Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

By

Public Relations & Information Department
နေပြည်တော်၊ ဖေဖော်ဝါရီလ (၅) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ရုံးနှင့် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ငွေဆောင်ဇုန်)တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ရုရှားဘာသာစကား (အခြေခံ) သင်တန်းကို (၈-၁-၂၀၂၄) နေ့မှ (၂-၂-၂၀၂၄) နေ့အထိ ငွေဆောင်ကမ်းခြေ Yamonnar Oo ဟိုတယ်၌ ဖွင့်လှစ်ပို့ချခဲ့ကြောင်း၊ သင်တန်းဆင်းပွဲအခမ်းအနားကို (၂-၂-၂၀၂၄) ရက်နေ့ (၁၄:၀၀)နာရီအချိန်တွင် ငွေဆောင်ကမ်းခြေ Yamonnar Oo ဟိုတယ်၌ ကျင်းပ ပြုလုပ်ခဲ့ရာ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး တိုင်းတာဝန်ခံ ညွှန်ကြားရေးမှူး၊ ငွေဆောင်မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ငွေဆောင် ဟိုတယ်ဇုန် လုပ်ငန်းရှင်များနှင့် သင်တန်းသား၊ သင်တန်းသူ (၃၀)ဦးတို့ တက်ရောက်ခဲ့ကြောင်း။ အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် တိုင်းဒေသကြီးတာဝန်ခံညွှန်ကြားရေးမှူး မှ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းတွင် ပထမ၊...
Continue Reading
နေပြည်တော် ဖေဖော်ဝါရီ ၄ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးတို့သည် ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းစီစဉ်မှုဖြင့် ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်၌ ကျင်းပသော ပြင်ဦလွင်ကျေးလက်ဒေသ စက်ဘီးစီး ခရီးစဉ် (၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ကြသည်။ အခမ်းအနားတွင် ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြင်ဦးလွင်ကျေးလက်ဒေသ စက်ဘီးစီးခရီးစဉ်ကို သေနတ်ပစ်ဖောက်၍ တာလွှတ် ပေးသည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် ဒုတိယဝန်ကြီး တို့သည် ပြင်ဦးလွင်ကျေးလက်ဒေသစက်ဘီးစီးခရီးစဉ် (၂၀၂၄) ပန်းဝင်ကြိုဆိုပွဲ အခမ်းအနား ပြုလုပ်သည့် ဒီဇင်ဘာခြံပန်းဥယျာဉ်သို့သွားရောက်ကာ ပန်းဝင်လာကြသည့် စက်ဘီးစီးအားကစားသမားများအား ဂုဏ်ပြုစုများ ပေးအပ်ချီးမြှင့်ကြပြီး စက်ဘီးစီးခရီးစဉ် ဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းကူညီကြသူများအား ဂုဏ်ပြုလက်မှတ်များပေးအပ်ကြသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် ပြင်ဦးလွင်မြို့တွင်...
Continue Reading
နေပြည်တော် ဖေဖော်ဝါရီ ၃ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်ကာ လေကြောင်းလိုင်းများမှတစ်ဆင့် ခရီးသွားလာလည်ပတ်လျက်ရှိသော ပြည်တွင်းပြည်ပခရီး သွားဧည့်သည်များ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသဆိုင်ရာ အချက်အလက်များ၊ ခရီးသွားဆွဲဆောင်မှုများနှင့် ခရီးသွားဧည့်သည်များ သိရှိလိုသည့် သတင်းအချက်အလက်များကို အလွယ်တကူသိရှိနိုင်ရန်အတွက် လေဆိပ်အတွင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသည့် သတင်းပြန်ကြားရေးကောင်တာသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားသည်။ လှည့်လည်ကြည့်ရှု မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ပြင်ဦးလွင်မြို့ရှိ နန်းမြိုင်ဟိုတယ်၊ သီရိမြိုင်ဟိုတယ်နှင့် ဂန္ဓမာမြိုင်ဟိုတယ်သို့ သွားရောက်ကာ ဟိုတယ်များတွင် ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်များ အဆင်ပြေချောမွေ့စွာ တည်းခိုနေထိုင်နိုင်ရေး၊ ဟိုတယ်ပရဝဏ်နှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည် သန့်ရှင်းသာယာလှပရေး၊ ဟိုတယ်အဆောက်အအုံများ နိုင်ငံတကာ အဆင့်မီကောင်းမွန်ပြီး အမြင်တင့်တယ်မှုရှိစေရေး၊ လာရောက်လည်ပတ်တည်းခို နေထိုင်ကြသည့် ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးရာတွင် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံစိတ်ချရသော...
Continue Reading
နေပြည်တော် ဇန်နဝါရီ  ၃၁ ခရီးသွားကုမ္ပဏီများ၏ အစီအစဉ်ဖြင့် လာရောက်လည်ပတ်သော ပြည်ပခရီးသွားဧည့်သည်များ နေပြည်တော်ရှိ ခရီးစဉ်ဒေသများသို့ လွယ်ကူအဆင်ပြေချောမွေ့စွာဝင်ရောက်နိုင်ရေးအတွက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများ၊ ထိုင်းခရီးသွားဝန်ဆောင်မှု ပေးနေသော ခရီးလှည့်လည်ရေးကုမ္ပဏီများနှင့်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမ၌ Hybrid စနစ်ဖြင့်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ နယ်ရုံးခွဲများမှတာဝန်ခံများ တက်ရောက်ကြသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက နေပြည်တော်ပြည်ထောင်စုနယ်မြေသည် မြန်မာနိုင်ငံရှိ ထင်ရှားသောခရီးစဉ်ဒေသများသို့ သွားရောက်ရန် အချက်အချာကျသောနေရာတွင် တည်ရှိနေပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး ခရီးသွားအခြေခံအဆောက် အအုံများ ရှိနှင့်ပြီးဖြစ်ပါကြောင်း၊ ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ သွားလာလည် ပတ်ရန်အတွက် ခရီးသွားဆွဲဆောင်ရာ နေရာ ၃၈ နေရာရှိပါကြောင်း၊ မကြာသေးခင်က တည်ထားကိုးကွယ်တော်မူသည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များ အနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့်...
Continue Reading
နေပြည်တော် ဇန်နဝါရီ ၃၀ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ ရုံးလုပ်ငန်းတာဝန်များကို စနစ်တကျထမ်းဆောင်နိုင်စေရန်နှင့် ရုံးလုပ်ငန်းစွမ်းဆောင်ရည်များ တိုးမြင့်လာစေရန် ရည်ရွယ်၍ ဌာနတွင်းရုံးလုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။ တက်ရောက် အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး / ပြည်နယ်ရုံးခွဲများမှ သင်တန်းသား၊ သင်တန်းသူများက Hybrid စနစ်ဖြင့် တက်ရောက်ကြသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျရှိခြင်းနှင့် စည်းစနစ်ကျနစွာ လုပ်ကိုင်ဆောင်ရွက်ခြင်းသည် လုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် အဓိကကျသော အခန်းကဏ္ဍဖြစ်သောကြောင့် ကြိုးစားလုပ်ဆောင်ကြရန် လိုအပ်ပါကြောင်း၊ နေ့စဉ်လုပ်ငန်းဆောင်တာများကို စနစ်တကျပြီးမြောက်အောင် အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်...
Continue Reading
နေပြည်တော်၊ ဇန်ဝါရီလ ၂၉ ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ မဲခေါင်-လန်ချန်းအထူးရန်ပုံငွေ(၂၀၂၂) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော “ The Establishment of Bakery & Pastry Training Project” အစီအစဉ်ဖြင့် မုန့်ဖုတ်နည်းဆရာဖြစ်သင်တန်းအမှတ်စဉ်(၁)ဖွင့်ပွဲနှင့် မုန့်ဖုတ် နည်းအခြေခံသင်တန်းအမှတ်စဉ်(၆) သင်တန်းဆင်းပွဲအခမ်းအနားကို ရန်ကုန်မြို့ ၊ ဗိုလ်ဆွန်ပက်လမ်း ရှိ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Cultural Counsellor Mr. Panfeng ၊ ဟိုတယ်နှင့်ခရီးသွားညွှန် ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာ၊ ဖိတ်ကြားထားသောဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံစစ်မှုထမ်း ဟောင်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ တာဝန်ရှိသူများ၊ စီမံကိန်းမန်နေဂျာ၊ မုန့်ဖုတ်နည်းပြဆရာမများနှင့်...
Continue Reading
နေပြည်တော် ဇန်နဝါရီ ၂၈   အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် – ၂၀၂၄ နှင့် ဆက်စပ်ဝန်ကြီးအဆင့် အစည်းအဝေးများဖြစ်သည့် အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေး၊ အာဆီယံ- အိန္ဒိယ ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေး၊ အာဆီယံ-တရုတ်၊ ဂျပန်၊ ကိုရီးယားခရီးသွားလုပ်ငန်းဝန်ကြီးများအစည်းအဝေး၊ အာဆီယံ- ရုရှားဖက်ဒရေးရှင်း ခရီးသွားလုပ်ငန်း ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အခမ်းအနားများကို “Quality and Responsible Tourism – Sustaining ASEAN Future” ခေါင်းစဉ်ဖြင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့ရှိ Landmark Mekong Riverside Hotel ၌ ဇန်နဝါရီ ၂၂ ရက်မှ ၂၇ ရက်အထိ အိမ်ရှင်အဖြစ်လက်ခံကျင်းပရာ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့်ခရီးသွားလုပ်ငန်းဝန်ကြီး Mrs. Suanesavanh VIGNAKET ၏ ဖိတ်ကြားချက်အရ...
Continue Reading
နေပြည်တော် ဇန်နဝါရီ ၂၈   သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသော ဝန်ထမ်းများကို တစ်ဆင့်မြင့်ရာထူးသို့ တိုးမြှင့်ခန့်အပ်နိုင်ရန် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရည်အချင်းစစ် ရေးဖြေစာမေးပွဲကို ယနေ့ နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့်ပြည်နယ်ရုံးခွဲများအလိုက်စာစစ်ဌာနများတွင် ကျင်းပရာ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး က ကြည့်ရှုစစ်ဆေးသည်။ ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက အရည်အချင်းပြည့်ဝပြီး ဝန်ကြီးဌာန နှင့် နိုင်ငံအကျိုးသယ်ပိုးနိုင်သော ဝန်ထမ်းကောင်းများဖြစ်စေရေးအတွက် ကြိုးစားကြရမည်ဖြစ် ပါကြောင်း၊ အရည်အချင်းစစ်စာမေးပွဲကိုလည်း ဝန်ထမ်းများအနေဖြင့် ကြိုးစားဖြေဆိုကြရန် အားပေးမှာကြားသည်။ အဆိုပါ အရည်အချင်းစစ် ရေးဖြေစာမေးပွဲကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နေပြည်တော်(ရုံးချုပ်) အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်ရုံးခွဲများနှင့် ပြည်တွင်း/ ပြည်ပ သင် တန်းများသို့ တက်ရောက်သင်ကြားနေသော ဝန်ထမ်းများက သက်ဆိုင်ရာ ရာထူးအဆင့်နေရာ များအလိုက် ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း...
Continue Reading
နေပြည်တော် ဇန်နဝါရီ ၂၆   ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် နေပြည်တော် ကောင်စီနယ်မြေအတွင်း တည်ထားကိုးကွယ်သော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အပါ အဝင် နေပြည်တော်ရှိ ခရီးစဉ်ဒေသများသို့ ပြည်တွင်း/ ပြည်ပခရီးသွားဧည့်သည်များ ပိုမို လာရောက်လည်ပတ်စေရေးအတွက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်း များ၊ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (နေပြည်တော်ဇုန်)၊ နေပြည်တော်ခရီးသွားလုပ်ငန်း ရှင်များအသင်းတို့မှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ ခရီးသွားကုမ္ပဏီများမှ လုပ်ငန်းရှင်များ၊ တာဝန်ရှိသူများနှင့် ယနေ့ မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ တွေ့ဆုံသည်။   တွေ့ဆုံပွဲသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။   တွေ့ဆုံစဉ် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက စာရင်းဇယားများအရ...
Continue Reading
နေပြည်တော်၊ ဇန်နဝါရီလ (၂၅) ရက် ချင်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၄) ကြိမ်မြောက် အစည်း အဝေးကို (၂၄-၁-၂၀၂၄) ရက်နေ့ နံနက်ပိုင်းတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပရာ အစည်း အဝေးသို့ ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဝုန်ဆွန်းထန်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ ချင်း ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးဟန်ကျင့်ဇမ်း၊ ချင်းပြည်နယ် အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုး၊ ချင်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးကျော်စိုးဝင်း၊ ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ချင်းပြည်နယ် ဒေသ ဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဝင် ဌာနဆိုင်ရာများ၊ ပုဂ္ဂလိက ခရီးသွားလုပ်ငန်းအဖွဲ့ ကိုယ်စား လှယ်များ တက်ရောက်ခဲ့ကြပါသည်။ ချင်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူးဖြစ်သူ...
Continue Reading
1 3 4 5 6 7 87