Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

By

Public Relations & Information Department
နေပြည်တော် မေ ၂၃ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် သည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး H.E. Dr. Md. Monwar Hossain ဦးဆောင်သောအဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။ ဆွေးနွေး တွေ့ဆုံစဉ် နှစ်နိုင်ငံရှိ ခရီးစဉ်ဒေသများသို့ ခရီးသွားပြည်သူများ အပြန်အလှန် သွားလာလည် ပတ်ရေး၊ နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည် ရင်းနှီးမှု၊ နားလည်မှုများ ဖလှယ်ခြင်းမှတစ်ဆင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုများနှင့် အပြန်အလှန် သွားလာလည်ပတ်မှုမြှင့်တင်ရေး၊ မြန်မာ – အိန္ဒိယ- သီရိလင်္ကာ – နီပေါ- ဘူတန်နိုင်ငံများနှင့် ပူးပေါင်း၍ ဘုရားဖူးခရီးစဉ်များ မြှင့်တင် ဆောင်ရွက်လိုမှု၊ ယခင်ပြေးဆွဲခဲ့သော ရန်ကုန်-ဒါကာ၊ ဒါကာ-ရန်ကုန် တိုက်ရိုက်လေကြောင်း ခရီးစဉ် ပြန်လည်ပြေးဆွဲနိုင်ရေး၊...
Continue Reading
နေပြည်တော်၊ မေလ (၂၁)ရက် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီမံဆောင်ရွက်လျက်ရှိရာ ခရီးသွားဧည့်သည်များလာရောက် လည်ပတ်စဉ် ကောင်းမွန်သောဝန်ဆောင်မှုများပေးစွမ်းနိုင်ရေး ရည်ရွယ်၍ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့မှ စီစဉ်ကြီးကြပ်မှုဖြင့် ဟိုတယ်ဝန်ဆောင်မှု ဆိုင်ရာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်အမှာစကားပြောကြား ပါသည်။ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် အဆင့်မြင့်အရာရှိကြီးများ၊ နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွား အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် က အဖွင့်အမှာစကား ပြောကြားရာ၌ ယခုသင်တန်းအား ခရီးသွားလုပ်ငန်းရှိ ဧည့်ဝန်ဆောင်မှုကဏ္ဍမှ ဝန်ထမ်းများ အရည်အသွေးပြည့်ဝပြီး ...
Continue Reading
နေပြည်တော် မေ ၂၀ မန္တလေးတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့တော်ခန်းမ၌ ကျင်းပသည်။ ဖိုရမ်သို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်အဆင့်ခရီးစဉ် ဒေသစီမံခန့်ခွဲမှုအဖွဲ့များ၊ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ပညာရှင်များ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ဖိုရမ်တွင် ပြည်ထောင်စုဝန်ကြီးက မန္တလေးတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့များအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ခရီးစဉ်ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်မှုနှင့် မြှင့်တင်ကြော်ငြာရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့၏ ကမ္ဘာ့ခရီးသွားလုပ်ငန်းအပေါ် သုံးသပ်ချက် များ၊ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ-ပုဂ္ဂလိက-အသင်းအဖွဲ့ များ၏ ပူးပေါင်းဆောင်ရွက်မှုများ၊ မန္တလေးတိုင်းဒေသကြီးကို...
Continue Reading
နေပြည်တော် မေ ၁၇ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်အသီးသီးတွင် တက်ရောက်သင်ကြားကြမည့် ဝန်ထမ်းသားသမီး ကျောင်းသား ကျောင်းသူများအတွက် ပညာသင်စရိတ်ထောက်ပံ့ပေးအပ် ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် အဆင့်မြင့်အရာရှိကြီး များ၊ အရာထမ်း၊ အမှုထမ်းများနှင့် ဝန်ထမ်းသားသမီး ကျောင်းသား ကျောင်းသူများ တက်ရောက် ကြသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းမိသားစုဝင်များမှ ထူးချွန်ထက်မြက်သည့် ပညာတတ်အနာဂတ် မျိုးဆက်သစ်များ ပေါ်ထွက်လာစေရန် အခြေခံပညာ မူလတန်းအဆင့်မှ တက္ကသိုလ်အဆင့်အထိ ပညာသင်ကြားလျက်ရှိကြသည့် ကျောင်းသား ကျောင်းသူ များအတွက် ပညာသင်ထောက်ပံ့ကြေးများကို နှစ်စဉ်ချီးမြှင့်ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊...
Continue Reading
နေပြည်တော် မေ ၁၆ မြန်မာ-တရုတ် ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (Familiarization Trip- FAM Trip) တွင် လိုက်ပါလာကြသည့် ကိုယ်စားလှယ်များသည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စု နယ်မြေ နေပြည်တော် ဟိုတယ်လုပ်ငန်းဆိုင်ရာသင်တန်းကျောင်း၌ အမှတ်တရသစ်ပင်များ စိုက်ပျိုး ကြရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရာရှိကြီးများ၊ နေပြည်တော်ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းနှင့် ခရီးသွားလုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ဟိုတယ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြသည်။ ကြည့်ရှုအားပေးစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာ-တရုတ် ခရီးသွားမြှင့်တင်ရေး ရင်းနှီး ကျွမ်းဝင်မှုဆိုင်ရာ ခရီးစဉ်တွင်လိုက်ပါလာကြသည့် ကိုယ်စားလှယ်များကို ယခုခရီးစဉ်၏ အမှတ် တရအဖြစ် သစ်ပင်စိုက်ပျိုးခြင်းအစီအစဉ် ထည့်သွင်းပေးထားခြင်းဖြစ်ပါကြောင်း၊ ကိုယ်စားလှယ် များ စိုက်ပျိုးထားခဲ့သောအပင်များကို နောင်လာမည့်နှစ်များတွင် လာရောက်ကြည့်ရှုနိုင်ရေးအတွက် ထပ်မံဖိတ်ခေါ်ပေးသွားမည်ဖြစ်ပါကြောင်း၊ အစိမ်းရောင်ခရီးသွားလုပ်ငန်းမြှင့်တင်ရေး...
Continue Reading
နေပြည်တော် မေ ၁၅ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန၏ ဦးဆောင်မှု၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ဟိုတယ်နှင့် ခရီးသွားအသင်းအဖွဲ့များ ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိသော မြန်မာ- တရုတ် ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (Familiarization Trip- FAM Trip) တွင် လိုက်ပါလာကြသည့် ကိုယ်စားလှယ်များကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ တွေ့ဆုံရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်မြင့်အရာရှိကြီးများ၊ အရာထမ်းများ တက်ရောက်ကြ သည်။ တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က မြန်မာ- တရုတ် ခရီးသွား မြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (FAM Trip) တွင် လိုက်ပါခဲ့ကြသည့် ကိုယ်စားလှယ် များအနေဖြင့် မြန်မာနိုင်ငံ၏...
Continue Reading
နေပြည်တော်၊ မေ ၁၆ ကယားပြည်နယ်အတွင်း ဖွင့်လှစ်လျက်ရှိသော ဟိုတယ်၊ တည်းခိုရိပ်သာနှင့် ခရီးသွားကုမ္ပဏီများ၏ အမည်စာရင်းကို အောက်ပါ link မှ တစ်ဆင့် Download  ရယူနိုင်ပါသည်- https://shorturl.at/pNU06
Continue Reading
1 2 3 4 91