Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

By

Public Relations & Information Department
နေပြည်တော် နိုဝင်ဘာ ၈ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး၊ တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီဥက္ကဋ္ဌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ တည်းခိုရေးစခန်းသို့ သွားရောက်ကာ အမျိုးသားအားကစားပွဲတော်တွင် ပြိုင်ပွဲဝင်မည့် အားကစားသမားများ၊ အုပ်ချုပ်သူနှင့် နည်းပြများ၊ ဒိုင်/ဂျူရီများ အဆင်ပြေစွာ တည်းခိုနေထိုင်နိုင်ရန် အဆောင်များ ပြုပြင်ဆောင်ရွက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ဦးစွာ ဆပ်ကော်မတီဝင်များက လာရောက်ကြမည့် အားကစားသမားများ၊ အုပ်ချုပ်သူနှင့် နည်းပြများ၊ ဒိုင်/ ဂျူရီများ အဆင်ပြေစွာ တည်းခိုနေထိုင်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ဧည့်ခံကျွေးမွေးရန် ပြင်ဆင်ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက တည်းခိုနေထိုင်သူများအတွက် သောက်ရေ/ သုံးရေများ လုံလောက်မှုရှိစေရေးနှင့် ကျန်းမာ ရေးနှင့်အညီ သန့်ရှင်းမှုရှိစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန်၊ ဧည့်ခံကျွေးမွေးမည့် အဆောင်...
Continue Reading
နေပြည်တော် နိုဝင်ဘာ  ၆ ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနား၊ ဆုချီးမြှင့်ပွဲအခမ်းအနား နှင့် ပိတ်ပွဲအခမ်းအနားတို့တွင် ဧည့်ခံကျွေးမွေးရေးကိစ္စရပ်များ စီစဉ်ဆောင်ရွက်နိုင်ရန်အတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ နီလာအစည်းအဝေးခန်းမ၌ ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့်    ဟိုတယ် များမှတာဝန်ရှိသူများ တက်ရောက် ကြသည်။ အစည်းအဝေးတွင် ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပ နိုင်ရေး၊ တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီဥက္ကဋ္ဌ၊ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက အခမ်းအနားများသို့ တက်ရောက်လာကြ မည့် ဧည့်သည်များကို ကျန်းမာရေးနှင့်ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်သော အစားအစာများဖြင့် တည်ခင်းဧည့်ခံနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဝန်ဆောင်မှုပေးမည့် ဝန်ထမ်းများ ကူးစက်ရောဂါကင်းရှင်းရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားချက်များ ကို လိုက်နာဆောင်ရွက်ကြရမည် ဖြစ်သည့်အပြင်လုံခြုံရေးကိစ္စကို အထူးဂရုပြုဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားသည်။...
Continue Reading
နေပြည်တော်၊ နိုဝင်ဘာ ၅ ၂၀၂၄ ခုနှစ်၊ ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး၊ တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီဥက္ကဋ္ဌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယမန်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ တည်းခိုရေး စခန်းကို ကြည့်ရှုစစ်ဆေးသည်။ ထိုသို့ စစ်ဆေးစဉ် ဒုတိယဝန်ကြီးက တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော် မတီဝင်များ၊ တည်းခိုရေးစခန်းတို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး  ပြိုင်ပွဲဝင်အားကစား သမားများ၊ အားကစားနည်းပြများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် ဒိုင်/ဂျူရီများ  တည်းခိုနေထိုင်မည့် နေရာများကို ကျန်းမာရေးနှင့် ညီညွတ်ပြီး သန့်ရှင်းသပ်ရပ်သော ပတ်ဝန်းကျင်ဖြစ်စေရေး၊ ဆပ်ကော်မတီဝင်များအားလုံးက ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသည့် ဆပ်ကော်မတီဝင်များက တည်းခိုနေထိုင်ရေး ဧည့်ခံ ကျွေးမွေးရေးတို့နှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် များကို ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ...
Continue Reading
နေပြည်တော် နိုဝင်ဘာ ၅ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ အထောက်အပံ့ဖြင့် ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနက ဒုတိယမြောက် စီမံကိန်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့်  The Establishment of Bakery & Pastry Training စီမံကိန်း၏ မုန့်ဖုတ်နည်း ဆရာဖြစ်သင်တန်းအမှတ်စဉ်(၅)သင်တန်းဆင်းပွဲနှင့် မုန့်ဖုတ်နည်း အခြေခံသင်တန်းအမှတ်စဉ် (၁၁) သင်တန်းဖွင့်ပွဲခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန(CTD)၌ ကျင်းပသည်။ အခမ်းအနားတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ယခုသင်တန်းများကို အာဆီယံစံနှုန်းများနှင့်အညီဖွင့်လှစ်ပို့ချပေး ခြင်းဖြစ်ပြီး နိုင်ငံတကာမုန့်ဖုတ်နည်း အမျိုးအစား ၄၈ မျိုးကိုသင်ကြားပို့ချပေးသွားမည်ဖြစ် ကြောင်း၊ ယခုကဲ့သို့ ဖွင့်လှစ်ပို့ချပေးခြင်းဖြင့် ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှု ကဏ္ဍအတွင်းရှိ လုပ်သားထု၏ လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်မြင့်မား လာမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော...
Continue Reading
နေပြည်တော်၊ နိုဝင်ဘာ ၄ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၏ အထောက်အပံ့ဖြင့် ဝန်ဆောင်မှုအရည်အသွေးမြှင့်တင်ရေးသင်တန်းများ ဖွင့်ပွဲအခမ်းအနားနှင့် တရုတ်ခရီးသွားဈေးကွက်မြှင့်တင်ရေးဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ UMFCCI မင်္ဂလာခန်းမ၌ ကျင်းပသည်။ အခမ်းအနားသို့  ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဌာနမှ သံမှူးနှင့် တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (China Foundation for Rural Development – CFRD) မှ တာဝန်ရှိသူများ၊​ ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ အမျိုးသား စီမံခန့်ခွဲမှုပညာဒီဂရီ ကောလိပ်မှ ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၊ ခရိုင်အဆင့်...
Continue Reading
နေပြည်တော် အောက်တိုဘာ ၃၁ ခရီးသွားလုပ်ငန်းကော်မတီ၏ (၂/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနရှိ ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။ အစည်းအဝေးတွင် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် မိမိတို့နယ်မြေအတွင်း ပြည်တွင်း ပြည်ပခရီးသွားများအတွက် ဆွဲဆောင်မှုရှိပြီး သွားလာလည်ပတ်သင့်သော ခရီးစဉ်ဒေသ လမ်းကြောင်းများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ရင်းနှီးမြှုပ်နှံမှုများပိုမိုတိုးတက်လာစေရေး တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာစေရေးနှင့် ခရီးသွားလုပ်ငန်း အခြေခံအဆောက်အဦကဏ္ဍတွင် ဦးစားပေးရင်းနှီး မြှုပ်နှံမှုများ မြင့်မားလာစေရေးအတွက် ရင်းနှီးမြှုပ်နှံသူများနှင့် အများပြည်သူများကို ရှင်းလင်းချပြ ဆွေးနွေးနိုင်သည့် Tourism Investment Forum များပြုလုပ်ရန် လိုအပ်ကြောင်း၊ ပြည်တွင်း ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်သည့် ပွဲတော်ပြက္ခဒိန်...
Continue Reading
နေပြည်တော်၊ အောက်တိုဘာ ၂၉ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတိုအကြား အပြန်အလှန်ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန်၊ နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရန်နှင့် လက်တွေ့ကျသော ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တယ်ဟုန်းပြည်နယ်ခွဲ၊ မန်စီမြို့၊ ရွှေလီမြို့နှင့် လုံချွမ်းခရိုင်မြို့များသို (၂၂-၁၀-၂၀၂၄) ရက်နေ့မှ (၂၆-၁၀-၂၀၂၄)ရက်နေ့အထိ လေ့လာရေးခရီးစဉ်လာရောက်ရန် ရွှေလီ နိုင်ငံတော် အလေးပေး စီးပွားရေးတံခါးဖွင့်စမ်းသပ်ရေးအထူးဇုန်အုပ်ချုပ်ရေးကော်မတီ မြန်မာနိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးရုံးမှ ဖိတ်ကြားခဲ့ရာ အဆိုပါလေ့လာရေးခရီးစဉ်သို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ဦးဆောင်သည့် ဝန်ကြီးဌာနမှ ကိုယ်စားလှယ်(၅)ဦးနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲချုပ်နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်(၅)ဦးတို့ ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ စုစုပေါင်း (၁၀)ဦး သွားရောက်ခဲ့ပါသည်။ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ဦးဆောင်သော...
Continue Reading
နေပြည်တော် အောက်တိုဘာ ၂၉ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယမန်နေ့ မွန်းလွဲပိုင်းက AZURA RESORT HOTEL ၌ ချောင်းသာညဈေးတန်း ဖွင့်လှစ်ရန် တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ခရီးသွားဧည့်သည်များ ဒေသထွက်အစားအစာများ၊ လွယ်ကူအဆင်ပြေစွာ စားသောက်၊ ဝယ်ယူနိုင်ရေးနှင့် အမှတ်တရပစ္စည်းများ ရောင်းချနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။ ထို့နောက် ဟိုတယ်များ၌ ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ် အသုံးပြုနေမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပုသိမ်ရုံးခွဲမှ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ချောင်းသာကမ်းခြေဒေသ ခရီးသွားလုပ်ငန်း စနစ်တကျ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို မှာကြား၍ ပုသိမ်ရုံးခွဲ ရုံးသစ်အဆောက်အဦဆောက်လုပ်ရန် စီစဉ်ဆောင်ရွက်ထားမှုအခြေအနေကို ကြည့်ရှုသည်။ ယင်းနောက် ပုသိမ်မြို့ ရွှေမုဋ္ဌော မဟာစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ပြီး ဘုရားဖူးခရီးသွားများအတွက် ဝန်ဆောင်မှုပေးရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။ သတင်းစဉ်
Continue Reading
နေပြည်တော် အောက်တိုဘာ ၂၈ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်အတွင်းရှိ ရွှေသောင်ယံကမ်းခြေဒေသ Sea & Lake အပန်းဖြေစခန်းသို့ရောက်ရှိပြီး ဒီရေတောစိုက်ခင်းများကို စနစ်တကျထိန်းသိမ်း၍ ခရီးသွားဆွဲဆောင်မှုတစ်ခုအနေဖြင့် စီစဉ်ဆောင်ရွက်ထားမှု၊ ကျောက်စိမ်းပြတိုက်နှင့် သစ်သားပန်းပုပြတိုက်များ ခင်းကျင်းပြသထားမှု၊ အမှတ်တရပစ္စည်းအရောင်းဆိုင်များ ဖွင့်လှစ်ထားရှိမှုနှင့် စွန့်စားအားကစား ခရီးသွားလုပ်ငန်း အစီအစဉ်များဖြစ်သည့် Zip Lining၊ Wall Climbing ၊ Quick Jump အစရှိသည့် အားကစားနည်းများ ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ မွန်းလွဲပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ချောင်းသာရုံးခွဲမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ချောင်းသာကမ်းခြေခရီးစဉ်ဒေသ စနစ်တကျ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားပြီး ဌာနပိုင်အဆောက်အအုံများနှင့် တည်ဆောက်ဆဲဟိုတယ်များကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ညနေပိုင်းတွင်...
Continue Reading
နေပြည်တော် အောက်တိုဘာ ၂၇ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်အေးတို့သည် ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့နယ် သလပ်ခွာကြိုးဝိုင်းအတွင်းရှိ ရှုခင်းကြည့်မျှော်စင်နှင့် ပုသိမ်မြို့ ၁၉ မိုင်ရှိ ငွေဆောင်အပန်းဖြေ ဆင်စခန်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ခရီးသွားဧည့်သည်များ အန္တရာယ်ကင်းစွာ လေ့လာကြည့်ရှုနိုင်ရေးအတွက် မျှော်စင်ကို အဆင့်မြှင့်တင်ရန်၊ ဆင်စခန်းကို ခရီးသွားများ ဆွဲဆောင်နိုင်အောင် ပြင်ဆင်ဆောင်ရွက်ရန်နှင့် ခရီးသွားမြှင့်တင်ရေးအစီအစဉ်များတွင် ထည့်သွင်း၍ကြော်ငြာပေးရန်ကိစ္စရပ်များကို မှာကြားသည်။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ထို့နောက် ငွေဆောင်ကမ်းခြေရှိ ယမုံနာဦးဟိုတယ်၌ ငွေဆောင်ကမ်းခြေဒေသ စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားကဏ္ဍ မြှင့်တင်ရေး၊ ငွေဆောင်ကမ်းခြေသို့ လာရောက်လည်ပတ်သည့် ခရီးသွားများအား ဆွဲဆောင်နိုင်ရန် ညဈေးတန်းကဲ့သို့သော Night Life Activities များကို ဖန်တီးခြင်း၊ ကမ်းခြေတွင် ဆောင်ရွက်နိုင်မည့်...
Continue Reading
1 2 3 4 5 100