Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar
1.Consolation prize(1) Aung Mying
FESTIVALS
1.Consolation prize(1) Aung Mying
FESTIVALS

ကျင်းပသည့်ကာလ

ကျင်းပသည့်ကာလဝါခေါင်လဆန်း (၁) ရက်နေ့မှ (၈) ရက်နေ့အထိ ၈ရက်ကြာကျင်းပသည်။

ကျင်းပသည့်နေရာ

တောင်ပြုံးရွာ၊ မန္တလေးမြို့အနီး။

ထူးခြားမှုများ

 ဤပွဲတော်သည်လည်း နတ်ညီနောင်နှစ်ဦးအား ပူဇော်သည့်ပွဲတော်ဖြစ်သည်။ နတ်များသည် နတ်ဝင်သည်များအား ပူးကပ်ပြီး နတ်ပွဲလာရောက်သူများထံမှ ပူဇော်ပစ္စည်းများအား လက်ခံသည်။

တောင်ပြုံးရွာသည် ၁၁ရာစု ပုဂံမင်းထံတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ညီနောင်နှစ်ဦးအား ကွပ်မျက်သည့်နေရာဖြစ်ခဲ့သည်ဟု အဆိုရှိသည်။ ကွပ်မျက်ခံရပြီးနောက် ၎င်းညီနောင်နှစ်ဦးသည် ယနေ့ခေတ်တိုင်အောင် ဒေသခံများ၏ ပူဇော်ခြင်းကိုခံရသော အင်အားကောင်းသော နတ်မင်းများဖြစ်လာကြသည်။ နတ်ပွဲလာရောက်သူများသည် နတ်မင်းများ ပျော်ရွှင်စေရန် အလို့ငှာ ယုန်ကင်၊ ကြက်ကြော်နှင့် အရက်များ ပူဇော်ကြသည်။ ဤပွဲတော်တွင် ထောင်ချီသော နတ်ဝင်သည်များနှင့် နတ်ပူဇော်ပသသူများ နတ်ပူဇော်ရန် အတူတကွ လာရောက်ကြသည်။ နတ်ဝင်သည်များသည် ရိုးရာသီချင်းများဖြင့် အကများကခုန်ခြင်းနှင့် သီချင်းများသီဆိုခြင်းဖြင့် နတ်များထံမှ ပူးကပ်ခြင်းကို ကိုယ်တိုင်ခံယူကြသည်။ နတ်ပွဲလာသူများထံမှလည်း နတ်ပူဇော်ပစ္စည်းများကို နတ်ဝင်သည်များက လက်ခံယူကြသည်။

သြဂုတ်လတွင်ကျင်းပသော အခြားပွဲတော်များ

ရတနဂူနတ်ပွဲ

ကျင်းပသည့်ကာလ −  ဝါခေါင်လဆုတ် (၁) ရက်နေ့မှ (၈) ရက်နေ့အထိ ၈ရက်ကြာကျင်းပသည်။

ကျင်းပသည့်နေရာ –  အမရပူရမြိုနယ့်၊ မန္တလေးတိုင်းဒေသကြီး

ဆက်လက်ဖက်ရှုရန်