Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

By

admin
COMMUNITY VISIT IN YANGON REGION Overview Activites Visit Around Getting There Contact Us Overview  CBT Site အကြောင်းကျေးရွာ/ရပ်ကွက်လူမှုအဖွဲ့အစည်းအခြေပြုခရီးသွားလုပ်ငန်း( Community Based Tourism )ဆိုသည်မှာ မိမိ ကျေးရွာ/ရပ်ကွက်သို့လာရောက်ကြည့်ရှုလေ့လာလည်ပတ်မည့်ခရီးသည်များကို ကျေးရွာ/ရပ်ကွက်၏လူမှုရေးအဖွဲ့အစည်းများမှဧည့်ခံကျွေးမွေးခြင်း၊နေရာထိုင်ခင်းစီစဉ်ပေးခြင်း၊ကျေးရွာယဉ်ကျေးမှုနှင့်ဓလေ့ထုံးတမ်းကိုဖော်ထုတ်ပြသခြင်း၊ကျေးရွာ/ရပ်ကွက်ကောင်းကျိုးများ၊ပတ်ဝန်းကျင်သဘာဝကိုထိန်းသိမ်းခြင်းပြုလုပ်မည်ဆိုပါကဝိုင်းဝန်းကူညီပံ့ပိုးပေးခြင်း၊မိမိဒေသထွက်လက်မှုပစ္စည်းများထုတ်လုပ်ပြသရောင်းချခြင်းနှင့်ကျေးရွာ/ရပ်ကွက်အနီးတဝိုက်တွင်ရှိသောရှေးဟောင်းဘုရားစေတီနှင့်ခရီးသည်များစိတ်ဝင်စားသည့်နေရာများကိုလှည့်လည်ပြသခြင်းစသည့်လုပ်ငန်းများကိုပြည်တွင်းခရီးလှည့်လည်ရေးလုပ်ငန်းများ (Tour Operator)နှင့်အခြားအဖွဲ့အစည်းများဖြင့်ဆက်သွယ်ဆောင်ရွက်ပြီးကျေးရွာ/ရပ်ကွက်အတွက်ဝင်ငွေနှင့်ကျေးရွာအဖွဲ့အစည်းများရေရှည်တည်တံ့သော( Sustainable ) သုခချမ်းသာ ( Well-being )ရရှိနိုင်သောခရီးသွားလုပ်ငန်းတစ်ခုဖြစ်ပါသည်။ကျိုက်သလဲကျေးရွာ CBT သည်လည်းကျေးရွာနေပြည်သူလူထု၏အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့်လူနေမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ဖွင့်လှစ်ထားခြင်းဖြစ်ပါသည်။ကျိုက်သလဲကျေးရွာ(အလယ်ပိုင်း)သည် ရန်ကုန်တိုင်းဒေသကြီး၊တွံတေးမြို့နယ်၊ ကျိုက်သလဲကျေးရွာအုပ်စုတွင် တည်ရှိပြီးရန်ကုန်မြို့နှင့်(၂၈)မိုင်ခန့်အကွာတွင်တည်ရှိပါသည်။ယခင်နာဂစ်အလွန်မှစ၍ကျေးရွာအကျိုးပြုလုပ်ငန်း (Community Project ) ပြုလုပ်သည့် ကျေးရွာဖြစ်ပြီး ယခုအခါ လူထုအခြေပြုခရီးသွားလုပ်ငန်း ဖော်ဆောင်ထားရှိပါသည်။ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည်များလာရောက်လည်ပတ်နေကြပြီးကျေးရွာအတွင်းဝါးခြင်းငယ်များယက်လုပ်ခြင်း၊အိမ်တွင်းအပ်ချုပ်လုပ်ငန်းနှင့်တပိုင်တနိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်း( Mingalar Bio Garden စိုက်ပျိုးရေးဥယျာဉ်တည်ရှိခြင်း)တို့ကိုတွေ့မြင်လေ့လာလည်ပတ်နိုင်ပါသည်။ကျိုက်သလဲကျေးရွာCBTသည်လည်းကျေးရွာနေပြည်သူလူထု၏အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့်လူနေမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ဖွင့်လှစ်ထားခြင်းဖြစ်ပါသည်။ Activites CBT Site တွင်လုပ်ဆောင်နိုင်သော activity များကျေးရွာသူ/သား...
Continue Reading
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ Google Marketing နှင့် Social Media Marketing လုပ်ငန်းများဆောင်ရွက်ရန်အတွက် အိတ်ဖွင့်တင်ဒါအောင်မြင်သည့် ကုမ္ပဏီအမည်စာရင်းအား ထုတ်ပြန်ကြေညာအပ်ပါသည်။
Continue Reading
၁။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ခရီးမြှင့်တင်စရိတ် (Digital Marketing) အသုံးစရိတ်များအတွက် ခွင့်ပြုချက်ဖြင့်Mobile Application (Androidနှင့်iOS) အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် လုပ်ငန်းအပ်နှံဆောင်ရွက်မည်ဖြစ်ပါ၍ စိတ်ပါဝင်စား သည့် ပြည်တွင်းကုမ္ပဏီများအနေဖြင့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။ ၂။ အိတ်ဖွင့်တင်ဒါတင်သွင်းရန် သတ်မှတ်ချက်များမှာအောက်ပါအတိုင်း ဖြစ်ပါသည်- (က) တင်ဒါပုံစံစတင်ရယူနိုင်သည့်ရက် – ၁၆-၁၁-၂၀၂၀ရက်နေ့ (တနင်္လာနေ့) (ခ ) တင်ဒါပုံစံရယူနိုင်သည့်နေရာ – ခရီးသွားမြှင့်တင်ရေးဌာနခွဲ(Digital Marketing) တွင်လည်းကောင်း၊ https://bit.ly/34Vr643 တွင်လည်းကောင်း၊ အောက်ပါ QR ကို Scan ဖတ်၍လည်းကောင်း ရယူနိုင်ပါသည်။ (ဂ) တင်ဒါတင်သွင်းရမည့်နေရာ – ခရီးသွားမြှင့်တင်ရေးဌာနခွဲ (Digital Marketing)၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃၃)၊ နေပြည်တော်။ (ရုံးချိန်အတွင်း) (ဃ) တင်ဒါမှတ်ပုံတင်ကြေးနှင့်ပေးသွင်းရမည့်နေရာ...
Continue Reading
၁။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် COVID-19 ကာလအလွန်တွင် ပြည်တွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြန်မာနိုင်ငံရှိခရီးစဉ်ဒေသနှင့် ခရီးသွားဆွဲဆောင်မှုဆိုင်ရာ အကြောင်းအရာများကို Website များ၊ Online Channel များမှတဆင့် Digital Marketing နည်းလမ်းများဖြင့် မြှင့်တင်ကြော်ငြာပေးလျက် ရှိပါသည်။ ၂။ ထိုသို့ဆောင်ရွက်ရာတွင် ပိုမိုထိရောက်မှုရှိစေရန်အတွက်၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ၊ ခရီးသွား လုပ်ငန်းမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသုံးစရိတ်များခေါင်းစဉ် ခွင့်ပြုချက်ဖြင့် Influencer Marketing လုပ်ငန်းများကိုဆောင်ရွက်မည်ဖြစ်ပြီး စိတ်ပါဝင်စားသည့် ပြည်တွင်း/ ပြည်ပရှိ Influencer ၊ Blogger ၊ Vlogger ၊ Digital Marketing Agency များ၊ ကုမ္ပဏီများအနေဖြင့် (EOI) အဆိုပြုလွှာတင်သွင်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။ (က) EOI Form ရယူနိုင်သည့်နေရာ ...
Continue Reading
၁။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ လိုင်စင်ရယူ ဆောင်ရွက်လျက်ရှိသည့် ဟိုတယ်၊ တည်းခိုရိပ်သာများ၏ ဧည့်စာရင်းပေးပို့သည့်ကိစ္စရပ်များ လွယ်ကူလျင်မြန်စေရန် ရည်ရွယ်၍ Hotel Guest List Management System အဆင့်မြှင့်တင်ခြင်းကို လုပ်ငန်းအပ်နှံ ဆောင်ရွက်မည်ဖြစ်ပါ၍ စိတ်ပါဝင်စားသည့် ပြည်တွင်းကုမ္ပဏီများအနေဖြင့် တင်ဒါစျေးနှုန်းအဆိုပြုလွှာများလာရောက်တင် သွင်းနိုင်ပါသည်။ ၂။ အိတ်ဖွင့်တင်ဒါတင်သွင်းရန် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) တင်ဒါပုံစံစတင်ရယူနိုင်သည့်ရက် – ၂၈-၁၀-၂၀၂၀ ရက် (ဗုဒ္ဓဟူးနေ့) (ခ) တင်ဒါပုံစံရယူနိုင်သည့်နေရာ – e-Government ဌာနခွဲတွင်လည်းကောင်း၊ https://bit.ly/3ksEKB0 တွင်လည်းကောင်း ပူးတွဲပါ QR ကို Scan ဖတ်၍လည်းကောင်း ရယူနိုင်ပါသည်။ (ဂ) တင်ဒါတင်သွင်းရမည့်နေရာ – e-Government ဌာနခွဲ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ရုံးအမှတ်(၃၃)၊ နေပြည်တော် (ရုံးချိန်အတွင်း) (ဃ) တင်ဒါမှတ်ပုံတင်ကြေးနှင့်ပေးသွင်းရမည့်နေရာ –...
Continue Reading
၁။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် COVID-19 ကာလအလွန်တွင် ပြည်တွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသနှင့် ခရီးသွားဆွဲဆောင်မှုဆိုင်ရာ အကြောင်းအရာများကို Website များ၊ Online Channel များမှတဆင့် Digital Marketing နည်းလမ်းများဖြင့် မြှင့်တင်ကြော်ငြာပေးလျက်ရှိပါသည်။ ၂။ ထိုသို့ဆောင်ရွက်ရာတွင်လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်မှုရှိစေရန်အတွက်၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ခရီးသွား လုပ်ငန်းမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသုံးစရိတ်များ ခေါင်းစဉ်ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံ ခရီးသွားမြှင့်တင်ရေးဆိုင်ရာ Video များ (4K and HDR Quality Video များနှင့် 360° Video များ) စုစည်းရိုက်ကူးခြင်းလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ပြီး စိတ်ပါဝင်စားသည့် ကုမ္ပဏီ၊ လုပ်ငန်းရှင်များ အနေဖြင့် EOI အဆိုပြုလွှာ တင်သွင်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။ (က) EOI...
Continue Reading
ကိုးရီးယားနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ပညာသင်နှစ်တွင် သင်ကြားမည့် KDI School of Public Policy and Management, One Year Master’s Programs  ပညာသင်ဆုများသို့ ဤ၀န်ကြီးဌာနမှ အရည်အချင်း ပြည့်မီသူ ၀န်ထမ်းများအနေဖြင့် http://apply.kdischool.ac.kr/ http://admissions.kdischool.ac.kr/ Website တွင် ဝင်ရောက်ကြည့်ရှု လျှောက်ထားနိုင်ပါကြောင်း အကြောင်းကြားလာပါသဖြင့် ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ စိတ်ပါဝင်စားသူဝန်ထမ်းများသည် မိမိတို့၏ ဌာနအကြီးအကဲ ထံ တင်ပြ၍ ဝင်ရောက်လျှောက်ထားနိုင်ရေးအတွက် သိရှိနိုင်ပါရန် ဖော်ပြ အပ်ပါသည်။
Continue Reading
1 2 3 28