ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အာစီယံ-ဂျပန်စင်တာတို့ ပူးပေါင်းဖွင့်လှစ်မည့်
ASEAN Standard Tour Guide Upgrading Course for National Tour Guide သင်တန်း အမှတ်စဉ် (၂) အား
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန၊ ရန်ကုန်မြို့တွင် (၈-၁၁-၂၀၂၁) ရက်နေ့မှ (၁၁-၁-၂၀၂၂) ရက်နေ့အထိ( ၂ )လကြာ ဖွင့်လှစ်သွားမည် ဖြစ်ပါသဖြင့် ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင် (၂)နှစ်ပြည့်ပြီးသော ဂျပန်ဘာသာစကားပြော ဧည့်လမ်းညွှန် (National Tour Guide) များအနေဖြင့်
(၅-၁၀-၂၀၂၁) ရက်နေ့မှ စတင်ပြီး အောက်ဖော်ပြပါလိပ်စာများသို့ စုံစမ်းမေးမြန်း လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
- လေ့ကျင့်ရေးနှင့်ပညာပေးရေးဌာနခွဲ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ နေပြည်တော်
- ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန၊ ရန်ကုန်မြို့