Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

By

moht moht
နေပြည်တော် ၊ ဒီဇင်ဘာ (၄) ရက် ကယားပြည်နယ်၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအနေဖြင့် မြန်မာ-ဂျပန် ချစ်ကြည် ရေး ချယ်ရီပန်းပင်စိုက်ပျိုးရေးနှင့်ပတ်သက်၍ ကယားပြည်နယ်အတွင်းရှိ ဟိုတယ်လုပ်ငန်းရှင်များ ၊ ခရီးသွားလုပ်ငန်းရှင်များ၊ ဧည့်လမ်းညွှန်များ၊ စားသောက်ဆိုင် လုပ်ငန်းရှင်များ ဝန်ဆောင်မှုလုပ်ငန်း များတိုးတက်စေရေးအတွက် တွေ့ဆုံ ဆွေးနွေးပွဲကို (၃-၁၂-၂၀၁၉) ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ကယားပြည်နယ်၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုဉက္ကဌ ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က  ၂၀၂၀ ခုနှစ် ဇန်နဝါရီလ အတွင်း မြန်မာ-ဂျပန် ချစ်ကြည်ရေး ဆာကူရာချယ်ရီပန်းပင်များအား ဗုဒ္ဓဉယျာဉ်အတွင်း စိုက်ပျိုးသွားမည်ဖြစ်ပြီး ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၏ ကယားပြည်နယ်သို့ လာရောက်ခဲ့သည့် ခရီးစဉ်၌  ဂျပန်နိုင်ငံသားခရီးသွားဧည့်သည်များ ကယားပြည်နယ်သို့...
Continue Reading
နေပြည်တော် ၊ ဒီဇင်ဘာ (၃) ရှမ်းပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီနှင့် ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနတို့၏လမ်းညွှန်မှုဖြင့် စီစဉ်ကျင်းပမည့် စတုတ္ထ အကြိမ် မြောက် Kalaw Trail Run နှင့် တတိယအကြိမ်မြောက် Inle By Cycle ‌‌တောင်တက်လမ်းကြမ်းစက်ဘီးစီးနင်းပွဲ ‌အောင်မြင်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်း အစည်းအဝေးကို (၂၉.၁၁.၂၀၁၉) ရက်နေ့ နေ့လည်  (၁၄း၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ‌ဒေါက်တာမျိုးထွန်း တက်ရောက်အမှာစကား‌ပြောကြားခဲ့ပြီး  ‌ဒေသဆိုင်ရာခရီးသွားလုပ်ငန်း‌ကော်မတီ အတွင်း‌ရေးမှူး၊ ညွှန်ကြား‌ရေးမှူး ဦးထင်အောင်နိုင်မှ ဦး‌ဆောင်၍ ပြိုင်ပွဲကျင်းပရေးအဖွဲ့ဝင်များနှင့် ‌ပေါင်းစပ်ကာ ပြိုင်ပွဲလမ်း‌ကြောင်းများ အပြီးသတ်ရွေးချယ်ခြင်း၊ ဆု အမျိုးအစားများ‌ရွေးချယ်သတ်မှတ်ခြင်းနှင့် ပြိုင်ပွဲကျင်းပခြင်းဆိုင်ရာအခြား လိုအပ်ချက်များကို...
Continue Reading
ရန်ကုန်  ၊ ဒီဇင်ဘာလ ၁ ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ၊ ပြည်‌ထောင်စုဝန်ကြီး ဉီးအုန်းမောင်နှင့် ဒုတိယဝန်ကြီး ဉီးတင်လတ်တို့သည် ယမန်နေ့ညနေပိုင်းတွင် ရန်ကုန်မြို့ ၊ Pullman Yangon Centre point Hotel ၌ကျင်းပပြုလုပ်သည့် ဂျပန်နိုင်ငံမှလာရောက်သော JATA FAM Trip ခရီးစဉ်ကိုယ်စားလှယ် များ အားကြိုဆိုသည့် ညစာစားပွဲအခမ်းအနားသို့တက်ရောက်ပါသည်။ ညစာစားပွဲ၌ ပြည်ထောင်စုဝန်ကြီးမှ နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ဂျပန်လူမျိုးခရီးသွား များမြန်မာနိုင်ငံသို့တိုးတက်ဝင်ရောက်ရေးအတွက် ယခုကဲ့သို့ FAM Trip ခရီးစဉ်များစီစဉ်ဆောင် ရွက်ခြင်းဖြစ်ပါကြောင်း ၊ ခရီးသွားမြှင့်တင်ရေး အစီအစဉ်များ ဆောင်ရွက်ရာတွင် ဈေးကွက်အလိုက် လုပ်ငန်းအဖွဲ့များဖွဲ့စည်းခြင်း ၊ ဗီဇာပေါ် လစီများ ဖြေလျော့ပေးခြင်း ၊ နိုင်ငံတကာ ခရီးသွားပြပွဲများ တွင်ဝင်ရောက်ပြသခြင်း ၊ Digital Marketing...
Continue Reading
နေပြည်တော်၊ နိုဝင်ဘာလ(၂၉) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့်ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက် စေရေး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှ ခရီးသွား ဧည့်သည်များ လုံခြုံ စိတ်ချစွာဖြင့် အဆင်ပြေချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးတို့ကို ကြီးကြပ်ဆောင်ရွက် လျက်ရှိရာ ပြည်တွင်းပြည်ပမှ ခရီးသွား ဧည့်သည်များသည် မြန်မာနိုင်ငံ၏ တောတောင် ရေမြေသဘာဝအလှအပများ၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ကြည့်ရှုလေ့လာ ခံစားနိုင်ရန် လေကြောင်း၊ ရေကြောင်းများဖြင့်သာမက နယ်စပ်ဝင်/ထွက်ပေါက် များမှ ကိုယ်ပိုင်မော်တော်ယာဉ်များဖြင့်လည်းကောင်း၊ ပြည်တွင်းအပျော်စီးသင်္ဘောများဖြင့် မြစ်ကြောင်း ခရီးစဉ်များ အားလည်းကောင်း လာရောက်လည်ပတ်လျက်ရှိပါသည်။   ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၏ ကြီးကြပ်မှု ၊ Osuga Myanmar Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် သြစတြေးလျနိုင်ငံသားဧည့်သည်(၄)ဦးသည် ပြည်တွင်းမော်တော် ဆိုင်ကယ် (၄) စီးဖြင့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ...
Continue Reading
နေပြည်တော်၊ နိုဝင်ဘာလ (၂၉) ရက် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ ရေမြေတောတောင် သဘာဝအလှများ၊ ခရီးသွားဆွဲဆောင်သည့်နေရာများ ၊ တိုင်းရင်းသားတို့၏ မတူကွဲပြားသည့် ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များ၊ လူနေမှုဘဝပုံစံများကို ကြည့်ရှုလေ့လာသိမြင် ခံစားနိုင်ရန် အတွက် အပြည်ပြည်ဆိုင်ရာဝင်ပေါက်များနှင့် နယ်စပ်ဝင်ပေါက် များမှတစ်ဆင့် မြန်မာနိုင်ငံ အတွင်းသို့ အဆက်မပြတ် ဝင်ထွက်သွားလာလည်ပတ်လျက်ရှိပါသည်။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၂၂)ရက်နေ့မှ နိုဝင်ဘာလ (၂၈) ရက်နေ့အထိ တာချီလိတ် နယ်စပ်ဝင်/ထွက်ပေါက်မှတစ်ဆင့် ညအိပ်/နေ့ချင်းပြန်ခရီးစဉ် လာရောက် လည်ပတ်ကြသည့် ထိုင်းနိုင်ငံသား (၂၅၈၀၇) ဦးနှင့် တတိယနိုင်ငံသားနိုင်ငံခြားသားခရီးသွားဧည့်သည်(၅၂၈) ဦး၊ လန့်တောင်းနေ့ချင်းပြန်ခရီးစဉ်အနေဖြင့် ထိုင်းနိုင်ငံသား (၂) ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံခရီးစဉ် အနေဖြင့် ထိုင်းနိုင်ငံသားအများစု ပါဝင်သော တတိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသည် (၄၃၂) ဦး၊ ပြည်တွင်းခရီးစဉ်သို့...
Continue Reading
နေပြည်တော်၊ နိုဝင်ဘာလ (၂၇) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့်ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး အတွက် မြန်မာနိုင်ငံသို့လာရောက်လည်ပတ်သည့် နိုင်ငံတကာမှခရီးသွားဧည့်သည်များ လုံခြုံစိတ်ချစွာဖြင့် အဆင်ပြေ ချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေး ဆောင်ရွက်လျက်ရှိသဖြင့် ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များအနေဖြင့် မြန်မာနိုင်ငံ၏ တောတောင်ရေမြေသဘာဝအလှအပများ၊ တိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန် လေကြောင်း၊ ရေကြောင်းများဖြင့်သာမက နယ်စပ်ဝင်/ထွက်ပေါက်များမှတဆင့် ကိုယ်ပိုင်မော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ်များဖြင့် ဝင်ရောက်လည်ပတ်လျက်ရှိပါသည်။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု Silver Sea Garamuu Travel & Tours Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံသားခရီးသွားဧည့်သည် (၅) ဦးတို့သည် ကိုယ်ပိုင် မော်တော်ဆိုင်ကယ်(၄) စီးဖြင့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်နေ့မှ နိုဝင်ဘာလ (၂၄) ရက်နေ့အထိ...
Continue Reading
နေပြည်တော် ၊ နိုဝင်ဘာ (၂၅) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ဒုတိယ ဝန်ကြီး ဦးတင်လတ်နှင့်အဖွဲ့ဝင်များသည် ကယားပြည်နယ်ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်နေမှုအခြေအနေများနှင့် ဂျပန်-မြန်မာချစ်ကြည်ရေးအထိမ်းအမှတ် ချယ်ရီပန်းပင် စိုက်ပျိုးပွဲ ကျင်းပရန် ဆောင်ရွက်မှုအခြေအနေများအား သိရှိနိုင် ရန်အတွက် ကယားပြည်နယ်သို့ သွားရောက်ခဲ့ပါသည်။  (၂၃.၁၁.၂၀၁၉) ရက်နေ့  ညနေပိုင်းတွင်  လွိုင်ကော် မြို့၊ Famous Hotel ၌ ကယားပြည်နယ်ရှိ ဟိုတယ် လုပ်ငန်းရှင် များ၊ခရီးသွားလုပ်ငန်းရှင်များ၊ ဧည့်လမ်းညွှန်များနှင့် တွေ့ဆုံခဲ့ပြီး တွေ့ဆုံပွဲတွင် ကယားပြည်နယ်တွင် ဂျပန်-မြန်မာ ချစ်ကြည်ရေး ချယ်ရီပင်များကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ တွင် စိုက်ပျိုးမည့် ကိစ္စရပ်များ ၊ ကယားပြည်နယ်သို့ ဂျပန်ခရီးသွား ဧည့်သည်များ ပိုမိုလာရောက်စေရန် ခရီးသွားမြှင့်တင်မှုများ ဆောင်ရွက်မှုအခြေအနေများ...
Continue Reading
Yutaka Nagasugi: ပုဂံဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ခြင်းခံလိုက်ရတယ် ဆိုတာ ကြားလိုက်ရတဲ့အခါမှာ ပြည်ထောင်စုဝန်ကြီးအနေနဲ့ ဘယ်လိုခံစားချက် ဖြစ်ပေါ်ပါသလဲ ခင်ဗျာ။ U Ohn Maung:  ပုဂံသည် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သင့်သည်မှာ ကြာပါပြီ။ ကျွန်တော်တို့ နိုင်ငံ၏ ခရီးသွားလုပ်ငန်းစတင် သန္ဓေတည်ပေါက်ဖွားရာ အဓိကခရီးသွားဆွဲဆောင်မှု ရှေးဟောင်း နယ်မြေလည်းဖြစ်ပါ၍ ယခုကဲ့သို့ သတ်မှတ်ခြင်းခံရသည်ကို အတိုင်းမသိ ဝမ်းမြောက်ဝမ်းသာဖြစ်ရ ပါတယ်။ Yutaka Nagasugi: ပုဂံမှာ သွားရောက်လည်ပတ်ဖို့ တိုက်တွန်းချင်တဲ့ နေရာ (၅) ခုကို ရွေးချယ်ပေးရ မယ်ဆိုရင် ဘယ်နေရာများဖြစ်လိမ့်မလဲ။ ဒါ့အပြင် လည်ပတ်ဖို့နေရာအပြင် ဥပမာ- အရသာရှိတဲ့ ထမင်းဟင်းတို့ကို သုံးဆောင်နိုင်မယ့် ပုဂံဒေသရဲ့ အရောင်းအဝယ်နှင့် ပတ်သက်တဲ့ စိတ်ဝင်စားစရာ ကောင်းတဲ့နေရာတွေရှိမယ်ဆိုရင် ပြောပြပေးပါ ခင်ဗျာ။ U...
Continue Reading
နေပြည်တော်၊ နိုဝင်ဘာလ (၂၂) ရက် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ ရေမြေတောတောင် သဘာဝအလှများ၊ ခရီးသွားဆွဲဆောင်သည့်နေရာများ ၊ တိုင်းရင်းသားတို့၏ မတူကွဲပြားသည့် ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များ၊ လူနေမှုဘဝပုံစံများကို ကြည့်ရှုလေ့လာသိမြင် ခံစားနိုင်ရန် အတွက် အပြည်ပြည်ဆိုင်ရာဝင်ပေါက်များနှင့် နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် မြန်မာနိုင်ငံ အတွင်းသို့ အဆက်မပြတ် ဝင်ထွက်သွားလာလည်ပတ်လျက်ရှိပါသည်။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၁၅)ရက်နေ့မှ နိုဝင်ဘာလ (၂၁) ရက်နေ့အထိ တာချီလိတ် နယ်စပ်ဝင်/ထွက်ပေါက်မှတစ်ဆင့် ညအိပ်/နေ့ချင်းပြန်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် ထိုင်းနိုင်ငံသား (၂၅၇၂၉) ဦးနှင့် တတိယ နိုင်ငံသားနိုင်ငံခြားသားခရီးသွားဧည့်သည်(၅၁၈) ဦး၊ လန့်တောင်းနေ့ချင်းပြန်ခရီးစဉ်အနေဖြင့် ထိုင်းနိုင်ငံသား (၅) ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံခရီးစဉ် အနေဖြင့် ထိုင်းနိုင်ငံသားအများစု ပါဝင်သော တတိယနိုင်ငံသား ကမ္ဘာလှည့် ခရီးသည် (၂၅၄) ဦး၊ ပြည်တွင်းခရီးစဉ်သို့...
Continue Reading
1 13 14 15 16 17 21