Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

By

Public Relations & Information Department
နေပြည်တော် ဇူလိုင် ၃၁ ခရီးသွားစစ်တမ်းများ စတင်ကောက်ယူခြင်းဖွင့်ပွဲအခမ်းအနားနှင့် ပြည်ဝင်ခရီးသွားစစ်တမ်း (ပထမအကြိမ်)အတွက် အွန်လိုင်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။ အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့မှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နေပြည်တော်ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းနှင့် ခရီးသွားလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များ၊ စစ်တမ်းကောက်ယူကြမည့် အရာထမ်း၊ အမှုထမ်းများက In-Person ဖြင့် တက်ရောက်ကြပြီး မုံရွာစီးပွားရေးတက္ကသိုလ်၊ မန္တလာ တက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်(ရန်ကုန်)မှ ဌာနမှူး များ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်(MTF) မှ ကိုယ်စားလှယ်များ၊ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန နယ်ရုံးခွဲများမှ အရာထမ်း၊ အမှုထမ်းများက Hybrid စနစ်ဖြင့် တက်ရောက်...
Continue Reading
နေပြည်တော် ဇူလိုင် ၃၀ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပသည်။ ဆွေးနွေးပွဲသို့ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဗဟို ကော်မတီဝင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နေပြည်တော် State Academy ၊ မန္တလာတက္ကသိုလ်နှင့် အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ် တို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ညီနောင်အသင်းများမှ တာဝန် ရှိသူများ တက်ရောက်ကြသည်။ ဦးစွာ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ ဇွန်လအတွင်းကျင်းပပြုလုပ်ခဲ့သည့် (၁/၂၀၂၄) ကြိမ်မြောက် အမျိုးသားခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်ထားသည့် မြန်မာနိုင်ငံ...
Continue Reading
နေပြည်တော်၊ ဇူလိုင် ၂၅ ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (World Tourism Day) အထိမ်းအမှတ် “Myanmar Be Enchanted (စွဲမက်ဖွယ်ရာပြည်မြန်မာ)” Short Video ပြိုင်ပွဲဝင်ခွင့်ပုံစံအား အောက်ပါ link တွင် Download ရယူနိုင်ပါသည်- https://shorturl.at/Af9Q2  
Continue Reading
နေပြည်တော် ဇူလိုင် ၂၄ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ တက်ရောက် တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများကို ပိုမိုသိရှိပြီး လာရောက်လည်ပတ်နိုင်ရန်အတွက် နှစ်နိုင်ငံ အစိုးရ-ပုဂ္ဂလိက ခရီးသွားမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ တိုက်ရိုက် လေကြောင်းလိုင်းပြေးဆွဲနေမှု၊ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံခရီးသွားမြှင့်တင်ရေး အစီအစဉ်များကိုရေးဆွဲပြီး အိန္ဒိယနိုင်ငံမှခရီးသွားဧည့်သည်များအပြင် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များကိုပါ ဖိတ်ခေါ်သွားနိုင်ရေး၊ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများနှင့် ခရီးသွားဆွဲဆောင်ရာနေရာများကို ခရီးသွားမြှင့်တင်ရေး ဗီဒီယိုများရိုက်ကူး၍ Social Media...
Continue Reading
နေပြည်တော် ဇူလိုင် ၂၂ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ ညနေပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအနီး မြင်းစီး အားကစားကွင်းအတွင်း၌ ကျင်းပသည်။ သစ်ပင်စိုက်ပျိုးပွဲတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးပြီး ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများက ရတနာတန်းဝင် ကျွန်းပင်များ၊ စိန်ပန်းပင်များ၊ သပြေဘူတပင်များနှင့် ငုရွှေဝါပင်များကို ဆက်လက်စိုက်ပျိုးပေးကြ သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ အရာထမ်း/ အမှုထမ်းများ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။ အလားတူ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်ရုံးခွဲများတွင်လည်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို တစ်ပြိုင်...
Continue Reading
နေပြည်တော် ဇူလိုင် ၁၅ ရန်ကုန်တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် (Yangon Regional Tourism Development Forum) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Wyndham Grand Yangon ဟိုတယ်၌ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရီးစဉ်ဒေသစီမံ ခန့်ခွဲမှုအဖွဲ့များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဦးစွာ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ယိမ်းအဖွဲ့က “ရွှေလက်ကမ်း၍ ကြိုလျက်ပါ” သီချင်းဖြင့် ကပြဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရီးသွားဆွဲဆောင်မှု အရင်းအမြစ်များအပေါ်မူတည်၍ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြှင့်တင် ဆောင်ရွက်ရာတွင် ဒေသဆိုင်ရာ...
Continue Reading
နေပြည်တော် ဇူလိုင် ၁၄ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်၌ကျင်းပသည့် မြန်မာ- အိန္ဒိယ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာ စကားပြောကြားသည်။ အစည်းအဝေးသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန် ရှိသူများ၊ အိန္ဒိယသံရုံးမှ ဒုတိယအတွင်းဝန် Mr. Ashok Kumar ၊ အိန္ဒိယ-မြန်မာ စီးပွားရေးလ ုပ်ငန်းရှင်များအသင်းမှကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့ကျင်းပသည့်အစည်းအဝေးသည် မြန်မာနိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့၏ နှစ်နိုင်ငံအစိုးရနှင့် ပုဂ္ဂလိကခရီးသွားလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေကြသူများ ပူးပေါင်း ဆောင်ရွက်မှုများကိုအခြေခံ၍ နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ရည်ရွယ် ၍ ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် အာဆီယံ+အိန္ဒိယ၊...
Continue Reading
နေပြည်တော် ဇူလိုင် ၁၂ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ဝန်ထမ်းသားသမီးများအား ပညာရည်ချွန် ဆုချီးမြှင့် ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။ တက်ရောက် အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီးဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အရာထမ်း/ အမှုထမ်းများ၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ဝန်ထမ်း သားသမီး ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လူ့စွမ်းအားအရင်းအမြစ်များ (Human Resources) သည် အဓိကအခန်း ကဏ္ဍတွင်ပါဝင်ပြီး လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကို “ပညာ”အပေါ်အဓိက...
Continue Reading
နေပြည်တော် ဇူလိုင် ၁၀ အာဆီယံဒေသတွင်း ခရီးသွားလုပ်ငန်းများ မြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံနှင့် အိန္ဒိယနိုင်ငံများ၏ ခရီးသွား လုပ်ငန်းဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်အဆင့် ကိုယ်စားလှယ်များ ဦးဆောင်ပါဝင်သော အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက တစ်နှစ်လျှင် (၂)ကြိမ် အလှည့်ကျ ကျင်းပပြုလုပ်လျက်ရှိသည်။ အကြိမ် (၆၀) မြောက် အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့အစည်းအဝေး၊ (၄၅) ကြိမ်မြောက် အာဆီယံ + တရုတ်၊ ဂျပန်၊ ကိုရီးယားခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့အစည်းအဝေး၊ (၃၂)ကြိမ်မြောက် အာဆီယံ + အိန္ဒိယ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေးတို့ကို ဇူလိုင် ၁၀ ရက်မှ ၁၁ ရက်အထိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ Video Conferencing စနစ်ဖြင့် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်...
Continue Reading
1 9 10 11 12 13 103