Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

By

Public Relations & Information Department
နေပြည်တော်၊ ဧပြီလ (၂၄) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ COVID-19 အလွန် ကာလတွင် ခရီးသွားလုပ်ငန်းများ မြှင့်တင်ရေး၊ ခရီးစဉ်ဒေသများ စနစ်တကျ စီမံခန့်ခွဲရေးနှင့် COVID-19 ကပ်ရောဂါသက်ရောက်မှုကို ခံစားရသည့် လုပ်ငန်းများအတွက် ကုစားရေးဆိုင်ရာများ  ဆောင်ရွက်ရန် လိုအပ်သောဘဏ္ဍာငွေကြေးလျာထားသတ်မှတ်နိုင်ရေးဆိုင်ရာ အစည်းအဝေးကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးဆောင်၍ ဝန်ကြီးဌာန နီလာအစည်း အဝေးခန်းမမှ Video Conferencing စနစ်ဖြင့်ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဦးမြတ်သူနှင့် တာဝန်ရှိသူများ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်...
Continue Reading
နေပြည်တော်၊ ဧပြီလ (၂၁) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဉီးစီးဌာနမှ နိုင်ငံပိုင် ဟိုတယ်များအား ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ငှားရမ်းထားရှိရာ ယနေ့အချိန်တွင် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်းများစွာ၌ COVID-19 Virus ရောဂါကူးစက်မှု ကျယ်ပြန့်များပြား လာခြင်း ကြောင့် မြန်မာနိုင်ငံရှိဟိုတယ်များတွင် ပြည်တွင်း၊ ပြည်ပ ခရီးသွားများ ဝင်ရောက် တည်းခိုခြင်းမရှိဘဲ ခရီးသွားလုပ်ငန်းများ ရပ်ဆိုင်းထားရ ကြောင်း တွေ့ရှိရ သဖြင့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရန်အတွက် နိုင်ငံပိုင်ဟိုတယ် ငှားရမ်းလုပ်ကိုင်သူများမှ ဌာနသို့ ပေးသွင်းရမည့် ဟိုတယ်၊ မြေ ငှားရမ်းခများကို ၂၀၂၀ ပြည့်နှစ် ၊ ဧပြီလ(၁) ရက်နေ့မှ စက်တင်ဘာလ (၃၀) ရက်နေ့အထိ (၆)လ ရွေ့ဆိုင်းပေးသွင်း ခွင့်ပြုကြောင်း သိရှိရပါသည်။
Continue Reading
နေပြည်တော် ၊ ဧပြီလ (၂၁) ရက် ၁။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံ အဆင်ပြေစွာ အပန်းဖြေ အနားယူနိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိပါသည်။ ၂။ COVID-19 ရောဂါဖြစ်ပွားရာနိုင်ငံများမှ မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ဝင်ရောက် လာခဲ့သူများထံမှတဆင့် မြန်မာနိုင်ငံသို့ ကူးစက်ဝင်ရောက်မှု များ ရှိခဲ့သဖြင့် ခရီးသွား လာမှုဆိုင်ရာ ယာယီကန့်သတ်ခြင်းကို တိုးမြှင့်ဆောင်ရွက်နိုင်ရန် နိုင်ငံတကာလေကြောင်း ခရီးစဉ်များ ဝင်ရောက် ဆင်းသက်ခြင်းကို ယာယီကန့်သတ်သည့် Temporary Measures to Prevent Importation of COVID-19 to Myanmar through Air Travel ဆိုင်ရာ ညွှန်ကြားချက်ကို (၂၉-၃-၂၀၂၀) ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။ ၃။ ယခုအခါ...
Continue Reading
နေပြည်တော်၊ ဧပြီလ ၁၅ ရက် ၁။       ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူနိုင် ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိပါသည်။ ၂။       ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေ (၂၀၁၈) နှင့်အညီ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီများ ဖွဲ့စည်း၍ ထိုကော်မတီများက သက်ဆိုင်ရာဒေသအလိုက် ဟိုတယ်လုပ်ငန်း၊ တည်းခိုရိပ်သာ လုပ်ငန်း၊ ခရီးလှည့်လည်ရေးလုပ်ငန်း၊ ဧည့်လမ်းညွှန်လုပ်ငန်းများအတွက် လိုင်စင်ကြေး၊ လိုင်စင် အသစ်လဲလှယ်ကြေးများကို ကောက်ခံလျက်ရှိပါသည်။ ၃။       နိုင်ငံအများအပြားတွင် ဖြစ်ပွားနေသော Covid-19 ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းအပေါ် ထိခိုက်မှုရှိနေသဖြင့် ခရီးသွားလုပ်ငန်းလုပ်ကိုင်သူ လုပ်ငန်းရှင်များအား ခရီးသွားလုပ်ငန်းများမှ လိုင်စင်ကြေး၊ လိုင်စင်အသစ် လဲလှယ်ကြေးများ ပေးဆောင်ခြင်းကို ၁-၄-၂၀၂၀ ရက်နေ့မှ ၃၁-၃-၂၀၂၁ ရက်နေ့ ကာလအထိ တစ်နှစ်တာကာလအတွက် ကင်းလွတ်ခွင့်ပြု...
Continue Reading
နေပြည်တော်၊ ဧပြီလ (၁၀) ရက် ၁။       ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေ အနားယူနိုင်ရန် ရည်ရွယ်ချက်ထားဆောင်ရွက်လျက်ရှိပါသည်။ ၂။       မြန်မာနိုင်ငံ၌ နေထိုင်လျက်ရှိသည့် ပြည်ပနိုင်ငံသားအချို့မှာ ၎င်းတို့၏ မူလနေရပ်သို့ ပြန် လည်ထွက်ခွာနိုင်ခြင်း မရှိသေးသဖြင့် မြန်မာနိုင်ငံရှိ ဟိုတယ်နှင့် တိုက်ခန်း(apartment)များ၌ ဆက်လက်တည်းခိုနေထိုင်လျက်ရှိရာ အချို့ဟိုတယ်များ၊ တိုက်ခန်းများမှ ၎င်းပြည်ပနိုင်ငံသားများ အားဆက်လက် လက်ခံခြင်းမရှိဘဲ နှင်ထုတ်သည့် ဖြစ်စဉ်များဖြစ်ပွားလျက်ရှိသည့်အတွက် အဆိုပါ နေရာများ၌ တရားဝင်နေထိုင်လျက်ရှိသည့် နိုင်ငံခြားသားများအားဆက်လက်နေထိုင်ခြင်း မရှိစေရန် ဖိအားပေးဆောင်ရွက်နေမှုများ မပြုလုပ်စေရေး၊ ဒေသခံများအနေဖြင့် တည်းခိုနေထိုင်သည့် ပြည်ပ နိုင်ငံသားများသည် ရောဂါဖြစ်ပွားသည်ဟု သံသယရှိပါက သက်ဆိုင်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ လိုအပ်သည့်ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်သွားရေးနှင့် အလားတူဖြစ်စဉ်မျိုး ထပ်မံဖြစ်ပွားမှုများမရှိစေရေးတို့အတွက် သက်ဆိုင်ရာ...
Continue Reading
နေပြည်တော်၊ ဧပြီလ (၉) ရက် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများသို့ နိုင်ငံခြားသားခရီးသွားဧည့်သည်များ လုံခြုံစိတ်ချစွာဖြင့် အဆင်ပြေချောမွေ့စွာသွားလာလည်ပတ်နိုင်ရေး အတွက် ဘက်ပေါင်းစုံမှဖြေလျှော့မှုများ ဆောင်ရွက် လျက်ရှိရာ ယခင်နိုင်ငံခြားသားခရီးသွားဧည့်သည်များ ကန့်သတ်နယ်မြေအဖြစ် သတ်မှတ် ထားသော မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာအုပ်စုရှိ သပြေကျေးရွာဒေသအား ကန့်သတ် နယ်မြေ အဖြစ်မှ ဖြေလျှော့ပြီးဖြစ်ရာ အဆိုပါကျေးရွာဒေသသို့ နိုင်ငံခြားသားများ ခရီးသွားလာပါက ကြိုတင် ခွင့်ပြုချက်တောင်းခံရန် မလိုအပ်ကြောင်းနှင့် လမ်းခရီးလုံခြုံရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့သို့ တောင်းခံဆောင်ရွက်နိုင်ပါကြောင်း သတင်ရရှိပါသည်။
Continue Reading
နေပြည်တော်၊ ဧပြီလ (၉) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်သည် ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် လူဇင်ဘတ်နိုင်ငံ လူဇင်ဘတ်ဖွံ့ဖြိုးမှုအေဂျင်စီတို့ ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း MYA/001  မှ ရန်ကုန်မြို့ရှိ Project Support Office မှ Chief Technical Coordinator ဖြစ်သူ Mr. Geert De Bruycker နှင့်အဖွဲ့အား စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေနှင့် စပ်လျဉ်း၍ (၈.၄.၂၀၂၀) ရက်နေ့ နေ့လည်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန နီလာခန်းမမှ Video Conferencing ဖြင့် လက်ခံတွေ့ဆုံရာ ဒုတိယဝန်ကြီး ဉီးတင်လတ်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးမောင်မောင်ကျော် နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ...
Continue Reading
နေပြည်တော်၊ ဧပြီလ (၆) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်သည် (၄-၄-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်ရှိ နမ့်မွန်ကြီးရေတံခွန်သို့ သွားရောက်ကာ COVID -19 ကူးစက်ရောဂါကြောင့် ခရီးသွားဧည့်သည်များသွားလာမှု ကန့်သတ်ထားစဉ်ကာလ အတွင်း ခရီးသွားလုပ်ငန်းနှင့် ပတ်သက်၍ ခရီစဉ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေး သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ သွားရောက်စဉ် ဒုတိယဝန်ကြီး ဦးတင်လတ်က ရေတံခွန်ပတ်ဝန်းကျင်သန့်ရှင်းသာယာ လှပစေရေး၊ လူသွားလမ်းများစနစ်တကျနှင့် ပိုမိုကောင်းမွန် စေရေး၊ ရေတံခွန်အနီးရှိ စားသောက် ဆိုင်များ ကျန်းမာရေးနှင့်အညီချက်ပြုတ်ရောင်းချနိုင်ရေး၊ ရေတံခွန်သို့ပြေးဆွဲနေသော စက်လှေများ အနေဖြင့် ခရီးသည်များကိုဝန်ဆောင်မှုပေးရာတွင် အန္တရာယ်ကင်းစွာစနစ်တကျ ပို့ဆောင်စေရေး၊ ခရီးသွားလုပ်ငန်းဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိစေဘဲသတ် မှတ်ထားသောအချက်များနှင့်အညီ ကောင်းမွန်စွာဖော်ဆောင်နိုင်ရေးနှင့် လက်ရှိခရီးသည်များ လာရောက် လည်ပတ်ခြင်းမရှိသေးခင်ကာလအတွင်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ရေးတို့ကို တာဝန်ရှိသူများအား...
Continue Reading
1 98 99 100 101