Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

By

Public Relations & Information Department
ဟိုတယ်နှင့်ခရီးသွားကဏ္ဍ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် Coronavirus Disease 2019 – COVID-19 ကြောင့် ခရီးသွားလုပ်ငန်း ကျဆင်းလျှက်ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများပြန်လည်မြှင့်တင်နိုင်ရန်ရည်ရွယ်၍ ASEAN Level 3 အဆင့်ရှိ ဧည့်လမ်းညွှန်(မွမ်းမံ) သင်တန်းများကို ရန်ကုန်မြို့ရှိ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (မန္တလေးရုံးခွဲ) အသီးသီး၌ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပါသည်။ အာဆီယံအဆင့် ဧည့်လမ်းညွှန်မွမ်းမံသင်တန်းတွင် ASEAN Certificate IV in Tour Operation(Guiding) မှ Core & Generic Competency Unit ၁၈ ခု နှင့် Functional Competency Unit ၁၈ ခု အပေါ်အခြေခံ၍ သင်ကြားပေးမည်ဖြစ်ပါသည်။ ဧည့်လမ်းညွှန်အဖြစ်လက်ရှိလုပ်ကိုင်နေပြီး၊ ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်သက်တမ်း အနည်းဆုံး(၂)နှစ်ပြည့်ပြီးသောဧည့်လမ်းညွှန် (National Guide)...
Continue Reading
နေပြည်တော်၊ မေလ (၂၂) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ဦးဆောင်၍ COVID-19 Myanmar Tourism Strategic Roadmap (မူကြမ်း) အပေါ် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ (၂၂-၅-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် ဝန်ကြီးဌာန နီလာခန်းမမှ Video Conferencing ဖြင့် ကျင်းပရာ ဆွေးနွေးပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌနှင့် ညီနောင်အသင်းများ (၁၁) သင်း ဥက္ကဌများက Video Conferencing ဖြင့် Online မှ ပါဝင်တက်ရောက်ကြပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က (၂၇-၄-၂၀၂၀) ရက်နေ့တွင် ပြုလုပ် ခဲ့သည့်...
Continue Reading
နေပြည်တော်၊ မေလ (၂၂) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာများ၊ ဆက်စပ်ဌာနဆိုင်ရာများသို့ နေ့စဉ်တည်းခိုသည့် ဧည့်စာ ရင်းပေးပို့မှုအဆင်ပြေစေရေး၊ စက္ကူသုံးစွဲမှုလျော့နည်းစေရေးတို့အတွက် သက်ဆိုင်ရာဒေသများရှိ ဟို တယ်နှင့်တည်းခိုရိပ်သာများသို့ လာရောက်တည်းခိုသောခရီးသွားဧည့်သည်များစာရင်းကို Online စနစ်ဖြင့် ပေးပို့နိုင်ရန် Hotel Guest List Management System (HGLMS)စနစ်ကို တစ်နိုင်ငံလုံးတွင် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လဆန်း၌ စတင်အသုံးပြုနိုင်ရန် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီး ဌာန၊ ရုံးခွဲများ အနေဖြင့် သက်ဆိုင်ရာဒေသရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာများလည်း လိုက်ပါအသုံးပြုနိုင်စေရေး လေ့ ကျင့်သင်ကြားပေးလျက်ရှိပါသည်။             တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာများအနေဖြင့် လာရောက်တည်းခို သော ခရီးသွားဧည့်သည်များစာရင်းကို Online စနစ်ဖြင့်ပေးပို့နိုင်ရန် Hotel Guest List Management...
Continue Reading
နေပြည်တော် ၊ မေလ (၂၂) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (မကွေးရုံးခွဲ) ၏ စီစဉ်ဆောင်ရွက်မှုဖြင့် Hotel Guest List Management System စနစ် အသုံးပြုနိုင်ရေးအတွက် ပထမအကြိမ် သင်တန်းဖွင့်ပွဲကို (၂၁.၅.၂၀၂၀) နေ့ နံနက်ပိုင်းတွင် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံးရှိ လူ့စွမ်းအားအရင်းအမြစ်ဖွွံဖြိုးရေး သင်တန်း ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ပါသည်။ သင်တန်းဖွင့်ပွဲတွင်  ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (မကွေးရုံးခွဲ) မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်စိန်က ဟိုတယ်/ မိုတယ်များ ပြန်လည်ဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏  သတ်မှတ်ချက်များ၊ အကြံပြုချက်များနှင့်အညီ Coronavirus Disease (Covid-19) ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် သက်ဆိုင်ရာအဖွဲ့၏ ညွှန်ကြားချက်များ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ပြန်ထားသော အများပြည်သူသိရှိ လိုက်နာဆောင်ရွက်ရန် အချက်များ၊...
Continue Reading
နေပြည်တော် မေ ၂၀      ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့သည် ယနေ့ညနေ ၆ နာရီ ၁၀ မိနစ်တွင် စကားပြောကြေးနန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြသည်။     ထိုသို့ဆက်သွယ်ပြောကြားရာတွင် တရုတ်နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ချီးကျူးဖွယ်ရာ အောင်မြင်မှုများရရှိခဲ့သည့် အခြေအနေ၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ကြိုးပမ်းရာ တွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးကိစ္စ၊ မြန်မာနိုင်ငံအား တရုတ်နိုင်ငံမှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ဆေးပစ္စည်းများနှင့် ကူညီပံ့ပိုးမှုများ ဆက်လက်တိုးမြှင့်ပေးအပ်ရေး ကိစ္စများကို အလေးပေးဆွေးနွေးခဲ့ကြသည်။     ထို့ပြင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား အေးအတူပူအမျှ အသိုက်အဝန်း စိတ်ဓာတ်ကို အခြေခံ၍ မြန်မာ-တရုတ်...
Continue Reading
နေပြည်တော်၊ မေလ (၁၈) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် ယနေ့ (၁၈-၅-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး အခြေစိုက်တရုတ်နိုင်ငံသားခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးနေသော ခရီးသွား ကုမ္ပဏီ များအား ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန နီလာခန်းမမှ Video Conferencing ဖြင့် တွေ့ဆုံ ဆွေးနွေးရာ အစည်းအဝေးသို့ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် နှင့် ဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဌ၊ မြန်မာ-တရုတ် ခရီးသွား လုပ်ငန်းမြှင့်တင်ရေးအဖွဲ့ ဥက္ကဌ၊ ရန်ကုန်နှင့် မန္တလေးရှိ တရုတ်နိုင်ငံသား ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှု ပေးနေသော ခရီးသွားကုမ္ပဏီများမှ လုပ်ငန်းရှင်များက Video Conferencing...
Continue Reading
နေပြည်တော်၊ မေလ (၁၂) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် COVID-19 ရောဂါ ကာကွယ် တားဆီး ထိန်းချုပ်ရေးလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန နှင့် ပူးပေါင်းဆောင်ရွက်နေသကဲ့သို့ COVID-19 ကြောင့် လုပ်ငန်းများ ရပ်ဆိုင်းထားစဉ်ကာလအတွင်း Online စနစ်ဖြင့် လူ့စွမ်းအား ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိရာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှု ကဏ္ဍအတွင်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာပံ့ပိုးကူညီဆောင်ရွက်လျက်ရှိသော လူဇင်ဘတ်ဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီ၏ စီမံကိန်း MYA/001 လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင် ဦးဆောင်၍ ဝန်ကြီးဌာန နီလာ အစည်းအဝေးခန်းမမှ Video Conferencing ဖြင့် ပြုလုပ်ရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး...
Continue Reading
နေပြည်တော်၊ မေလ (၁၁) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်သည် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ အရာထမ်းများ၊ ရန်ကုန်တိုင်းဒေသကြီး နှင့် မန္တလေးတိုင်း ဒေသကြီးတို့မှ ရုံးခွဲတာဝန်ခံများအား Video Conferencing ဖြင့် တွေ့ဆုံ၍ COVID-19 ရောဂါ ကာကွယ် တားဆီးထိန်းချုပ်ရေးအတွက် သက်ဆိုင်ရာဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီများ ကို ပံ့ပိုးပူးပေါင်းဆောင်ရွက်ရေး မှာကြားပါသည်။ ပြည်ထောင်စုဝန်ကြီးမှ ပြောကြားရာတွင် ယခု COVID-19 ရောဂါကာကွယ်တားဆီး ထိန်းသိမ်းရေးအတွက် မိမိတို့ဒေသတွင်းရှိ  ခရီးသွားလုပ်ငန်း အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက် ကာ  ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီမှတဆင့် တိုင်းဒေသကြီးပြည်နယ် အစိုးရ အဖွဲ့များကို ပံ့ပိုးကူညီ ဆောင်ရွက်ရေး၊ COVID-19 အလွန်ကာလတွင် ကျန်းမာရေးအရ လုံခြုံ စိတ်ချရပြီး သန့်ရှင်းသော ခရီးစဉ်ဒေသများဖြစ်‌ပေါ်လာရေး ကိစ္စရပ်များအပါအဝင်  ခရီးစဉ်ဒေသ များကို စီမံခန့်ခွဲပေးနိုင်မည့်...
Continue Reading
နေပြည်တော်၊ မေလ (၈) ရက် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်(UNWTO)သည် COVID-19၏ သက်ရောက်မှုများအား လျှော့ချရန် တီထွင်ဆန်းသစ်မှုရှိသော နည်းလမ်းများကို ရှာဖွေဖော်ထုတ်ရန်ရည်ရွယ်၍ Healing Solutions for Tourism Challenge Digital Presentation ကို (၇-၅-၂၀၂၀)ရက်နေ့(Madrid time)(၁၂:ဝဝ) နာရီမှ (၁၆:ဝဝ)နာရီထိ မြန်မာစံတော်ချိန် (၁၆:၃ဝ)နာရီမှ(၂ဝ:၃ဝ)နာရီအထိ ကျင်းပပြုလုပ်ခဲ့ရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့် ဒုတိယဝန်ကြီး ဦးတင်လတ်တို့ ဦးဆောင်၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ အရာထမ်းများ Video Conferencing စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ Digital Presentation တွင် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေး မှူးချုပ် Mr. Zurab Pololikashvili အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရီးသွားလုပ်ငန်းကဏ္ဍနှင့်ပတ် သက်၍ (၁) ပြည်သူများအတွက် COVID-19...
Continue Reading
1 52 53 54 55 56