Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

By

MOHT Admin
ကမ္ဘာ့နိုင်ငံအသီးအသီးမှ မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြား သားများအား မည်သည့် ပြည်ဝင်ဗီဇာအမျိုးအစားမဆို ထုတ်ပေးခြင်းကို ယာယီရပ်ဆိုင်းကြောင်း ကြေညာချက်အား ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် အကြံပြုခြင်း ********************************************************************** နေပြည်တော်၊ မတ်လ (၂၉) ရက် ၁။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေ အနားယူနိုင်ရန် ရည်ရွယ်ချက်ထားဆောင်ရွက်လျက်ရှိပါသည်။ ၂။ ယခုအခါ COVID-19 ကူးစက်ရောဂါပျံ့ပွားမှုကို ကာကွယ်ထိန်းချုပ်သည့် အစီအမံများအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြ မည့် နိုင်ငံခြားသားအားလုံးအပေါ် ၂၉-၃-၂၀၂၀ ရက်နေ့ မြန်မာစံတော်ချိန် ၀၀:၀၁ နာရီမှ စတင်၍ ၃၀-၄-၂၀၂၀ ရက်နေ့အထိ အောက်ဖော်ပြပါအတိုင်း ပြည်ဝင်မှု့ဆိုင်ရာ ယာယီကန့်သတ်ချက်များကို ချမှတ်ထားကြောင်း သိရှိရပါသည်- (က) နိုင်ငံခြားသားအားလုံးအား...
Continue Reading
၁။ Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ် ၂/၂၀၂၀ ၏ ဆုံးဖြတ်ချက်အရ COVID-19 ကြောင့် လတ်တလောစီးပွားရေးထိခိုက်မှု အများဆုံးခံစားရသည့် လုပ်ငန်းကဏ္ဍများအဖြစ် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများနှင့် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများကို ဦးစားပေးကုစားရမည့် ကဏ္ဍများအဖြစ် သတ်မှတ်၍ ၁၀၀ ဘီလီယံ ကျပ် ဖြင့် COVID-19 Fund ထူထောင်ကာ ချေးငွေများ ထုတ်ချေးပေးရန် ဆုံးဖြတ် ခဲ့ပါသည်။ ၂။ အဆိုပါ ချေးငွေကို ဦးစားပေးကုစားရမည့် ကဏ္ဍများတွင် အကျုံးဝင်သည့် စီးပွားရေး လုပ်ငန်းများကို အတိုးနှုန်း ၁ ရာခိုင်နှုန်း၊ ချေးငွေကာလ တစ်နှစ်သတ်မှတ်၍ ချေးငွေထုတ်ပေး သွားမည်ဖြစ်ပါသည်။ ၃။ သို့ပါ၍...
Continue Reading
နေပြည်တော်၊ မတ်လ (၂၅) ရက် ယနေ့ (၂၅.၃.၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင် ဉီးဆောင်သည့် (၁/၂၀၂၀) ကြိမ်မြောက် ခရီးသွားလုပ်ငန်း ကော်မတီ အစည်းအဝေးကို ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ နီလာအစည်းအဝေးခန်းမမှ Video Conferencing စနစ်ဖြင့် ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးတင်လတ်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးမောင်မောင်ကျော် နှင့်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ခရီးသွားလုပ်ငန်းကော်မတီဝင် နေပြည်တော် ကောင်စီနှင့်တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ကြီးများနှင့် ကော်မတီ အတွင်းရေးမှူး များက  ခရီးသွားလုပ်ငန်းကော်မတီဝင်တတ်သိပညာရှင်များနှင့် ပုဂ္ဂလိကခရီးသွားလုပ်ငန်းအဖွဲ့ အစည်း ကိုယ်စားလှယ်များက Video Conferencing စနစ်ဖြင့် online မှ ပါဝင်တက်ရောက် ကြပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယခုအစည်းအဝေးကို  လွန်ခဲ့သည့်...
Continue Reading
နေပြည်တော်၊ မတ်လ (၂၃) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်နှင့် ဒုတိယ ဝန်ကြီး ဉီးတင်လတ်တို့သည် တိုင်းဒေသကြီးပြည်နယ်များမှ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီအတွင်းရေးမှူးများနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဉီးစီးဌာန နယ်ရုံးခွဲ (၃၇) ခုမှ တာဝန်ခံများအား ယနေ့ ၂၃.၃.၂၀၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန နီလာအစည်းအဝေး ခန်းမမှ  Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးရာ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဉီးစီးဌာန    ညွှန်ကြားရေးမှူးချုပ် ဉီးမောင်မောင်ကျော်နှင့်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်က  ဝန်ကြီးဌာနအနေနှင့် ၂၀၂၀ ဖေဖော်ဝါရီမှာ ပထမဆုံးအကြိမ် နယ်ရုံးခွဲတွေကို  Video Conferencing  နှင့် တွေ့ဆုံခဲ့ပါကြောင်း၊ အရင်အပတ်က နေပြည်တော်ကောင်စီ ပြည်နယ်နှင့် တိုင်း ရုံးခွဲတွေနှင့် Video Conferencing လုပ်ခဲ့ပါကြောင်း၊ ယနေ့ဒေသဆိုင်ရာခရီးသွားလုပ်ငန်း...
Continue Reading
မြန်မာနိုင်ငံသို့ပြန်လည်ဝင်ရောက်လာကြမည့် မြန်မာနိုင်ငံသားများ COVID-19 ကြိုတင် ကာကွယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် အကြံပြုခြင်း နေပြည်တော်၊ မတ်လ (၂၃) ရက် ၁။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေ အနားယူနိုင်ရန် ရည်ရွယ်ချက်ထားဆောင်ရွက်လျက် ရှိပါသည်။ ၂။       ယခုအခါ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများတွင် Coronavirus Disease 2019( COVID-19) ရောဂါ လျင်မြန်စွာ ကူးစက်ပျံ့နှံ့လာနေမှုကြောင့် မြန်မာနိုင်ငံသူ/သားများအပေါ် ကျရောက်လာနိုင်သည့် ဤကူးစက်မှု ရောဂါအန္တရာယ် ကို ကြိုတင်၍  ထိရောက်စွာ ကာကွယ်ထိန်းချုပ် ကန့်သတ်သွားနိုင် ရန်အတွက် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ မြန်မာနိုင်ငံသို့ လေကြောင်းလိုင်းများဖြင့် လည်းကောင်း၊ တရားဝင်ဖွင့်လှစ်ထားသည့် နှစ်နိုင်ငံနယ်စပ်ဂိတ်များမှ လည်းကောင်း၊ မြန်မာနိုင်ငံ အတွင်းသို့...
Continue Reading
နေပြည်တော်၊ မတ်လ (၂၃) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်နှင့် ဒုတိယဝန်ကြီး ဉီးတင်လတ်တို့သည် (၂၂-၃-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင်  မကွေးတိုင်း ဒေသကြီးသို့ သွားရောက်ကာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီဝင်များ၊ ဒေသခံဟိုတယ်နှင့် ခရီးသွား လုပ်ငန်းရှင် များအား မကွေးမြို့၊ နန်းထိုက်သူ ဟိုတယ်၌ တွေ့ဆုံ၍  COVID-19 အလွန်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုတင်စီမံ ဆောင်ရွက်ရေးဆိုင်ရာများကို  ဆွေးနွေး ခဲ့ပါသည်။ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယဝန်ကြီး ဉီးတင်လတ်က  COVID-19 ကာလအတွင်း လုပ်ငန်းအစီအမံများ နှင့် COVID-19အလွန်ခရီးသွားလုပ်ငန်းတိုးတက်ရေးအတွက် ကြိုတင်ဆောင်ရွက်ရမည့်ကိစ္စများကို ဆွေးနွေး ပြောကြားပါသည်။ ထို့နောက်  တက်ရောက်လာကြသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ နှင့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဝင်များက COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး...
Continue Reading
နေပြည်တော်၊ မတ်လ (၂၃) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးတင်လတ်သည် မန္တလေးနှင့် မကွေးဒေသခရီးသွားလုပ်ငန်းကဏ္ဍအတွင်း အခြေခံပို့ဆောင်ရေးလုပ်ငန်းများ တွင် ဝန်ဆောင်မှုများ အဆင့်မြင့်မားစေရေးအတွက် (၂၁-၃-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးမြို့သို့ သွားရောက်ကာ မန္တလေးဧည့်လမ်းညွှန် များအသင်း၊ ပုဂံ ဧည့်လမ်းညွှန်များအသင်းမှ ဉက္ကဌနှင့်တာဝန်ရှိသူများအား တွေ့ဆုံကာ ခရီးသွားလုပ်ငန်းကဏ္ဍအတွင်း အခြေခံပို့ဆောင်ရေးလုပ်ငန်းများတွင် လုပ်ကိုင် ဆောင်ရွက်နေသူများ အား ဝန်ဆောင်မှု အရည်အသွေးတိုးတက်စေရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊  ပို့ချပေးမည့် သင်ခန်းစာများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် အမရပူရမြို့နယ်၊ တောင်သမန်အင်းရှိ တောင်မင်းကြီး ကျောင်းတွင် ငှက်လှေသမားအသင်းနှင့်လည်းကောင်း၊ အင်းဝမြို့တွင် မြင်းလှည်းမောင်းသမားအသင်းနှင့်လည်းကောင်း၊ ညနေပိုင်းတွင် ပုဂံမြို့၊ Bagan Information and Training Center-BITC (ဘုတ်ကျောင်း)တွင် ပုဂံဒေသရှိ စက်လှေမောင်းသမားအသင်း၊...
Continue Reading
မြန်မာနိုင်ငံသို့လာရောက်သည့် ခရီးသွားများအပေါ်ကြိုတင်ကာကွယ်ရေး ထပ်တိုး ကန့်သတ်ချက်များကို ပူးပေါင်းဆောင်ရွက်ကြရန်အကြံပြုခြင်း ******************************************************************** နေပြည်တော်၊ မတ်လ ၂၁ ရက် ၁။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေ အနားယူနိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိပါသည်။ ၂။ ကမ္ဘာတစ်ဝန်း COVID-19 အသက်ရှူလမ်ကြောင်းဆိုင်ရာ ကူးစက်ရောဂါပျံ့နှံ့မှုနှုန်းအလွန် များ ပြားလာသည့်အတွက် ရောဂါကူးစက်မှုထပ်တိုးလာသည့် နိုင်ငံများမှ မြန်မာနိုင်ငံသို့ လာရောက် သည့် ခရီးသွားများအပေါ်ကြိုတင်ကာကွယ်မှုဆောင်ရွက်မည့် ကန့်သတ်ချက်အသစ်ကို နိုင်ငံခြား ရေးဝန်ကြီးဌာနမှ အောက်ပါ အတိုင်းထုတ်ပြန်ထားပါသည်- (က) COVID-19 အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါပြန့်ပွားမှုနှုန်း အလွန် မြင့်မား လာသည့် ထပ်တိုးနိုင်ငံများအပေါ် ယာယီကန့်သတ်ချက်များ အမေရိကန်ပြည်ထောင်စု၊ ဆွစ်ဇာလန်နိုင်ငံ၊ ဗြိတိန်နိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ ဩစတြီးယားနိုင်ငံ၊ ဘယ်လ်ဂျီယံနိုင်ငံ၊ နော်ဝေနိုင်ငံ၊ ဆွီဒင်နိုင်ငံနှင့်...
Continue Reading
နေပြည်တော်၊ မတ်လ (၂၀) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့် ဒုတိယ ဝန်ကြီး ဦးတင်လတ်တို့သည် ယနေ့ (၂၀-၃-၂၀၂၀) ရက်နေ့၊ မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန လက်အောက်ရှိ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီး၊ ပြည်နယ်ရုံးခွဲများ ဖြစ်သော နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ထားဝယ်၊ မကွေး၊ ပဲခူး၊ တောင်ကြီး၊ စစ်တွေ၊ လွိုင်ကော်၊ မြစ်ကြီးနား၊ မော်လမြိုင်၊ ဘားအံနှင့် ဟားခါးမြို့များရှိ ရုံးခွဲတာဝန်ခံများအား နေပြည်တော်ရှိ ဝန်ကြီးဌာန၏ နီလာအစည်းအဝေးခန်းမမှ Video Conferencing ဖြင့် တွေ့ဆုံ ဆွေးနွေးရာ တွေ့ဆုံပွဲသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေနှင့် ၂၀၂၀ ဖေဖော်ဝါရီလ...
Continue Reading
နေပြည်တော်၊ မတ်လ (၁၇) ရက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးအုန်းမောင်နှင့် ဒုတိယဝန်ကြီး ဦးတင်လတ်တို့သည် မြန်မာနိုင်ငံ၏ အားကစားခရီးသွားလုပ်ငန်း တိုးမြှင့်ဆောင် ရွက်နိုင်ရေးအတွက် နီပေါနိုင်ငံမှ Bungee Jumping လုပ်ငန်းဆောင်ရွက်နေသော The Last Resort မှ Executive Director ဖြစ်သူ Mr. Bushnu Neopanae (ဦးခင်မောင်ဝင်း) ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့အား (၁၇-၃-၂၀၂၀)ရက်နေ့၊ နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ နီလာအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံရာတွေ့ဆုံပွဲတွင် မြန်မာနိုင်ငံအားကစား ခရီးသွား လုပ်ငန်းကော်မတီ ဥက္ကဌ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယ ဥက္ကဌ၊  ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဦးမောင်မောင်ကျော်နှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား...
Continue Reading
1 2 3 25