Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

By

MOHT Admin
ခရီးသွားအကြံပြုချက် (၃) “စက်တပ်ယာဉ်များအား အန္တရာယ်ကင်းရှင်းစွာ အသုံးပြုရေး” ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍရေရှည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများ ဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူနိုင်ရန် ရည်ရွယ်ချက်ထားဆောင်ရွက်လျှက်ရှိရာ မြန်မာနိုင်ငံခရီးစဉ်ဒေသအသီးသီးသို့ လာရောက်လည်ပတ် လျှက်ရှိသည့် ခရီးသွားဧည့်သည်(Group Tour ၊ FIT Tour အပါအဝင်) များသည် ခရီးစဉ်ဒေသများတွင် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်စသည့်စက်တပ်ယာဉ်များအား ကိုယ်တိုင်စီးနင်းမောင်းနှင် လည်ပတ်ရာတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ သတ်မှတ်ထုတ်ပြန်ထားသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ၊ အမိန့်နှင့်ညွှန်ကြား ချက်များနှင့်အညီ (Webpage http://rtad. gov.mm/?p=7319 Link ပါအတိုင်း)  လိုက်နာဆောင်ရွက် ကြရန် အကြံပြုအပ်ပါသည်။          ...
Continue Reading
ခရီးသွားအကြံပြုချက် (၂) “ခရီးစဉ်ဒေသအလိုက် ကန့်သတ်ချက်ရှိသော နယ်မြေဒေသများ” ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်          ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ဟိုတယ်နှင့်ခရီးသွားကဏ္ဍရေရှည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများ ဘေးကင်းလုံခြုံ အဆင်ပြေစွာ အပန်းဖြေအနားယူနိုင်ရန် ရည်ရွယ်ချက်ထားဆောင်ရွက်လျှက်ရှိပြီး ခရီးသွားဧည့်သည်များ လိုက်နာရန်လိုအပ်သည့် ဆောင်ရန် ရှောင်ရန် (Do’s and Don’ts) များ၊ လုံခြုံရေးအရ ကန့်သတ်ထုတ်ပြန်ထားသော သွားလာခွင့်မရှိသည့် (Restricted Area) ဒေသများကို သိရှိနိုင်ရန် ဝန်ကြီးဌာန၏ Website www.tourism.gov.mm/ traveller-tips တွင် ဖော်ပြပေးထားသဖြင့် ခရီးသွားကုမ္ပဏီများ၊ ဧည့်လမ်းညွှန်များ၊ ခရီးသွား ဧည့်သည် (Group Tour ၊ FIT Tour အပါအဝင်) များမှ အဆိုပါသတ်မှတ်ထုတ်ပြန်ချက်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် ခရီးစဉ်အလိုက်ဘေးကင်းလုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်သွားကြပါရန်...
Continue Reading
နေပြည်တော် ဒီဇင်ဘာ ၆ မြန်မာနိုင်ငံ ပုဂံမြို့နှင့် ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိမြို့သို့ တိုက်ရိုက်လေကြောင်း လိုင်း ပြေးဆွဲနိုင်ရေးကိစ္စနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီ တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဒုတိယသမ္မတ ၂ ဦးစီးရုံး အစည်း အဝေးခန်းမ၌ ကျင်းပရာ အမျိုးသား ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကားပြောကြားသည်။ ညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် သူရဦးအောင်ကို၊ ဦးသန့်စင်မောင်၊ဦးသိန်းဆွေ၊ ဦးအုန်းမောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးကျော်မျိုး၊ ဦးခင်မောင်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။ အစည်းအဝေးတွင် ဒုတိယသမ္မတက ယနေ့ပြုလုပ်သည့် အစည်းအဝေးသည် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတွင်ရှိသည့် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် ပုဂံမြို့နှင့် အန်ကောဝပ်ကျောင်းရှိရာ ဆီရမ်ရိရှေးဟောင်းမြို့တော်နှစ်ခုကို ခရီးစဉ်ဒေသ တစ်ခုအဖြစ် ဖော်ဆောင်ရာတွင် အရေးပါသည့်...
Continue Reading
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် လွှင့်တင် ထားသော www.tourism.gov.mm နှင့် www.tourisminmyanmar.com.mm  တို့၏ လုံခြုံမှုပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ CMS စနစ်များ ပုံမှန် Update ဖြစ်စေရန်နှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ပေးရန်အတွက် လုပ်ငန်းအပ်နှံ ဆောင်ရွက်မည်ဖြစ်ပါ၍ စိတ်ပါဝင်စားသည့် ပြည်တွင်းကုမ္ပဏီများအနေဖြင့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ အိတ်ဖွင့်တင်ဒါ တင်သွင်းနိုင် ရန် ဖိတ်ခေါ်အပ်ပါသည်- ၂။      အိတ်ဖွင့်တင်ဒါတင်သွင်းရန် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က)  တင်ဒါပုံစံစတင်ရောင်းချမည့်ရက်   –    ၂၂-၁၁-၂၀၁၉ ရက် (သောကြာနေ့) (ခ )  တင်ဒါပုံစံရောင်းချမည့်နေရာ             –   တင်ဒါပုံစံများကို တစ်စောင်လျှင် ၁၀၀၀၀/- နှင့် တင်ဒါတင်သွင်းရမည့်နေရာ          ကျပ် (တစ်သောင်းကျပ်) နှုန်းဖြင့် e-Government Office ၊ ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာန ၊...
Continue Reading
၁။      ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ခရီးမြှင့်တင်စရိတ် (Digital Marketing) အသုံးစရိတ်များအတွက် ခွင့်ပြုချက်ဖြင့် Google Marketing နှင့် Social Media Marketing၊ Post Boosting လုပ်ငန်းများဆောင်ရွက်ရန်အတွက် လုပ်ငန်းအပ်နှံ ဆောင်ရွက်မည်ဖြစ်ပါ၍စိတ်ပါဝင်စားသည့် ပြည်တွင်းကုမ္ပဏီများအနေဖြင့် တင်ဒါစျေးနှုန်း အဆိုပြုလွှာများ လာရောက် တင်သွင်းနိုင်ပါသည်။ ၂။      အိတ်ဖွင့်တင်ဒါတင်သွင်းရန် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) တင်ဒါပုံစံစတင်ရောင်းချမည့်ရက်   –   ၂၀-၁၁-၂၀၁၉ ရက် (ဗုဒ္ဓဟူးနေ့) (ခ )  တင်ဒါပုံစံရောင်းချမည့်နေရာ နှင့်       တင်ဒါတင်သွင်းရမည့်နေရာ    –   တင်ဒါပုံစံများကို တစ်စောင်လျှင် ၁၀၀၀၀/-ကျပ် (တစ်သောင်းကျပ်)နှုန်းဖြင့် e-Government Office၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ရုံးအမှတ်(၃၃)၊ နေပြည်တော်တွင်ရုံးချိန်အတွင်းဝယ်ယူနိုင်ပါသည်။ (ဂ)   တင်ဒါလျှောက်လွှာပိတ်မည့်ရက်       –   ၁၉-၁၂-၂၀၁၉...
Continue Reading
တန်ဆောင်မုန်းလတွင် ကျင်းပမြဲဖြစ်သည့် မြန်မာ့ရိုးရာတန်ဆောင်တိုင်မီးထွန်းပွဲတော်ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသ ပုဂံမြို့တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင်မှု၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များ ပူးပေါင်းပါဝင်မှုဖြင့် ၊ ဒုတိယ အကြိမ်မြောက် မီးထွန်းပွဲတော်ကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်−     နေ့ရက်၊ ၁၃၈၁ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁၄)ရက် ၂၀၁၉ ခုနှစ်၊ နိုင်ဝင်ဘာလ (၁၀) ရက် နေ့ရာ၊ ခေမင်္ဂဘုရား ( ဥပါလိသိမ်မျက်နှာချင်းဆိုင်) အချိန်၊ ညနေ ၁၇:၀၀ နာရီ အစီအစဉ် ၊ ၁၈:၃၀ နာရီတွင် ခေမင်္ဂဘုရားတွင် ဆီမီး ၉၉၉၉ ဖြင့် ထွန်းညှိပူဇော်မည် ၁၉:၀၀ နာရီတွင် စူဠာမဏိဘုရား အားရည်မှန်း၍ မီးပုံးပျံများလွှတ်တင် ပူဇော်ကြမည် ဖြစ်ပါသည်။ ပွဲတော်သို့ လာရောက်...
Continue Reading
1 2 3