Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar
ASEAN-Korea-Centre_MOHT_Main-Banner_(Desktop)1400x500

အာဆီယံ-ကိုရီးယားဗဟိုဌာန

အာဆီယံ-ကိုရီးယားဗဟိုဌာနကို၂၀၀၉ခုနှစ်၊မတ်လ(၁၃)ရက်နေ့တွင်ကိုရီးယားနိုင်ငံ၊ဆိုးလ်မြို့၌ စတင်ဖွဲ့စည်းခဲ့သည်။အာဆီယံ-ကိုရီးယားဗဟိုဌာနနှင့်မြန်မာနိုင်ငံတို့မှပူးပေါင်းလုပ်ဆောင်သည့် ခရီးသွားလုပ်ငန်းလှုပ်ရှားမှုများမှာအောက်ပါအတိုင်းဖြစ်သည်-

အာဆီယံ-ကိုရီးယားခရီးသွားလုပ်ငန်းနှင့်ယဉ်ကျေးမှုဆိုင်ရာပြပွဲ
ကိုရီးယားဘာသာ စကားသင်တန်း
အာဆီယံ-ကိုရီးယားယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်မှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ
အာဆီယံခရီးသွားလုပ်ငန်းလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်
ခရီးသွားလုပ်ငန်းမြှင့်တင်မှုဆိုင်ရာနည်းဗျူဟာနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာသတင်း အချက်အလက်
အာဆီယံကိုရီးယားဗဟိုဌာနသည်အာဆီယံခရီးသွားလုပ်ငန်းအဖွဲ့အစည်း၏အစည်းအဝေးများနှင့် အာဆီယံဝန်ကြီးအဆင့်အစည်းအဝေးများကိုအဆက်မပြတ်တက်ရောက်လေ့ရှိသည်။

အာဆီယံ-ကိုရီးယားဗဟိုဌာနနှင့်မြန်မာနိုင်ငံတို့မှပူးပေါင်းလုပ်ဆောင်သည့်ခရီးသွားလုပ်ငန်း လှုပ်ရှားမှုများမှာ အောက်ပါအတိုင်းဖြစ်သည်-

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် အာဆီယံ-ကိုရီးယားဗဟိုဌာန၏ ပူး ပေါင်းဆောင်ရွက်မှုဖြင့်ကိုရီးယားယဉ်ကျေးမှုပြပွဲကိုကျင်းပခဲ့သည်။ (၂၀၁၄၊ ရန်ကုန်မြို့)
၆ကြိမ်မြောက်အာဆီယံ-ကိုရီးယားခရီးသွားလုပ်ငန်းနှင့်ယဉ်ကျေးမှုပြပွဲကိုဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့်ယဉ်ကျေးမှုဝန်းကြီးဌာနမှအဖွဲ့ဝင်(၇)ဦးတက်ရောက်ခဲ့သည်။(၂၀၁၄၊ဆိုးလ်မြို့၊ကိုရီးယားနိုင်ငံ)
ကိုရီးယားဘာသာစကားသင်တန်း-၂၀၁၄ (၂၀၁၄၊ဧည့်လမ်းညွှန်သင်တန်းကျောင်း၊ ရန်ကုန်မြို့)
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ဒုတိယဝန်ကြီးနှင့်ပုဂ္ဂလိကအဖွဲ့အစည်းမှအဖွဲ့ဝင်တစ်ဦးတို့သည် အာဆီယံ-ကိုရီးယား၏တိုးတက်ဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကိုတက်ရောက်ခဲ့သည်-၂၀၁၅ (၂၀၁၅၊ဆိုးလ်မြို့၊ ကိုရီးယားနိုင်ငံ)
အာဆီယံ-ကိုရီးယားယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်မှု အလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့အည်းမှ အယောက်(၅၀)တက်ရောက်ခဲ့သည်။ (၂၀၁၅၊ ရန်ကုန်မြို့)
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှကိုယ်စားလှယ်များနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှယဉ်ကျေးမှုဆိုင်ရာအကအဖွဲ့တစ်ခုသည် အာဆီယံယဉ်ကျေးမှုနှင့်ခရီးသွားလုပ်ငန်းပြပွဲ (အေစီတီအက်ဖ်)ကိုတစ်နှစ်တစ်ကြိမ် ပါဝင်ဆင်နွဲလေ့ရှိသည်။