Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

By

admin
မြန်မာနိုင်ငံသို့ပြန်လည်ဝင်ရောက်လာကြမည့် မြန်မာနိုင်ငံသားများ COVID-19 ကြိုတင် ကာကွယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် အကြံပြုခြင်း နေပြည်တော်၊ မတ်လ (၂၃) ရက် ၁။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေ အနားယူနိုင်ရန် ရည်ရွယ်ချက်ထားဆောင်ရွက်လျက် ရှိပါသည်။ ၂။       ယခုအခါ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများတွင် Coronavirus Disease 2019( COVID-19) ရောဂါ လျင်မြန်စွာ ကူးစက်ပျံ့နှံ့လာနေမှုကြောင့် မြန်မာနိုင်ငံသူ/သားများအပေါ် ကျရောက်လာနိုင်သည့် ဤကူးစက်မှု ရောဂါအန္တရာယ် ကို ကြိုတင်၍  ထိရောက်စွာ ကာကွယ်ထိန်းချုပ် ကန့်သတ်သွားနိုင် ရန်အတွက် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ မြန်မာနိုင်ငံသို့ လေကြောင်းလိုင်းများဖြင့် လည်းကောင်း၊ တရားဝင်ဖွင့်လှစ်ထားသည့် နှစ်နိုင်ငံနယ်စပ်ဂိတ်များမှ လည်းကောင်း၊ မြန်မာနိုင်ငံ အတွင်းသို့...
Continue Reading
နေပြည်တော်၊ မတ်လ (၂၃) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်နှင့် ဒုတိယဝန်ကြီး ဉီးတင်လတ်တို့သည် (၂၂-၃-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင်  မကွေးတိုင်း ဒေသကြီးသို့ သွားရောက်ကာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီဝင်များ၊ ဒေသခံဟိုတယ်နှင့် ခရီးသွား လုပ်ငန်းရှင် များအား မကွေးမြို့၊ နန်းထိုက်သူ ဟိုတယ်၌ တွေ့ဆုံ၍  COVID-19 အလွန်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုတင်စီမံ ဆောင်ရွက်ရေးဆိုင်ရာများကို  ဆွေးနွေး ခဲ့ပါသည်။ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယဝန်ကြီး ဉီးတင်လတ်က  COVID-19 ကာလအတွင်း လုပ်ငန်းအစီအမံများ နှင့် COVID-19အလွန်ခရီးသွားလုပ်ငန်းတိုးတက်ရေးအတွက် ကြိုတင်ဆောင်ရွက်ရမည့်ကိစ္စများကို ဆွေးနွေး ပြောကြားပါသည်။ ထို့နောက်  တက်ရောက်လာကြသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ နှင့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဝင်များက COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး...
Continue Reading
နေပြည်တော်၊ မတ်လ (၂၃) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးတင်လတ်သည် မန္တလေးနှင့် မကွေးဒေသခရီးသွားလုပ်ငန်းကဏ္ဍအတွင်း အခြေခံပို့ဆောင်ရေးလုပ်ငန်းများ တွင် ဝန်ဆောင်မှုများ အဆင့်မြင့်မားစေရေးအတွက် (၂၁-၃-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးမြို့သို့ သွားရောက်ကာ မန္တလေးဧည့်လမ်းညွှန် များအသင်း၊ ပုဂံ ဧည့်လမ်းညွှန်များအသင်းမှ ဉက္ကဌနှင့်တာဝန်ရှိသူများအား တွေ့ဆုံကာ ခရီးသွားလုပ်ငန်းကဏ္ဍအတွင်း အခြေခံပို့ဆောင်ရေးလုပ်ငန်းများတွင် လုပ်ကိုင် ဆောင်ရွက်နေသူများ အား ဝန်ဆောင်မှု အရည်အသွေးတိုးတက်စေရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊  ပို့ချပေးမည့် သင်ခန်းစာများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် အမရပူရမြို့နယ်၊ တောင်သမန်အင်းရှိ တောင်မင်းကြီး ကျောင်းတွင် ငှက်လှေသမားအသင်းနှင့်လည်းကောင်း၊ အင်းဝမြို့တွင် မြင်းလှည်းမောင်းသမားအသင်းနှင့်လည်းကောင်း၊ ညနေပိုင်းတွင် ပုဂံမြို့၊ Bagan Information and Training Center-BITC (ဘုတ်ကျောင်း)တွင် ပုဂံဒေသရှိ စက်လှေမောင်းသမားအသင်း၊...
Continue Reading
မြန်မာနိုင်ငံသို့လာရောက်သည့် ခရီးသွားများအပေါ်ကြိုတင်ကာကွယ်ရေး ထပ်တိုး ကန့်သတ်ချက်များကို ပူးပေါင်းဆောင်ရွက်ကြရန်အကြံပြုခြင်း ******************************************************************** နေပြည်တော်၊ မတ်လ ၂၁ ရက် ၁။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေ အနားယူနိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိပါသည်။ ၂။ ကမ္ဘာတစ်ဝန်း COVID-19 အသက်ရှူလမ်ကြောင်းဆိုင်ရာ ကူးစက်ရောဂါပျံ့နှံ့မှုနှုန်းအလွန် များ ပြားလာသည့်အတွက် ရောဂါကူးစက်မှုထပ်တိုးလာသည့် နိုင်ငံများမှ မြန်မာနိုင်ငံသို့ လာရောက် သည့် ခရီးသွားများအပေါ်ကြိုတင်ကာကွယ်မှုဆောင်ရွက်မည့် ကန့်သတ်ချက်အသစ်ကို နိုင်ငံခြား ရေးဝန်ကြီးဌာနမှ အောက်ပါ အတိုင်းထုတ်ပြန်ထားပါသည်- (က) COVID-19 အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါပြန့်ပွားမှုနှုန်း အလွန် မြင့်မား လာသည့် ထပ်တိုးနိုင်ငံများအပေါ် ယာယီကန့်သတ်ချက်များ အမေရိကန်ပြည်ထောင်စု၊ ဆွစ်ဇာလန်နိုင်ငံ၊ ဗြိတိန်နိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ ဩစတြီးယားနိုင်ငံ၊ ဘယ်လ်ဂျီယံနိုင်ငံ၊ နော်ဝေနိုင်ငံ၊ ဆွီဒင်နိုင်ငံနှင့်...
Continue Reading
နေပြည်တော်၊ မတ်လ (၂၀) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့် ဒုတိယ ဝန်ကြီး ဦးတင်လတ်တို့သည် ယနေ့ (၂၀-၃-၂၀၂၀) ရက်နေ့၊ မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန လက်အောက်ရှိ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီး၊ ပြည်နယ်ရုံးခွဲများ ဖြစ်သော နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ထားဝယ်၊ မကွေး၊ ပဲခူး၊ တောင်ကြီး၊ စစ်တွေ၊ လွိုင်ကော်၊ မြစ်ကြီးနား၊ မော်လမြိုင်၊ ဘားအံနှင့် ဟားခါးမြို့များရှိ ရုံးခွဲတာဝန်ခံများအား နေပြည်တော်ရှိ ဝန်ကြီးဌာန၏ နီလာအစည်းအဝေးခန်းမမှ Video Conferencing ဖြင့် တွေ့ဆုံ ဆွေးနွေးရာ တွေ့ဆုံပွဲသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေနှင့် ၂၀၂၀ ဖေဖော်ဝါရီလ...
Continue Reading
နေပြည်တော်၊ မတ်လ (၁၇) ရက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးအုန်းမောင်နှင့် ဒုတိယဝန်ကြီး ဦးတင်လတ်တို့သည် မြန်မာနိုင်ငံ၏ အားကစားခရီးသွားလုပ်ငန်း တိုးမြှင့်ဆောင် ရွက်နိုင်ရေးအတွက် နီပေါနိုင်ငံမှ Bungee Jumping လုပ်ငန်းဆောင်ရွက်နေသော The Last Resort မှ Executive Director ဖြစ်သူ Mr. Bushnu Neopanae (ဦးခင်မောင်ဝင်း) ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့အား (၁၇-၃-၂၀၂၀)ရက်နေ့၊ နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ နီလာအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံရာတွေ့ဆုံပွဲတွင် မြန်မာနိုင်ငံအားကစား ခရီးသွား လုပ်ငန်းကော်မတီ ဥက္ကဌ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယ ဥက္ကဌ၊  ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဦးမောင်မောင်ကျော်နှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား...
Continue Reading
နေပြည်တော်၊ မတ်လ (၁၇) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဥပဒေ ၂၀၁၈ နှင့် အညီ ဖွဲ့စည်းခဲ့သည့် တနင်္သာရီတိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၂/၂၀၂၀) အစည်းအဝေးကို (၁၆-၃-၂၀၂၀) ရက်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တနင်္သာရီတိုင်း ဒေသဆိုင်ရာခရီးသွား လုပ်ငန်း ကော်မတီ ဉက္ကဌ ဝန်ကြီးချုပ် ဦးမြင့်မောင်၊  ဒုတိယဉက္ကဌ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးလှထွေးနှင့် ကော်မတီဝင်များ၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန (ထားဝယ်ရုံးခွဲ) မှ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ တိုင်း ဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဌ က...
Continue Reading
၂၀၂၀ပြည့်နှစ်မတ်လ၁၅ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဉီးတင်လတ်သည် ယမန်နေ့ နံနက် ပိုင်းတွင် ရန်ကုန်မြို့၊မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးတွင်ပြုလုပ်သော Coronavirus Disease (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်း ကော်မတီအစည်းအဝေးသို့ တက်ရောက်ပြီး ခရီးသွားလုပ်ငန်းများအနေဖြင့် လတ်တလောကြုံ တွေ့ နေရသည့် COVID-19 ဗိုင်းရပ်စ်ကြောင့် ကြုံတွေ့ နေရသည့် လုပ်ငန်းအခက်အခဲများ၊ ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးနေမှုများနှင့် ထပ်မံဆောင်ရွက်ပေးရန် လိုအပ်ချက်များနှင့် နိုင်ငံတော်မှကူညီ ထောက်ပံပေးနိုင်မည့်ကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့် အကြံပြုဆွေးနွေးခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များအသင်း၊ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူ များနှင့် တွေ့ဆုံခဲ့ပြီး ခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်ရေးကို ပြည်နယ်နှင့် တိုင်း၊ခရိုင်အလိုက် ဆောင်ရွက်နိုင်မည့် DMO များဖွဲ့စည်းနိုင်ရေးလတ်တလောကြုံတွေ့နေရသည့် COVID-19 ကြောင့် ခရီးသွားလုပ်ငန်း တုံ့ဆိုင်းနေသောကာလတွင် ခရီးသွားလုပ်ငန်းနယ်ပယ်...
Continue Reading
၂၀၂၀ပြည့်နှစ် မတ်လ ၁၅ ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်နှင့် ဒုတိယဝန်ကြီး ဦးတင်လတ် တို့သည် ယမန်နေ့ နေ့လည်ပိုင်းတွင် ရန်ကုန်မြို့  ၊ အင်းလျားလိတ်ဟိုတယ်၌ပြုလုပ်သော Convid19 အလွန် ခရီးသွားလုပ်ငန်းတိုးတက်ရေးအတွက် လိုအပ်သည်များ စီမံဆောင် ရွက်ရေး အစည်းအဝေးသို့တက်ရောက်ပါသည်။ ပြည်ထောင်စုဝန်ကြီးမှ အဖွင့်စကားပြောကြားရာတွင် COVID-19 ဗိုင်းရပ်စ်မှာ အချိန်တိုအတွင်းပြန့်နှံ့လျက်ရှိရာ ကမ္ဘာ့နိုင်ငံတော်တော်များများတွင်ကူးစက်ခံနေရပြီဖြစ်ပါကြောင်း ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှလည်း အဆိုပါရောဂါပိုးကို ကူးစက်ပျံ့နှံနိုင်သော ကမ္ဘာလုံးဆိုင်ရာ ကပ် ရောဂါ (Pandemic) အဖြစ် မတ်လ ၁၁ ရက်နေ့က ကြေငြာခဲ့ပါကြောင်း ၊ သို့ဖြစ်၍ ခရီးသွား လုပ်ငန်းမှာလည်း ကျဆင်းခဲ့ရပါကြောင်း၊ နိုင်ငံတကာ လေကြောင်း လိုင်းအချို့ ယာယီရပ်ဆိုင်း ခြင်း ၊ နယ်စပ် ဝင်/ထွက်ပေါက်များ ယာယီပိတ်ခြင်းများလည်းဖြစ်လာပါကြောင်း၊ပြန်လည်တည်ငြိမ်မည့်ကာလကို မှန်းဆ၍ မရသေးပါကြောင်း၊ သို့ဖြစ်ပါ၍ စီးပွားရေးသက်ရောက်မှုများကို ကုစားနိုင် ရေးနှင့်...
Continue Reading
နေပြည်တော်၊ မတ်လ (၁၃) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်နှင့် ဒုတိယ ဝန်ကြီး ဉီးတင်လတ်တို့သည် အမေရိကန် ဝါရှင်တန်မြို့ အခြေစိုက် United States Institute of Peace (USIP) ၏ အကြီးတန်း အကြံပေး Ms. Priscilla Clapp နှင့်အဖွဲ့ကို ၁၂-၃-၂၀၂၀ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပါသည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ၊  ကမ္ဘာလှည့်ခရီးသည်များအတွက် အတွေ့အကြုံသစ်များ ရရှိစေရန်  ဆွဲဆောင်မှုရှိသော ခရီးစဉ် ဒေသအသစ် ဖော်ဆောင်မှုများ၊ COVID-19 တားဆီးကာကွယ်ရေးနှင့် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများ၊ ကမ္ဘာလှည့်ခရီးသည်များ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရာတွင် ဘေးကင်း လုံခြုံအဆင်ပြေစွာ...
Continue Reading
1 2 3 4 5 28