Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

By

moht moht
တရုတ်ခရီးသွား ဧည့်သည်များအတွက် ခရီးစဉ်များ စီစဉ်ဆောင်ရွက်ခြင်းများ ဆိုင်းငံ့ထားခြင်း နေပြည်တော်၊ ဖေဖော်ဝါရီလ (၁၉) ရက် ၁။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူနိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိပါသည်။ ၂။ လတ်တလောအချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ စတင်၍ ဖြစ်ပွားခဲ့သော (COVID-19) Acute Respiratory Disease ကာကွယ်နိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့လာရောက်မည့်ခရီးသွားဧည့်သည်များအားဆိုက်ရောက် ဗီဇာ (Visa on Arrival) ထုတ်ပေးခြင်းကို ယာယီရပ်ဆိုင်းထားပြီး မြန်မာနိုင်ငံသို့ လာရောက်လိုသည့် တရုတ်ခရီးသွား ဧည့်သည်များနှင့် တရုတ်နိုင်ငံသို့ သွားရောက်မည့် မြန်မာခရီးသွားများအတွက် ခရီးစဉ်များ စီစဉ် ဆောင်ရွက်ခြင်းကို ခေတ္တရပ်ဆိုင်းထားပါသည်။ ၃။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသားများ အင်တာနက်အွန်လိုင်းမှတစ်ဆင့် e-Visa (Tourist) လျှောက်ထားမှုနှင့်စပ်လျဉ်း၍ ကျန်းမာရေးကောင်းမွန်ကြောင်း...
Continue Reading
နေပြည်တော်၊ ဖေဖော်ဝါရီလ (၁၈) ရက် ဟိုတယ်နှင့်ခရီးသွားလာရေး၀န်ကြီးဌာနသည် ဟိုတယ်နှင့် ခရီးသွားကဏ္ဍစနစ်တကျ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (မိုးကုတ်ရုံးခွဲ) ၏ကြီးကြပ်မှု၊ ဆက်စပ်ဌာနဆိုင်ရာများ၏ ပံ့ပိုးကူညီမှု၊ ပုဂ္ဂလိကအသင်းအဖွဲ့များပူးပေါင်းပါ၀င်မှုတို့ဖြင့် (၁၇.၂. ၂၀၂၀) ရက်နေ့မှ (၂၈.၂.၂၀၂၀) ရက်နေ့ထိ ဖွင့်လှစ်သင် ကြားမည့် ဒေသဧည့်လမ်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို (၁၇.၂.၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် ကိုးကန့်စာပေနှင့်ယဉ်ကျေးမှုအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းဖွင့်ပွဲသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (မန္တလေးရုံးခွဲ ) မှ ဒုတိယ ညွှန်ကြားရေးမှူးနှင့် တာ၀န်ရှိသူများ၊ ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြ ဆရာ ဆရာမများ၊ ဖိတ်ကြားထားသူများနှင့် သင်တန်းသား/သင်တန်းသူများ စုစုပေါင်း (၁၆၉) ဦး...
Continue Reading
(COVID-19) Acute Respiratory Disease ရောဂါကာကွယ်ရေးလုပ်ငန်း အထောက်အကူပြု ဆေးလက်မှတ် ဖြည့်စွက်လျှောက်ထားရန် အသိပေးခြင်း နေပြည်တော်၊ ဖေဖော်ဝါရီလ (၁၈) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေ အနားယူနိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိရာ လတ်တလောအချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ စတင်၍ ဖြစ်ပွားခဲ့သော 2019 Novel Coronavirus အဆုတ်ရောင်ရောဂါ(COVID-19) Acute Respiratory Disease ရောဂါကာကွယ်ရေးလုပ်ငန်း အထောက်အကူဖြစ်စေရန် တရုတ် ပြည်သူ့သမ္မတနိုင်ငံသားများ အင်တာနက်အွန်လိုင်းမှတစ်ဆင့် e-Visa (Tourist) လျှောက်ထားမှု နှင့်စပ်လျဉ်း၍ စတင်လျှောက်ထားသည့် နေ့မှစပြီး လွန်ခဲ့သည့် (၁၄) ရက်အတွင်း ဟူပေပြည်နယ်သို့ သွားရောက်နေထိုင်ခဲ့ခြင်းမရှိကြောင်းနှင့် ကျန်းမာရေးကောင်းမွန်ကြောင်း ဆေးလက်မှတ် ပူးတွဲပါ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန သတ်မှတ်...
Continue Reading
မြန်မာနိုင်ငံသို့ ဆိုက်ရောက်မည့် တရုတ်ခရီးသွားများနှင့် တရုတ်နိုင်ငံသို့ သွားရောက်မည့် မြန်မာခရီးသွားများအတွက် ခရီးစဉ်စီစဉ်ဆောင်ရွက်ခြင်းများ ခေတ္တရပ်ဆိုင်း ထားခြင်း နေပြည်တော်၊ ဖေဖော်ဝါရီလ (၂) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေ အနားယူနိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိရာ လတ်တလောအချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ စတင်၍ ဖြစ်ပွားခဲ့သော 2019 Novel Coronavirus အဆုတ်ရောင်ရောဂါကာကွယ်နိုင် ရေးအတွက် မြန်မာနိုင်ငံသို့ လာရောက်လိုသည့် တရုတ်ခရီးသွားဧည့်သည်များနှင့် တရုတ်နိုင်ငံသို့ သွားရောက်မည့် မြန်မာခရီးသွားများ အတွက် ခရီးစဉ်များ စီစဉ်ဆောင်ရွက်ခြင်းကို ခေတ္တရပ်ဆိုင်း ထားပါသဖြင့် ခရီးသွားကုမ္ပဏီများ၊ ဧည့်လမ်းညွှန်များနှင့် ခရီးသွားလုပ်ငန်း ဆောင်ရွက်နေသူများ ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါသည်။
Continue Reading
တရုတ်နိုင်ငံသားခရီးသွားဧည့်သည်များအား Visa on Arrival ဆိုင်းငံ့ထားခြင်း နေပြည်တော်၊ ဖေဖော်ဝါရီလ (၂) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူနိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိရာ လတ်တလောအချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ စတင်၍ ဖြစ်ပွားခဲ့သော 2019 Novel Coronavirus (2019-nCov) အဆုတ်ရောင်ရောဂါ ကာကွယ်နိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့လာရောက်မည့် ခရီးသွား ဧည့်သည်များအား ဆိုက်ရောက်ဗီဇာ (Visa on Arrival) ထုတ်ပေးခြင်းကို ယာယီရပ်ဆိုင်းထားပါသဖြင့် တရုတ်နိုင်ငံသားခရီးသွားများကို ဝန်ဆောင်မှုပေးနေသည့် ခရီးသွားကုမ္ပဏီများ၊ ဧည့်လမ်းညွှန်များနှင့် ခရီးသွားလုပ်ငန်းဆောင်ရွက်နေသူများ လိုက်နာပူးပေါင်းဆောင်ရွက်နိုင်ပါရန် အကြံပြုအပ်ပါသည်။
Continue Reading
Submitted by iprd-user1 on Mon, 02/17/2020 – 14:16 ရေဖြူ ဖေဖော်ဝါရီ ၁၇ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလုံးထာကျေးရွာ၌ ဒုတိယ‌မြောက် လူထုအခြေပြုခရီးသွားလုပ်ငန်း(CBT)ဖွင့်ပွဲကို ကလုံးထာကျေးရွာ ဓမ္မရက္ခိတ ကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီ ၃၀ အချိန်တွင် ကျင်းပခဲ့သည်။ အခမ်းအနားတွင် ကလုံးထာကျေးရွာ ဓမ္မရက္ခိတကျောင်းဆရာတော် ဦးပညာဝံသက အဖွင့်ဩဝါဒ စကားမြွက်ကြား၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်က အဖွင့်အမှာ စကား ပြောကြားရာ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာ၌ တနင်္သာရီတိုင်းဒေသကြီး ၏ ပထမဆုံးလူထု အခြေပြုခရီးသွားလုပ်ငန်း(CBT)ကို ၂၀၁၈ ခုနှစ်တွင် အောင်မြင်စွာဖွင့်လှစ်ခဲ့ပြီး၊ ယခု ရေဖြူမြို့နယ်၊ ကလုံးထာကျေးရွာ၌ ဒုတိယမြောက် လူထုအခြေပြုခရီးသွားလုပ်ငန်း (CBT)ကို ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။...
Continue Reading
နေပြည်တော်၊ ဖေဖော်ဝါရီလ (၁၇) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်သည် (၁၆-၂-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် ကရင်ပြည်နယ် ဘားအံမြို့သို့ သွားရောက်ကာ ကရင်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဝင်များ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များ၊ ဧည့်လမ်းညွှန်များအား ဘားအံမြို့ရှိ Hotel Than Lwin Paradise ဟိုတယ်၌ တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံပွဲသို့ ကရင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဌ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းလှိုင်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များအသင်းနှင့် စားသောက်ဆိုင်လုပ်ငန်းရှင်များ အသင်းတို့မှ တာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များ နှင့် ခရီးသွားလုပ်ငန်းရှင်များ၊ ဧည့်လမ်းညွှန် များနှင့် ရပ်မိရပ်ဖများ စုစုပေါင်း (၅၂) ဦး တက်ရောက်ခဲ့ကြပါသည်။ တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီး ဦးတင်လတ်က အဖွင့်အမှာစကားပြောကြားရာတွင်...
Continue Reading
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးတင်လတ်သည် ယနေ့ (၁၅-၂-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမောင်မောင်ကျော် နှင့် ဝန်ကြီးဌာနမှတာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန်တိုင်ဒေသကြီးတွံတေးမြို့နယ်ရှိ ကျိုက်သလဲ ကျေးရွာတွင် ဆောင်ရွက်လျက် ရှိသော လူထုအခြေပြုခရီးသွားလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထိုသို့သွားရောက်စဉ် ဒုတိယဝန်ကြီးနှင့် အဖွဲ့အား Tour Mandalay Co;Ltd မှ မန်နေဂျင်း ဒါရိုက်တာဦးခင်ဇော်က ကျိုက်သလဲကျေးရွာအတွင်း လူထုအခြေပြုခရီးသွား လုပ်ငန်းဆောင်ရွက်နေသည့် အခြေအနေများ၊ ပြည်တွင်းပြည်ပခရီးသွားဧည့်သည် လာရောက်မှုအခြေအနေများ၊ ခရီးသည်များ တည်းခို နေထိုင်ရန် အဆောင်များ ဆောက်လုပ်ပြင်ဆင်ထားရှိမှုအခြေအနေများနှင့် စားပင်သီးပင်များ စိုက်ပျိုးထား ရှိမှု အခြေ အနေများကိုရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ပါသည့်။ ထို့နောက် ဒုတိယဝန်ကြီးဦးတင်လတ်နှင့် အဖွဲ့သည်ဧည့်သည်ဆောင်များ ပြင်ဆင်ထားရှိမှု...
Continue Reading
နေပြည်တော်၊ ဖေဖော်ဝါရီလ (၁၄) ရက် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ ရေမြေတောတောင် သဘာဝအလှများ၊ ခရီးသွားဆွဲဆောင်သည့်နေရာများ ၊ တိုင်းရင်းသားတို့၏ မတူကွဲပြားသည့် ရိုးရာ ယဉ်ကျေးမှုဓလေ့စရိုက်များ၊ လူနေမှုဘဝပုံစံများကို ကြည့်ရှုလေ့လာသိမြင်ခံစားနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာဝင်ပေါက်များနှင့် နယ်စပ် ဝင်ပေါက်များမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ အဆက်မပြတ် ဝင်ထွက်သွားလာလည်ပတ်လျက်ရှိပါသည်။ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၇)ရက်နေ့မှ ဖေဖော်ဝါရီလ(၁၃)ရက်နေ့အထိ တာချီလိတ် နယ်စပ်ဝင်/ထွက်ပေါက်မှတစ်ဆင့် ညအိပ်/ နေ့ချင်းပြန်ခရီးစဉ် လာရောက် လည်ပတ်ကြသည့် ထိုင်းနိုင်ငံသား (၁၂၉၀၇) ဦးနှင့် တတိယနိုင်ငံသားနိုင်ငံခြားသား ခရီးသွားဧည့်သည် (၃၄၇) ဦး၊ လန့်တောင်းနေ့ချင်းပြန်ခရီးစဉ်တွင် ထိုင်းနိုင်ငံသား (၃) ဉီး၊ မိုင်းဖြတ်၊ ကျိုင်းတုံ ခရီးစဉ်အနေဖြင့် ထိုင်းနိုင်ငံသားအများစု ပါဝင်သော တတိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသည် (၅၃၄) ဦး၊ ပြည်တွင်းခရီးစဉ်သို့ လာရောက်လည်ပတ်ကြသည့်...
Continue Reading
နေပြည်တော်၊ ဖေဖော်ဝါရီလ (၁၄) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးတင်လတ်သည် (၁၃.၂.၂၀၂၀ ) ရက်နေ့ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဉက္ကဌနှင့်နှင့် အမှုဆောင်များ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဉက္ကဌနှင့်အမှုဆောင်များ၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းဉက္ကဌနှင့်အမှုဆောင်များအား ဝန်ကြီး ဌာနရှိ ဒုတိယဝန်ကြီး၏ အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံပါသည်။     တွေ့ဆုံရာတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဉပဒေကို လိုအပ်သည်များ ပြင်ဆင်ဖြည့်စွက် နိုင်ရေးဆိုင်ရာများ၊ မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများတွင် 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသောအဆုတ်ရောင်ရောဂါ တားဆီးကာကွယ်ရေးနှင့် အဆိုပါရောဂါ ဖြစ်ပွားမှု၏ ဂယက်ကြောင့် ခရီးသွားလုပ်ငန်း နယ်ပယ် ကဏ္ဍအတွင်း စီးပွားရေး၊ လူမှုရေးဆိုင်ရာ ထိခိုက်ဆုံးရှုံးမှုများ၊ အခက်အခဲတွေ့ရှိမှုများကို လိုအပ်သလို သုတေသနပြုဖော်ထုတ် ညှိနှိုင်းစီမံ ဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါကြောင်း သတင်းရရှိပါသည်။
Continue Reading
1 2 3 4 21