Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

By

Public Relations & Information Department
နေပြည်တော် ဧပြီ ၁၂ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတွင် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အကြိုအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ကျင်းပသည်။ အခမ်းအနားသို့ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်တောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီးဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့်အရာရှိကြီးများ၊ ဝန်ကြီးဌာနမှအရာထမ်း၊ အမှုထမ်းများ၊ ဟိုတယ်နှင့် ခရီးသွား အသင်းအဖွဲ့များမှဥက္ကဋ္ဌများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဟိုတယ်များမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက် ရောက်ကြသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်ကဝန်ကြီးဌာနရှိ ဝန်ထမ်းများအနေဖြင့် ပင်ပန်းမှုများပြေပျောက်၊ စိတ်အပန်းပြေစေရန်နှင့် နှစ်သစ်ကူးအကြို ပျော်ရွှင်မှုများရရှိစေရန် ယနေ့အခမ်းအနားကို ကျင်းပခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ယခုနှစ်နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် ဝန်ကြီးဌာန၏ မိသားစုသင်္ကြန်မဏ္ဍပ်တစ်ခု ပါဝင်တည်ဆောက် ဆင်နွှဲသွားမည်ဖြစ်ပြီး စတုဒိသာကျွေးမွေးဧည့်ခံခြင်း၊ ယိမ်းအဖွဲ့ဖြင့် ကပြဖျော်ဖြေခြင်းများ ပါဝင်မည်ဖြစ်သဖြင့် ဝန်ထမ်းမိသားစုများ အားလုံး လာရောက်ပါဝင်ဆင်နွှဲ ကြစေလိုပါကြောင်း၊ နှစ်သစ်တွင် ယနေ့အခမ်းအနားကို...
Continue Reading
နေပြည်တော်၊ ဧပြီ ၁၀ နေပြည်တော်ကောင်စီနယ်မြေအတွင်း ဖွင့်လှစ်လျက်ရှိသော ဟိုတယ်၊ တည်းခိုရိပ်သာနှင့် ခရီးသွားကုမ္ပဏီများ၏ အမည်စာရင်းကို အောက်ပါ link မှ တစ်ဆင့် Download  ရယူနိုင်ပါသည်- https://shorturl.at/nDN24  
Continue Reading
နေပြည်တော် ဧပြီ ၉ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတွင် မီးဘေးလုံခြုံရေးစီမံချက် ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း အမှုထမ်းများ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပူပြင်းခြောက်သွေ့သော နွေရာသီကာလကို ရောက်ရှိလာသဖြင့် အကြောင်းအမျိုးမျိုးကြောင့် မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်လာပါက ချက်ချင်းဆောင်ရွက်ရမည့် နည်းလမ်းများကို ဝန်ထမ်းအားလုံး သိရှိနားလည်ဆောင်ရွက်တတ်စေရန် ယနေ့အခမ်းအနားကို ကျင်းပခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန ရုံးအဆောက်အဦပရဝဏ်အတွင်းအပြင်၊ ရုံးပစ္စည်းကိရိယာ များနှင့် အရေးကြီးစာရွက်စာတမ်းများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် မတော်တဆ မီးလောင် ကျွမ်းမှုများ ဖြစ်ပွားလာပါက ကိုင်တွယ်ဖြေရှင်းဆောင်ရွက်နိုင်ရန် ဝန်ထမ်းများအားလုံး မီးဘေးလုံခြုံ...
Continue Reading
နေပြည်တော် ဧပြီ ၈ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် သည် ယနေ့ညနေပိုင်းတွင် ဥရောပအာရှစီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဝင်၊ အကြီးစားစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး မစ္စတာဆာဂေးဂလေးဇီးယပ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ဝန်ကြီး ဌာန နီလာခန်းမ၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် ဥရောပအာရှစီးပွားရေးကော်မရှင်အဖွဲ့ဝင်နိုင်ငံဖြစ်သော ရုရှားဖက်ဒရေးရှင်း နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာရေးထိုးခဲ့မှု၊ နှစ်နိုင်ငံအစိုးရ-ပုဂ္ဂလိကများအကြား နီးကပ်စွာပူးပေါင်း၍ ခရီးသွား မြှင့်တင်ရေး ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကောင်အထည်ဖော်နေမှု၊ ဥရောပအာရှ စီးပွားရေးကော်မရှင်နှင့်ကော်မရှင်တွင်ပါရှိသော နိုင်ငံများ နှင့် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ ရေးထိုးနိုင်ရေး၊ ယင်းနိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံရှိ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၌ လာရောက် ရင်းနှီးမြှုပ်နှံနိုင်ရေး၊ ခရီးသွားမြှင့်တင်ရေးဆိုင်ရာ အချက်အလက်များမျှဝေနိုင်ရေး၊ ပင်လယ်ကမ်းရိုး တန်းနှင့်စပ်လျဉ်းသော ခရီးသွားလုပ်ငန်းများ၊ အားကစားနှင့်စွန့်စားခရီးသွားလုပ်ငန်းများ...
Continue Reading
နေပြည်တော်၊ ဧပြီလ (၄) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်မြင့်အရာရှိကြီးများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန၏ ကျောက်စိမ်းခန်းမ၌ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပရာတွင် နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်၊ နေပြည်တော်လမ်းလျှောက်သင်္ကြန် ဗဟိုမဏ္ဍပ်နှင့် နေပြည်တော်လမ်းလျှောက်သင်္ကြန်တို့တွင် သင်္ကြန်အကအလှများဖြင့် ဝန်ကြီးဌာန ကိုယ်စားပြုကပြဖျော်ဖြေမည့် သင်္ကြန်ယိမ်းအဖွဲ့၏ ဇာတ်တိုက်လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးခဲ့ကြပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်တိုင်း စစ်ဌာနချုပ်ရှိ ပေါင်းလောင်းရိပ်သာ၌ ကျင်းပပြုလုပ်သော ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုစားသောက်ဖွယ်ရာများ ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ပါသည်။ အဆိုပါအခမ်းအနားသို့ တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့်...
Continue Reading
နေပြည်တော်၊ ဧပြီလ (၁) ရက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့တို့မှ ပူးပေါင်းစီစဉ်မှုဖြင့် ဖွင့်လှစ်သော ဧည့်သည်စာရင်းစီမံခန့်ခွဲမှုစနစ် (GLMS) စနစ် အသုံးပြုနည်း လမ်းညွှန်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၉-၃-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် ပုသိမ်မြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပပြုလု်ပခဲ့ပါသည်။ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အဖွင့်အမှာစကားပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ပုသိမ်ခရိုင်နှင့် မြို့နယ် DMO ဥက္ကဋ္ဌများ၊ မြို့နယ်/ မြို့စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ တည်းခိုခန်းလုပ်ငန်းရှင်များ၊ သင်တန်းသား/ သူများ တက်ရောက်ခဲ့ပါကြောင်း သိရှိရပါသည်။
Continue Reading
နေပြည်တော် မတ် ၃၀ နေပြည်တော် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း၏ စီစဉ်ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ်၊ အမျိုးသားပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲများကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အားကစားရုံ၌ ကျင်းပသည်။ အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်နှင့် အဆင့်မြင့်အရာရှိ ကြီးများ၊ နေပြည်တော်ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်/ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ နေပြည်တော်ခရီးသွား လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ ဟိုတယ်များမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများ၊ ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များ အသင်း၏ ၂၀၂၄ ခုနှစ်၊ အမျိုးသားပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲများ၏ ဗိုလ်လုပွဲစဉ်ကို ကြည့်ရှု အားပေးသည်။ ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဗလငါးတန်နှင့်ပြည့်စုံသော...
Continue Reading
နေပြည်တော် မတ် ၂၉ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၃) ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်သော “Center for Tourism Development (Keng Tung)” စီမံကိန်း၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာနသင်တန်းကျောင်း တည်ဆောက်ရေးနှင့် ဟိုတယ် နှင့်ခရီးသွားကဏ္ဍ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်း တွင် ကျိုင်းတုံမြို့ရှိ Amazing Hotel ၌ ကျင်းပသည်။ အခမ်းအနားတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊  ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဌနှင့် တာဝန်ရှိသူများ၊ ကျိုင်းတုံဒေသရှိ ခရိုင်နှင့် မြို့နယ်အဆင့် ခရီးစဉ်ဒေသ စီမံခန့်ခွဲရေး (Destination Management Organization- DMO) အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ၊ ကျိုင်းတုံတက္ကသိုလ်မှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းရှင်...
Continue Reading
နေပြည်တော် မတ် ၂၈ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump ကို ယနေ့ မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ တက်ရောက် အဆိုပါတွေ့ဆုံပွဲသို့ ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် အဆင့်မြင့်အရာရှိကြီးများ၊ ဘာသာရပ်တာဝန်ခံများ ပါဝင်တက်ရောက်ကြသည်။ ခရီးသွားလုပ်ငန်းများဆွေးနွေး တွေ့ဆုံစဉ် မြန်မာ-ထိုင်း နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာများနှင့် ခရီးသွားမြှင့်တင် ကြော်ငြာရေးဆိုင်ရာကိစ္စရပ်များ၊ အဏ္ဏဝါခရီးသွားလုပ်ငန်းအပါအဝင် ခရီးသွား လုပ်ငန်းအမျိုးအစားများ အတူတကွဖော်ထုတ်မြှင့်တင်၍ နယ်စပ်ဖြတ်ကျော်ခရီးသွားလုပ်ငန်းနှင့် နှစ်နိုင်ငံခရီးသွားဧည့်သည်များ လွယ်ကူချောမွေ့စွာ ဝင်ရောက်လည်ပတ်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံခရီးသွားဝန်ကြီးဌာနတို့အကြား ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာများ ရေးထိုးခဲ့ခြင်းအပေါ် ဆက်လက်အကောင် အထည်ဖော်ရေးကိစ္စရပ်များ၊ မြန်မာ-ထိုင်းနှစ်နိုင်ငံအစိုးရ- ပုဂ္ဂလိကကိုယ်စားလှယ်များပါဝင်သော ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ဖွဲ့စည်း၍...
Continue Reading
နေပြည်တော် မတ် ၂၆ နေပြည်တော်ကို ခရီးစဉ်ဒေသတစ်ခုအဖြစ် မြှင့်တင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်း ခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ အမြဲတမ်း အတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ တို့မှ တာဝန်ရှိသူများ၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကဥက္ကဋ္ဌများ၊ Pioneer Airodrome Services Co., Ltd နှင့် လေကြောင်းလိုင်းများ၊ ဟိုတယ် များ၊ ခရီးသွားကုမ္ပဏီများ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်များမှ တာဝန်ရှိသူများ တက်ရောက် ကြပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများက...
Continue Reading
1 13 14 15 16 17 101