Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

By

Public Relations & Information Department
နေပြည်တော် စက်တင်ဘာ ၁၀ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက် ရေးဖိုရမ်သို့တက်ရောက်အမှာစကား ပြောကြားသည်။ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှုချုပ်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး‌က မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများအနက် ဧရာဝတီ တိုင်းဒေသကြီးတွင် ခရီးသွားလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သဘာဝအလှအပများ၊ သာယာ လှပသည့်ကမ်းခြေများ၊ ဒီရေတောများ၊ တိုင်းရင်းသားပြည်သူများ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများ၊ ဒေသထွက်အစားအသောက်များနှင့် ဒေသထွက်ကုန်ပစ္စည်းများ စသည့်ခရီးသွားဆွဲဆောင်မှု များစွာရှိကြောင်း၊ ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာပါက ခရီးသွားလုပ်ငန်းနှင့် ဆက်စပ် သည့်အစားအသောက်နှင့် အဖျော်ယမကာလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊...
Continue Reading
နေပြည်တော် စက်တင်ဘာ ၁၀ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့၌ ကျင်းပပြုလုပ်သည့် (၉) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်လျက်ရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၄ ရက်နေ့ညနေပိုင်းတွင် ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့ နှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့တို့၏ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးသည်။ ဖိုရမ်တက်ရောက်စဉ်ကာလအတွင်း စက်တင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်သက်သက်ခိုင်မှ Russia- ASEAN Business Dialogue အစီအစဉ်တွင်ပါရှိသည့် New contours of International cooperation ခေါင်းစဉ်အားလည်းကောင်း၊ ယင်းနေ့ညနေပိုင်းတွင် စက်မှုဝန်ကြီးဌာန...
Continue Reading
နေပြည်တော် စက်တင်ဘာ ၉ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ အကြံပေးဖြစ်သူ ဖိုရမ်ကျင်းပရေးကော်မတီ အမှုဆောင်အတွင်းရေးမှူး Mr. Anton Kobyakov ၏ ဖိတ်ကြားမှုအရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ စက်တင်ဘာ ၃ ရက်မှ ၆ ရက်အထိ ကျင်းပသည့် (၉) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် စက်တင်ဘာ ၁ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး Mr. Is-Kander Azizov နှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများက...
Continue Reading
နေပြည်တော်၊ ဩဂုတ် (၂၉) ရက် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားမြှင့်တင်မှုအပါ အဝင် ဆောင်ရွက်ရန်လိုအပ်သော လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်းနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို (၃၀-၇-၂၀၂၄) ရက်နေ့က နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး၊ အလုပ်ရုံဆွေးနွေးပွဲ၏ ဆွေးနွေးချက်များကို အကောင်အထည် ဖော်ဆောင်ရွက်ရေး ဆက်လက်ဆောင်ရွက်ရန် ကိစ္စနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ နီလာခန်းမ၌ ကျင်းပပြုလုပ်ရာ ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက် အမှာစကား ပြောကြားပါသည်။ အဆိုပါ အစည်းအဝေးသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာရှိကြီးများ၊...
Continue Reading
နေပြည်တော် ဩဂုတ် ၂၆ မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၃) အထောက်အပံ့ဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်သည့် ကိုဗစ်အလွန် ကာလ ယဉ်ကျေးမှုအမွေအနှစ် ခရီးစဉ်ဒေသများတွင် ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်း ဖော်ဆောင်ရေး သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပုဂံမြို့ရှိ ရွေနန်းတော် ဟိုတယ်၌ ကျင်းပ သည်။ သင်တန်းဖွင့်ပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များနှင့် ဒေသခံလူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ပုဂံဒေသရှိ ဟိုတယ်များမှ အထွေထွေမန်နေဂျာများနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာ၊ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူ များတက်ရောက်ကြသည်။ ဦးစွာ ဒုတိယဝန်ကြီးဦးဖြိုးဇော်စိုးက ယခုသင်တန်းသည် ဩဂုတ်လ ၂၃ ရက်က...
Continue Reading
နေပြည်တော် ဩဂုတ် ၂၄ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် သည် ယမန်နေ့ နံနက်ပိုင်းက ပုဂံမြို့ရှိ ရွှေနန်းတော်ဟိုတယ်၌ ကျင်းပသည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ ၂၀၂၃ ဖြင့် ဆောင်ရွက်သည့် ကိုဗစ်အလွန်ကာလ ယဉ်ကျေးမှု အမွေအနှစ် ခရီးစဉ်‌ဒေသများတွင် ရေရှည်တည်တံ့သောခရီးသွားလုပ်ငန်း ဖော်ဆောင်ရေးဆွေးနွေးပွဲ (Seminar on Making Tourism More Sustainable in Cultural Heritage Destinations in the Post Pandemic) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E Ms. Ma Jia ၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မဲခေါင်-လန်ချန်း...
Continue Reading
နေပြည်တော် ဩဂုတ် ၂၁ ဒုတိယဝန်ကြီးဦးဖြိုးဇော်စိုးသည် ရှမ်းပြည်နယ် အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်နှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဝမ်ပုံစံပြကျေးရွာအနီးရှိ ဝမ်ပုံအပြည်ပြည် ဆိုင်ရာ ပြည်တွင်းဆိပ်ကမ်းသို့ သွားရောက်ကာ မြန်မာ-လာအို-ထိုင်း (၃)နိုင်ငံနယ်စပ်ဖြတ် ကျော် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်မှုအခြေအနေများကို လှည့်လည် ကြည့်ရှုသည်။ ထို့နောက် မဲခေါင်မြစ်တစ်လျှောက် ရေယာဉ်ဖြင့် သွားရောက်၍ မြစ်ကြောင်းတစ်လျှောက် တွင် ပြည်တွင်းခရီးသွားဧည့်သည်များ သွားရောက် အပန်းဖြေလည်ပတ်နိုင်ရေးအတွက် ဖော်ထုတ်ဆောင်ရွက်နိုင်မှုအခြေအနေများ၊ မြန်မာ-လာအို- ထိုင်း(၃)နိုင်ငံ နယ်စပ်တစ်လျှောက် အပျော်စီးမြစ်ကြောင်း လေ့လာရေးခရီးစဉ်များ ဖော်ထုတ်နိုင်မှုအခြေအနေများကို လှည့်လည် ကြည်ရှုသည်။ ဆက်လက်၍ Golden Triangle Paradise Resort ဟိုတယ်သို့ သွားရောက်ကာ ဟိုတယ်ဝင်းအတွင်း မဲခေါင်မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါပြိုကျမှုမဖြစ်စေရေး မြေထိန်းနံရံ ဆောက်လုပ်ရန် စီစဉ်ဆောင်ရွက်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုပြီး  ရေအရင်း အမြစ်နှင့်...
Continue Reading
နေပြည်တော် ဩဂုတ် ၂၀ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယမန်နေ့ မွန်းလွဲပိုင်းက တာချီလိတ်မြို့နှင့် မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့် မြန်မာ-ထိုင်း အမှတ်(၁)ချစ်ကြည်ရေး တံတားသို့သွားရောက်ကာ ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များ ဝင်ထွက်သွားလာနေမှုအခြေအနေများ၊ ခရီးသွားဧည့်သည်များ ဘေးကင်း လုံခြုံအဆင်ပြေ လွယ်ကူချောမွေ့စွာ ဝင်/ထွက်သွားလာနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် တံတားပေါ်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဖွင့်လှစ် ထားသည့် သတင်းပြန်ကြားရေးကောင်တာသို့ သွားရောက်ကာ မြန်မာနိုင်ငံသို့လာရောက် လည်ပတ်သည့် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များကို ခရီးစဉ်ဒေသဆိုင်ရာ အချက် အလက်များကို လွယ်ကူစွာသိရှိနိုင်ရန် ဆောင်ရွက်ထားမှုအခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တာချီလိတ်ရုံးခွဲသို့ သွားရောက်ကာ ရုံးအတွင်းလှည့်လည်ကြည့်ရှု စစ်ဆေးပြီးရုံးခွဲတွင် တာဝန်ထမ်းဆောင်နေကြသည့် အရာထမ်း၊...
Continue Reading
1 2 3 95