

ကျင်းပသည့်အချိန် – ဧပြီလ၁၃ရက်နေ့မှဧပြီလ၁၇ရက်နေ့အထိ

ကျင်းပသည့်နေရာ – မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်ကျင်းပသည်

ကျင်းပသည့်ကာလ – ၅ ရက်

ဆက်လက်ဖတ်ရှုရန်