Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

By

moht moht
နေပြည်တော်၊ ဖေဖော်ဝါရီလ (၁၃) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့်ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှခရီးသွား ဧည့်သည်များ လုံခြုံစိတ်ချ စွာဖြင့် အဆင်ပြေချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ပြည်တွင်း ပြည်ပမှ ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေသဘာဝအလှအပများ၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန်အတွက် လေကြောင်း၊ရေကြောင်း များဖြင့်သာမက နယ်စပ်ဝင်/ထွက်ပေါက်များမှတဆင့် ကိုယ်ပိုင်မော်တော်ယာဉ် များဖြင့်လည်းကောင်း၊ ပြည်တွင်းရှိ  အပျော်စီးသင်္ဘောများဖြင့်လည်းကောင်း လည်ပတ်လျက် ရှိပါသည်။   ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု ၊ Miraculous Myanmar Travels & Tours Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံသားခရီးသွား ဧည့်သည် (၄၉)ဦးတို့သည် ၄င်းတို့၏ ကိုယ်ပိုင်မော်​တော်ယာဉ် (၁၆) စီးဖြင့် ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီ (၈) ရက်နေ့မှ...
Continue Reading
နေပြည်တော်၊ ဖေဖော်ဝါရီလ (၁၁) ရက်             ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အာဆီယံ-ဂျပန်ဗဟိုဌာနတို့၏ စီစဉ်ကြီးကြပ်မှုဖြင့်  (၉-၂-၂၀၂၀) ရက်နေ့မှ (၁၂-၂-၂၀၂၀) ရက်နေ့အထိ ဖွင့်လှစ်မည့် “ခရီးစဉ်ဒေသများအား ထိရောက်စွာ ရှင်းလင်းတင်ပြခြင်း ဆိုင်ရာသင်တန်း(Training Programmeme on Interpretation)” ၏ ဖွင့်ပွဲ အခမ်းအနားကို ပုဂံမြို့ရှိ Heritage Bagan Hotel ၌ ကျင်းပပြုလုပ်လျက်ရှိပါသည်။ သင်တန်းဖွင့်ပွဲသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှမြင့်နှင့် တာဝန်ရှိသူများ၊ အာဆီယံ-ဂျပန်ဗဟိုဌာနမှ အထွေထွေအတွင်းရေးမှူးချုပ်ရုံးမှ ညွှန်ကြားရေးမှူး Ms. ROZIEYANAHAYU BINTI AB RAHMAN နှင့်ကျွမ်းကျင်ပညာရှင်များ၊အာဆီယံ (၁၀)နိုင်ငံမှ အမွေအနှစ်များတည်ရှိရာနေရာဒေသများ၌ တာဝန်ထမ်းဆောင်နေသော ကိုယ်စားလှယ် (၁၀)ဦး၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူများ၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်ဝန်ကြီး ဌာနများမှ ကိုယ်စားလှယ်များ၊...
Continue Reading
နေပြည်တော်၊ ဖေဖော်ဝါရီလ (၁၁) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးတင်လတ်သည် ယနေ့ (၁၁.၂.၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် ဂျပန်နိုင်ငံ၊ အအိချိခရိုင်၊ နာဂိုဟာမြို့တွင် မြန်မာနိုင်ငံအစိုးရမှ မြန်မာ့ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်ထားသည့် မစ္စတာတိုရှိအိုနီရှိမူရနှင့်အဖွဲ့အား နေပြည်တော်ရှိ ဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ခဲ့ပါသည်။ တွေ့ဆုံရာတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးမောင်မောင်ကျော်နှင့်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာနမှ ဂျပန်ခရီးသွားဧည့်သည်များ အဆင်ပြေချောမွေ့စွာ လာရောက်လည်ပတ်နိုင် ရန် အရည်အသွေးရှိသော ခရီးစဉ်များ ဖြစ်ပေါ်လာရေး အလေးထားဆောင်ရွက်နေမှု အခြေအနေ များ၊ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ပူးပေါင်းဆောင် ရွက်မည့်ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါကြောင်း သတင်းရရှိပါသည်။            ...
Continue Reading
နေပြည်တော်၊ ဖေဖော်ဝါရီလ (၁၁) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်သည် (၉-၂-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့သို့ သွားရောက်ကာ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဝင်များ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များကို တိုင်းဒေသကြီးအစိုးရ အဖွဲ့ အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံပွဲသို့ ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်နှင့် ဒေသ ဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ပုသိမ်ဒေသရှိ ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းရှင်များနှင့် မန်နေဂျာများ၊ ဖိတ်ကြားထားသူများ စုစုပေါင်း (၃၅) ဦးခန့် တက်ရောက်ခဲ့ကြ ပါသည်။ တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးက ၂၀၁၈ ခုနှစ်တွင် ပြင်ဆင်ပြဌာန်းခဲ့သည့် မြန်မာနိုင်ငံခရီး သွားလုပ်ငန်းဥပဒေနှင့်အညီ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီများ ဖွဲ့စည်း၍ လုပ်ငန်းလိုင်စင်ထုတ်ပေးခြင်းဆိုင်ရာကိစ္စရပ်များကို လုပ်ပိုင်ခွင့်ခွဲဝေ အပ်နှင်းခဲ့ပြီး အမျိုးသားအဆင့်မူဝါဒရေးရာ ကိစ္စရပ်များနှင့် ခရီးသွားလုပ်ငန်းစံချိန်စံညွှန်း...
Continue Reading
နေပြည်တော်၊ ဖေဖော်ဝါရီလ(၁၀) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့်ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှခရီးသွား ဧည့်သည်များ လုံခြုံစိတ်ချ စွာဖြင့် အဆင်ပြေချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်တွင်း ပြည်ပမှ ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေသဘာဝအလှအပများ၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန် စင်းလုံးငှား ခရီးသည်ရေယာဉ်များဖြင့် မြန်မာနိုင်ငံ၏ ခရီးစဉ်​ဒေသများသို့ သွားလာလည်ပတ်လျက်ရှိပါသည်။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ Elegant Myanmar Tours Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် အီတလီနိုင်ငံသားဧည့်သည် (၁) ဉီး၊ ပြင်သစ်နိုင်ငံသားဧည့်သည် (၁) ဦး၊ စုစုပေါင်းဧည့်သည် (၂)ဉီးသည်  Mergui Princess ရေယာဉ်ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့မှ ဇန်နဝါရီလ (၃၁) ရက်နေ့အထိ ကော့သောင်း-တောင်လပို့ကျွန်း-၁၁၅ကျွန်း-၂၅၄...
Continue Reading
နေပြည်တော်၊ ဖေဖော်ဝါရီလ (၁၀) ရက် မြန်မာနိုင်ငံမှ ပါဝင်ဆောင်ရွက်နေသော BIMSTEC (Bay of Bengal Initiative of Multi-Sectoral Technical and Economic Cooperation) ပူးပါင်းဆောင်ရွက်မှုအတွက် အလံအသစ်နှင့် Logo အသစ် သတ်မှတ်ရန် ဒီဇိုင်းပြိုင်ပွဲကို အိန္ဒိယနိုင်ငံမှ ဉီးဆောင်၍ ပြုလုပ်သွားရန်ရှိပြီး အနိုင် ရရှိသူအား USD(3000/-) ချီးမြှင့်သွားရန်ရှိကြောင်း သိရှိရပါသည်။ အဆိုပါပြိုင်ပွဲသို့ ဝန်ကြီးဌာနမှ ဝန်ထမ်းများအပြင် အခြားမြန်မာနိုင်ငံသား မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး မှီငြမ်းနိုင်ရန် BIMSTEC ပူးပေါင်းဆောင်ရွက်မှု၏ အချက်အလက်များကို Website. www.bimstec.org တွင်လည်းကောင်း၊ ပြိင်ပွဲဝင်အတွက် Terms and Conditions ၊ Process and Indicative Timelines နှင့် Contest...
Continue Reading
နေပြည်တော် ၊ ဖေဖော်ဝါရီလ ၉ ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် ယနေ့ (၉-၂-၂၀၂၀)ရက်နေ့ မွန်းလွဲပိုင်းတွင် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ ဦးစီးဌာန လက်အောက်ရှိ မန္တလာဒီဂရီကောလိပ်မှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုစီမံခန့်ခွဲမှုပညာ(Bachelor of Tourism and Hospitality Management-BTHM)ဘာသာရပ် ပထမနှစ်ကျောင်းသား/ကျောင်းသူ(၈၀)ဦးနှင့် ကြီးကြပ်သူဆရာ/ဆရာမ (၅)ဦးတို့အား  ဝန်ကြီးဌာန၏ ကျောက်စိမ်းခန်းမ၌ လက်ခံ တွေ့ဆုံရာ  အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ နီပေါနိုင်ငံ အခြေစိုက် The Last Resort မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးခင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းအမွေအနှစ်များနှင့် ဘာသာရေး၊...
Continue Reading
နေပြည်တော်၊ ဖေဖော်ဝါရီလ ၈ ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဉီးတင်လတ်သည် ယနေ့ နေ့လည်ပိုင်း တွင်ရန်ကုန်မြို့ ၊ တော်ဝင်စင်တာတွင်ဖွင့်လှစ်ထားသော မြန်မာနိုင်ငံ အမှတ်တရ ပစ္စည်း ထုတ်လုပ် ဖြန့်ဖြူးရောင်းချသူများအသင်းရုံးခန်းသို့သွားရောက်ပြီး အသင်းတာဝန်ရှိ သူများနှင့် တွေ့ဆုံ၍ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးခဲ့ပါသည်။ တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်းဆိုင်ရာ လိုင်စင်ကိစ္စရပ်များကို သက်ဆိုင်သည့်ပြည်နယ်နှင့် တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီများသို့ လွှဲပြောင်းပေးခဲ့ပြီး ၊ မူဝါဒရေးရာကိစ္စရပ်များနှင့် စံချိန်စံညွှန်း သတ်မှတ် ခြင်းစသည့်ကိစ္စရပ်များကိုသာ ဆောင်ရွက်လျှက်ရှိပြီး ၊ ဝန်ဆောင်မှုပေးသည့် ဝန်ကြီးဌာနအဖြစ်‌ ဆောင်ရွက်လျှက်ရှိပါကြောင်း ၊ အသင်းများ ၊ ခရီးသွားနယ်ပယ်များမှ လုပ်ငန်းရှင်များ၏ အသံကို နားထောင်၍ အခြေအနေမှန် ကိုသိရှိပြီး မူဝါဒချမှတ်ခြင်း ၊ အကောင်အထည်ဖော်ခြင်းများပြုလုပ် နိုင်ရန်အတွက်လာရောက်တွေ့ဆုံခြင်းဖြစ်ပါကြောင်း...
Continue Reading
နေပြည်တော်၊ ဖေဖော်ဝါရီလ (၇) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (စစ်တွေရုံးခွဲ) ၏ စီစဉ်ဆောင်ရွက်မှုဖြင့် 2019 Novel Coronavirus အဆုတ်ရောင်ရောဂါ စောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို (၆.၂.၂၀၂၀) ရက်နေ့၊ မွန်းလွဲပိုင်းတွင် သံတွဲခရိုင်၊ ငပလီကမ်းခြေဒေသရှိ Famous Hotel (Ngapali) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (စစ်တွေရုံးခွဲ) မှ ညွှန်ကြားရေးမှူး ဦးရဲအောင်မိုးနှင့် တာဝန်ရှိသူများ၊ သံတွဲခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း (ရခိုင်ဇုန်) မှ တာဝန်ရှိသူများနှင့် ဟိုတယ်နှင့်တည်းခိုရိပ်သာများမှ မန်နေဂျာများနှင့် ဝန်ထမ်းများ စုစုပေါင်း (၈၀) ဦး တက်ရောက်ခဲ့ကြပါသည်။...
Continue Reading
1 2 3 4 5 21