Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

By

Public Relations & Information Department
နေပြည်တော်၊ ဇွန် ၂၆ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် မဲခေါင်-လန်ချန်း ပူး ပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၂) ဖြင့် “The Establishment of Bakery & Pastry Training project” စီမံကိန်းကိုအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ မုန့်ဖုတ်နည်းဆရာဖြစ် သင်တန်း အမှတ်စဉ် (၃) သင်တန်းဆင်းပွဲနှင့် မုန့်ဖုတ်နည်းဆရာဖြစ် သင်တန်းအမှတ်စဉ် (၄) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ဇွန်လ (၂၄) ရက်နေ့တွင် စီမံကိန်းဖော်ဆောင်ရာ ရန်ကုန်မြို့ဗိုလ်ဆွန်ပက်လမ်း ရှိ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (CTD) ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီပွားရေးဝန်ကြီး ဦးမျိုးမြင့်အောင်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားရေးမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးခွဲမှ ညွှန်ကြားရေးမှူး၊ ဦးနန္ဒအောင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ် ရေးနှင့်...
Continue Reading
နေပြည်တော် ဇွန် ၂၅ ခရီးသွားစစ်တမ်းကောက်ယူတွေ့ရှိချက်များ မိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။ အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ တစ်မျိုးသားလုံးဆိုင်ရာ စာရင်းအင်း လုပ်ငန်းအဖွဲ့ (National Account Cluster) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာအကြီးအကဲများ၊ ဗဟိုစာရင်းအင်းအဖွဲ့ (CSO) နှင့် ဆက်စပ် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ နေပြည်တော် ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ စီးပွားရေးရာ ဝန်ကြီးများနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မုံရွာစီးပွားရေးတက္ကသိုလ်၊ အမျိုးသားစီမံခန့်ခွဲ မှုပညာ ဒီဂရီကောလိပ်၊ မန္တလာတက္ကသိုလ်တို့မှ ပါမောက္ခချုပ်၊ တွဲဖက်ပါမောက္ခများနှင့် ဆရာ၊ ဆရာမများ၊...
Continue Reading
နေပြည်တော် ဇွန် ၂၅ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် နှင့်  ဖိလစ်ပိုင်နိုင်ငံ ခရီးသွားလုပ်ငန်းဌာန အတွင်းရေးမှူးတို့၏ ဖိတ်ကြားချက်အရ ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့တွင်  ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ (UN Tourism)နှင့် ဖိလစ်ပိုင်နိုင်ငံ ခရီးသွားလုပ်ငန်း ဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဇွန် ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပမည့် (၃၆) ကြိမ်မြောက် အရှေ့အာရှ ပစိဖိတ်ဒေသများနှင့် တောင်အာရှဒေသများအတွက် ပူးတွဲကော်မရှင် အစည်းအဝေးနှင့် ပထမအကြိမ် ကုလသမဂ္ဂ ခရီးသွားလုပ်ငန်းအဖွဲ့၏ အာရှနှင့်ပစိဖိတ်ဒေသအတွက် အစားအသောက် ဆိုင်ရာ ခရီးသွားလုပ်ငန်းဖိုရမ်သို့ တက်ရောက်ရန် ယမန်နေ့ ညနေပိုင်းက လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ဖိလစ်ပိုင်နိုင်ငံသို့ ထွက်ခွာသွားသည်။ ပို့ဆောင်နှုတ်ဆက် ဒုတိယဝန်ကြီးနှင့် အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု...
Continue Reading
နေပြည်တော် ဇွန် ၂၁ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟို ကော်မတီအစည်းအဝေး(၁/၂၀၂၄)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပရာ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အမှာစကား ပြောကြားသည်။ အစည်းအဝေးသို့ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဗဟိုကော်မတီအကြံပေးပုဂ္ဂိုလ်၊ ဒုတိယဝန်ကြီးများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ တတ်သိပညာရှင်များ၊ ပုဂ္ဂလိကခရီးသွားလုပ်ငန်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။ ဆွေးနွေးဖော်ထုတ်အဖြေရှာ ဦးစွာ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ယနေ့အစည်းအဝေးကို ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများ အခြားနိုင်ငံများ နည်းတူ ထိထိရောက်ရောက်နှင့် ပြန်လည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက်...
Continue Reading
နေပြည်တော်၊ ဇွန်လ (၂၁)ရက် ကရင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ(၄/၂၀၂၄)ကြိမ်မြောက် အစည်းအဝေး ကို (၂၀-၆-၂၀၂၄) ရက်နေ့ နေ့လည် (၁၄:၀၀)နာရီအချိန်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပ ရာ အစည်းအဝေးသို့ ကရင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဌ၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီဦးစောမြင့်ဦး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ကရင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးတင့်ဝေသုံ၊ ကရင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသက်လင်း၊ ကရင် ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဝင် ဌာနဆိုင်ရာများ၊ ခရီးသွားလုပ်ငန်းကော်မတီ အဖွဲ့ဝင် ဟိုတယ်လုပ်ငန်းရှင်များ၊ ခရီးသွားတတ်သိပညာရှင်များနှင့် ခရိုင်/မြို့နယ် ခရီးစဉ်ဒေသများမှ ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲရေး အဖွဲ့(DMO) ဥက္ကဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်းသိရ သည်။ အစည်းအဝေးတွင် ကရင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဌ၊ ကရင်...
Continue Reading
နေပြည်တော်၊ ဇွန်လ( ၁၇) ရက် ၂ဝ၂၄ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး တည်း ခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နီလာ အစည်းအဝေး ခန်းမ၍ ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက် အမှာစကားပြောကြားပါသည်။ အစည်းအဝေးသို့ တည်းခိုနေထိုင်ရေးနှင့်ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ ဥက္ကဌ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဒုတိယမြို့တော်ဝန်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်မြင့်အရာရှိကြီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အစား အသောက်နှင့် ဆေးဝါးစစ်ဆေးရေးဦးစီးဌာန၊ မြန်မာ့လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ အဆောက်အဦဦးစီးဌာန၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် အမှတ်(၃)စစ်ကြောရေးနှင့် တည်းခို ရေးစခန်းတို့မှ တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီ ဒုတိယတိုင်းရဲတပ်ဖွဲ့မှူးနှင့် စားသောက် ဆိုင်လုပ်ငန်းရှင်များ တက်ရောက်ကြပါသည်။ အစည်းအဝေးတွင်...
Continue Reading
နေပြည်တော် ဇွန် ၆ ရေစွမ်းအင်နှင့် အစိမ်းရောင်ခရီးသွားလုပ်ငန်း ဖော်ဆောင်ရေးနှင့် အဓိကခရီးစဉ်ဒေသများ တွင် ဂေါ့ဖ်ခရီးသွားလုပ်ငန်း (Golf Tourism) အပါအဝင် အားကစားခရီးသွားလုပ်ငန်း ဖော်ဆောင် နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီးဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့မှ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံဟိုတယ် ဆိုင်ရာလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများတက်ရောက် ကြသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသို့ ပြည်ပဧည့်သည်များ လွယ်ကူချောမွေ့စွာ လာရောက်လည်ပတ်နိုင်ရန်အတွက် ဗီဇာဖြေလျော့မှုများ၊ ငွေကြေးလဲလှယ်မှုများ၊ ငွေပေးချေရေးနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဆက်စပ်ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံ၌ အကောင်အထည်ဖော်လျက်ရှိသော ခရီးသွားလုပ်ငန်းအများစုသည် ယဉ်ကျေးမှုနှင့်...
Continue Reading
နေပြည်တော် ဇွန် ၅ ခရီးစဉ်ဒေသများတွင် One Tourist One Tree အစီအစဉ်အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် စံပြကျေးရွာများတွင် လူထုအခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism – CBT) များကို ပေါင်းစပ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နီလာအစည်း အဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးရှိ စံပြကျေးရွာများအနက် အလားအလာရှိသော ကျေးရွာများကို စနစ်တကျ ရွေးချယ်ပြီး ပြည်တွင်း ပြည်ပခရီးသွားများ...
Continue Reading
1 4 5 6 7 8 96