Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

By

admin
ထိုင်းနိုင်ငံတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် မဟာဘွဲ့နှင့် ပါရဂူဘွဲ့များအတွက် ဘွဲ့လွန်ဘာသာရပ်များသင်ကြားရန် EFS(Graduate Scholarship Program for Excellent Foreign Students), Thammasat University, Sirindhorn International Institute of Technology (SIIT) ပညာသင်ဆုများသို့ ဤ၀န်ကြီးဌာနမှ အရည်အချင်းပြည့်မီသူ ၀န်ထမ်းများ အနေဖြင့် http://www.sitt.tu.ac.th Website သို့ ဝင်ရောက်ကြည့်ရှု လျှောက် ထားနိုင်ပါကြောင်း အကြောင်းကြားလာပါသဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ စိတ်ပါ ဝင်စားသူ ဝန်ထမ်းများ သည်မိမိတို့၏ဌာနအကြီးအကဲထံတင်ပြ၍ ဝင်ရောက်လျှောက်ထားနိုင်ရေးအတွက် သိရှိနိုင်ပါရန် ဖော်ပြ အပ်ပါသည်။    
Continue Reading
၁။ မြန်မာနိုင်ငံ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် အောက်ပါလုပ်ငန်းများ အတွက် ၁-၉-၂၀၂၀ ရက်နေ့မှစ၍ Online မှတဆင့် MPU Card ၊ Visa Card ၊ Master Card ၊ JCB Card ၊ UnionPay Card နှင့် CB Pay များကို အသုံးပြု၍ ငွေပေးသွင်းနိုင်ပြီဖြစ်ပါသည် − (က) လိုင်စင်ကြေးများ (ခ ) ဗီဇာကြေး (ဂ) Web Portal Membership ကြေးနှင့် ကြော်ငြာကြေးများ (ဃ) သင်တန်းကြေးများ (င) တင်ဒါ မှတ်ပုံတင်ကြေးများ ၂။ ဝန်ကြီးဌာန၏ https://payment.tourism.gov.mm မှတဆင့် ဝင်ရောက်အသုံးပြုနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
Continue Reading
၁။      ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဘဏ္ဍာငွေကြေးဆိုင်ရာ ကိစ္စရပ်များကို ပိုမို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရေးအတွက် ရည်ရွယ်၍ Budget Software ရေးဆွဲခြင်းကို လုပ်ငန်း အပ်နှံဆောင်ရွက်မည်ဖြစ်ပါ၍ စိတ်ပါဝင်စားသည့် ပြည်တွင်းကုမ္ပဏီများအနေဖြင့် တင်ဒါ စျေးနှုန်းအဆိုပြုလွှာများ လာရောက်တင်သွင်းနိုင်ပါသည်။ ၂။      အိတ်ဖွင့်တင်ဒါတင်သွင်းရန် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-   (က)  တင်ဒါ Form ရယူရန်နေရာ           –      တင်ဒါ Form များကို ၂၈-၈-၂၀၂၀ ရက်နေ့မှ စ၍ ဤနေရာ   တွင် Download                                   ...
Continue Reading
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် ပြည်တွင်းခရီးသွားဧည့်သည်စစ်တမ်းကို မြန်မာ့ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောက်ခံနေခြင်းဖြစ်ပါသဖြင့် အောက်ဖော်ပြပါ Link မှ တဆင့် ဝင်ရောက်၍ ကူညီဖြည့်စွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ Survey Form Link: https://forms.gle/kuLosuSPVb1NMCpq5
Continue Reading
၂၀၂၀ ပြည့်နှစ်၊ဇန်နဝါရီလမှ စတင်၍ လစ်လပ်လျက်ရှိသော International Trade Centre(ITC) ၏ အမှုဆောင်ညွှန်ကြားရေးမှူးနေရာအတွက် ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ညီလာခံ (United Nations Conference On Trade and Development-UNCTAD) နှင့် ကမ္ဘာ့ အဖွဲ့ဝင် နိုင်ငံများ မှ အဆိုပြုလျှောက်ထားနိုင်ပါကြောင်း UNCTAD နှင့် WTO တို့မှ အကြောင်းကြားလာမှုအား မြန်မာအဖွဲ့ရုံး၊ဂျီနီဗာမြို့ မှတဆင့်ပေးပို့လာပါသည်။           အမှုဆောင်ညွှန်ကြားရေးမှူးအသစ်အနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ဇွန်လတွင် တာဝန်များ စတင် ထမ်းဆောင်နိုင်ရန်အတွက် ရွေးချယ်ခန့်ထားရေးလုပ်ငန်းစဉ်များကို UNCTAD နှင့် WTO တို့မှ ပူးပေါင်း ၍ ၂၀၂၀ ပြည့်နှစ်၊ပထမနှစ်ဝက်အတွင်း အပြီးသတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊အဆိုပါ ရာထူးနေရာအတွက် သတ်မှတ်ချက်များနှင့် ကိုက်ညီသည့်...
Continue Reading
ကမ္ဘာ့နိုင်ငံအသီးအသီးမှ မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြား သားများအား မည်သည့် ပြည်ဝင်ဗီဇာအမျိုးအစားမဆို ထုတ်ပေးခြင်းကို ယာယီရပ်ဆိုင်းကြောင်း ကြေညာချက်အား ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် အကြံပြုခြင်း ********************************************************************** နေပြည်တော်၊ မတ်လ (၂၉) ရက် ၁။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေ အနားယူနိုင်ရန် ရည်ရွယ်ချက်ထားဆောင်ရွက်လျက်ရှိပါသည်။ ၂။ ယခုအခါ COVID-19 ကူးစက်ရောဂါပျံ့ပွားမှုကို ကာကွယ်ထိန်းချုပ်သည့် အစီအမံများအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြ မည့် နိုင်ငံခြားသားအားလုံးအပေါ် ၂၉-၃-၂၀၂၀ ရက်နေ့ မြန်မာစံတော်ချိန် ၀၀:၀၁ နာရီမှ စတင်၍ ၃၀-၄-၂၀၂၀ ရက်နေ့အထိ အောက်ဖော်ပြပါအတိုင်း ပြည်ဝင်မှု့ဆိုင်ရာ ယာယီကန့်သတ်ချက်များကို ချမှတ်ထားကြောင်း သိရှိရပါသည်- (က) နိုင်ငံခြားသားအားလုံးအား...
Continue Reading
၁။ Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ် ၂/၂၀၂၀ ၏ ဆုံးဖြတ်ချက်အရ COVID-19 ကြောင့် လတ်တလောစီးပွားရေးထိခိုက်မှု အများဆုံးခံစားရသည့် လုပ်ငန်းကဏ္ဍများအဖြစ် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများနှင့် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများကို ဦးစားပေးကုစားရမည့် ကဏ္ဍများအဖြစ် သတ်မှတ်၍ ၁၀၀ ဘီလီယံ ကျပ် ဖြင့် COVID-19 Fund ထူထောင်ကာ ချေးငွေများ ထုတ်ချေးပေးရန် ဆုံးဖြတ် ခဲ့ပါသည်။ ၂။ အဆိုပါ ချေးငွေကို ဦးစားပေးကုစားရမည့် ကဏ္ဍများတွင် အကျုံးဝင်သည့် စီးပွားရေး လုပ်ငန်းများကို အတိုးနှုန်း ၁ ရာခိုင်နှုန်း၊ ချေးငွေကာလ တစ်နှစ်သတ်မှတ်၍ ချေးငွေထုတ်ပေး သွားမည်ဖြစ်ပါသည်။ ၃။ သို့ပါ၍...
Continue Reading
နေပြည်တော်၊ မတ်လ (၂၅) ရက် ယနေ့ (၂၅.၃.၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင် ဉီးဆောင်သည့် (၁/၂၀၂၀) ကြိမ်မြောက် ခရီးသွားလုပ်ငန်း ကော်မတီ အစည်းအဝေးကို ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ နီလာအစည်းအဝေးခန်းမမှ Video Conferencing စနစ်ဖြင့် ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးတင်လတ်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးမောင်မောင်ကျော် နှင့်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ခရီးသွားလုပ်ငန်းကော်မတီဝင် နေပြည်တော် ကောင်စီနှင့်တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ကြီးများနှင့် ကော်မတီ အတွင်းရေးမှူး များက  ခရီးသွားလုပ်ငန်းကော်မတီဝင်တတ်သိပညာရှင်များနှင့် ပုဂ္ဂလိကခရီးသွားလုပ်ငန်းအဖွဲ့ အစည်း ကိုယ်စားလှယ်များက Video Conferencing စနစ်ဖြင့် online မှ ပါဝင်တက်ရောက် ကြပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယခုအစည်းအဝေးကို  လွန်ခဲ့သည့်...
Continue Reading
နေပြည်တော်၊ မတ်လ (၂၃) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်နှင့် ဒုတိယ ဝန်ကြီး ဉီးတင်လတ်တို့သည် တိုင်းဒေသကြီးပြည်နယ်များမှ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီအတွင်းရေးမှူးများနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဉီးစီးဌာန နယ်ရုံးခွဲ (၃၇) ခုမှ တာဝန်ခံများအား ယနေ့ ၂၃.၃.၂၀၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန နီလာအစည်းအဝေး ခန်းမမှ  Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးရာ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဉီးစီးဌာန    ညွှန်ကြားရေးမှူးချုပ် ဉီးမောင်မောင်ကျော်နှင့်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်က  ဝန်ကြီးဌာနအနေနှင့် ၂၀၂၀ ဖေဖော်ဝါရီမှာ ပထမဆုံးအကြိမ် နယ်ရုံးခွဲတွေကို  Video Conferencing  နှင့် တွေ့ဆုံခဲ့ပါကြောင်း၊ အရင်အပတ်က နေပြည်တော်ကောင်စီ ပြည်နယ်နှင့် တိုင်း ရုံးခွဲတွေနှင့် Video Conferencing လုပ်ခဲ့ပါကြောင်း၊ ယနေ့ဒေသဆိုင်ရာခရီးသွားလုပ်ငန်း...
Continue Reading
1 2 3 4 28