Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

By

Public Relations & Information Department
နေပြည်တော်၊ မေလ (၁၈) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် ယနေ့ (၁၈-၅-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး အခြေစိုက်တရုတ်နိုင်ငံသားခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးနေသော ခရီးသွား ကုမ္ပဏီ များအား ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန နီလာခန်းမမှ Video Conferencing ဖြင့် တွေ့ဆုံ ဆွေးနွေးရာ အစည်းအဝေးသို့ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် နှင့် ဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဌ၊ မြန်မာ-တရုတ် ခရီးသွား လုပ်ငန်းမြှင့်တင်ရေးအဖွဲ့ ဥက္ကဌ၊ ရန်ကုန်နှင့် မန္တလေးရှိ တရုတ်နိုင်ငံသား ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှု ပေးနေသော ခရီးသွားကုမ္ပဏီများမှ လုပ်ငန်းရှင်များက Video Conferencing...
Continue Reading
နေပြည်တော်၊ မေလ (၁၂) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် COVID-19 ရောဂါ ကာကွယ် တားဆီး ထိန်းချုပ်ရေးလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန နှင့် ပူးပေါင်းဆောင်ရွက်နေသကဲ့သို့ COVID-19 ကြောင့် လုပ်ငန်းများ ရပ်ဆိုင်းထားစဉ်ကာလအတွင်း Online စနစ်ဖြင့် လူ့စွမ်းအား ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိရာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှု ကဏ္ဍအတွင်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာပံ့ပိုးကူညီဆောင်ရွက်လျက်ရှိသော လူဇင်ဘတ်ဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီ၏ စီမံကိန်း MYA/001 လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင် ဦးဆောင်၍ ဝန်ကြီးဌာန နီလာ အစည်းအဝေးခန်းမမှ Video Conferencing ဖြင့် ပြုလုပ်ရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး...
Continue Reading
နေပြည်တော်၊ မေလ (၁၁) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်သည် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ အရာထမ်းများ၊ ရန်ကုန်တိုင်းဒေသကြီး နှင့် မန္တလေးတိုင်း ဒေသကြီးတို့မှ ရုံးခွဲတာဝန်ခံများအား Video Conferencing ဖြင့် တွေ့ဆုံ၍ COVID-19 ရောဂါ ကာကွယ် တားဆီးထိန်းချုပ်ရေးအတွက် သက်ဆိုင်ရာဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီများ ကို ပံ့ပိုးပူးပေါင်းဆောင်ရွက်ရေး မှာကြားပါသည်။ ပြည်ထောင်စုဝန်ကြီးမှ ပြောကြားရာတွင် ယခု COVID-19 ရောဂါကာကွယ်တားဆီး ထိန်းသိမ်းရေးအတွက် မိမိတို့ဒေသတွင်းရှိ  ခရီးသွားလုပ်ငန်း အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက် ကာ  ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီမှတဆင့် တိုင်းဒေသကြီးပြည်နယ် အစိုးရ အဖွဲ့များကို ပံ့ပိုးကူညီ ဆောင်ရွက်ရေး၊ COVID-19 အလွန်ကာလတွင် ကျန်းမာရေးအရ လုံခြုံ စိတ်ချရပြီး သန့်ရှင်းသော ခရီးစဉ်ဒေသများဖြစ်‌ပေါ်လာရေး ကိစ္စရပ်များအပါအဝင်  ခရီးစဉ်ဒေသ များကို စီမံခန့်ခွဲပေးနိုင်မည့်...
Continue Reading
နေပြည်တော်၊ မေလ (၈) ရက် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်(UNWTO)သည် COVID-19၏ သက်ရောက်မှုများအား လျှော့ချရန် တီထွင်ဆန်းသစ်မှုရှိသော နည်းလမ်းများကို ရှာဖွေဖော်ထုတ်ရန်ရည်ရွယ်၍ Healing Solutions for Tourism Challenge Digital Presentation ကို (၇-၅-၂၀၂၀)ရက်နေ့(Madrid time)(၁၂:ဝဝ) နာရီမှ (၁၆:ဝဝ)နာရီထိ မြန်မာစံတော်ချိန် (၁၆:၃ဝ)နာရီမှ(၂ဝ:၃ဝ)နာရီအထိ ကျင်းပပြုလုပ်ခဲ့ရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့် ဒုတိယဝန်ကြီး ဦးတင်လတ်တို့ ဦးဆောင်၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ အရာထမ်းများ Video Conferencing စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ Digital Presentation တွင် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေး မှူးချုပ် Mr. Zurab Pololikashvili အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရီးသွားလုပ်ငန်းကဏ္ဍနှင့်ပတ် သက်၍ (၁) ပြည်သူများအတွက် COVID-19...
Continue Reading
  မေး။ ချေးငွေထုတ်ပေးမယ့်ဉီးစားပေးအစီအစဉ် အသေးစိတ်ကိုလည်း သိရှိလိုပါတယ်။   ဖြေ။ ချေးငွေထုတ်ချေးတာက ကော်မတီရဲ့ လုပ်ငန်းတစ်ခု ၊ ကဏ္ဍတစ်ခုအနေနဲ့ ပါတာဖြစ်ပါ တယ်။ ကျွန်တော်တို့ ခေါ်တာကတော့ stimulus package လို့ ခေါ်တာပေါ့ ။စီးပွားရေးကို ပြန်လည် လှုံ့ဆော်ဖို့ အစီအစဉ်တွေ ဆွဲတာဖြစ်ပါတယ်။ ဒီလိုအစီအစဉ်တွေ ဆွဲတဲ့အခါ အခွန်ပိုင်း ဆိုင်ရာဖြေလျှော့မှုတွေ လုပ်ပေးတယ်။ တစ်ဖက်ကလည်း အားလုံးသိတဲ့အတိုင်း အတိုးနှုန်းတွေ ဖြေလျှော့ပေးတယ်။ ဘဏ်တွေ လုပ်ကိုင်လို့အဆင်ပြေအောင် ဗဟိုဘဏ်က ဆောင်ရွက်ပေးတယ်။ လုပ်ငန်းရှင်တွေလည်းလုပ်လို့ကိုင်လို့အဆင်ပြေအောင်ပါ။ အတိုးနှုန်း ဆိုရင်လည်း ချပေးတာ သုံးခါ ရှိပါပြီ။ ပထမ မတ် ၁၂ ရက်နေ့မှာ သုညဒသမ ၅ ရာခိုင်နှုန်း ချပေးတယ်။ ပြီးတော့ တစ်ရာခိုင်နှုန်း ထပ်ချတယ်။...
Continue Reading
နေပြည်တော် ၊ မေလ (၄) ရက် ၁။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများ ဘေးကင်းလုံခြုံ အဆင်ပြေစွာ အပန်းဖြေ အနားယူနိုင်ရန် ရည်ရွယ်ချက် ထား ဆောင်ရွက်လျက်ရှိပါသည်။ ၂။ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ(Pandemic) အဖြစ် Corona Virus Disease 2019 (COVID-19) အား ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာတစ်နိုင်ငံလုံးရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကို ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်၊ အကြံပြုချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ပြီးမှသာ ဖွင့်လှစ်ကြရန်နှင့် ၂၀-၄-၂၀၂၀ ရက်နေ့မှ ၃၀-၄-၂၀၂၀ ရက်နေ့ကာလအတွင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အား ဝန်ကြီးဌာနနှင့်ကျွမ်းကျင်မှုဆိုင်ရာပူးပေါင်းအဖွဲ့များ၏ စစ်ဆေးမှုများကို ခံယူပြီး ယင်းအဖွဲ့များ၏ သတ်မှတ်ချက်၊ အကြံပြုချက်များနှင့် ကိုက်ညီမှ သာ...
Continue Reading
နေပြည်တော်၊ ဧပြီလ (၂၉) ရက် အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီးများ၏ COVID-19 ဆိုင်ရာ Video Conference အထူးအစည်းအဝေးကို ၂၀၂၀ပြည့်နှစ်၊ ဧပြီလ(၂၉)ရက်နေ့ နံနက် ၈:၃၀ နာရီမှ ၁၀:၃၀နာရီ အထိ Video Conferencing ဖြင့်ကျင်းပပြုလုပ်ခဲ့ရာ ကမ္ဘောဒီးယားနိုင်ငံမှ ဥက္ကဋ္ဌနှင့် အင်ဒို နီးရှားနိုင်ငံမှ ဒုတိယဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့ကြပြီး အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီးများ၊ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်၊ အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ခေါင်း ဆောင်များနှင့် ကိုယ်စားလှယ်များပါဝင်တက်ရောက်ခဲ့ကြပါသည်။ ယခုအထူးအစည်းအဝေးသည် COVID -19 ကြောင့် အဖွဲ့ဝင်နိုင်ငံများ၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းအပေါ် ဆိုးကျိုးသက်ရောက်မှု အခြေအနေ များ၊ သက်သာလျော့ပါရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စီစဉ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို သုံးသပ်အကဲဖြတ် စာတမ်းရေးသား ထုတ်ဝေရန်နှင့် အာဆီယံဒေသတွင်းခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီးများ၏ ပူးပေါင်း ဆောင်...
Continue Reading
နေပြည်တော်၊ ဧပြီလ (၂၈) ရက် ယနေ့ (၂၈-၄-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ဦးဆောင်၍ ပြည်ပ ခရီးသွားလုပ်ငန်း (Outbound Tour) များ အရည်အသွေးပြည့်မီစေရေးနှင့် ပြည်ပမှ ပြန်လည်ရောက်ရှိလာကြမည့် မြန်မာနိုင်ငံသားများကို Quarantine ပြုလုပ်ရေးအတွက် လိုအပ်သည့် ဟိုတယ်များခွင့်ပြုပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမမှ Video Conferencing စနစ်ဖြင့် ကျင်းပရာ အစည်းအဝေးသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်၊ ရန်ကုန် တိုင်း ဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ဒေါ်နော်ပန်းသဉ္ဇာမျိုး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိ သူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင် များအသင်း ဥက္ကဌနှင့် ခရီးသွားလုပ်ငန်းတတ်သိပညာရှင်များက Video...
Continue Reading
၂၀၂၀ပြည့်နှစ်၊ဧပြီလ ၂၈ရက် ၁။           Coronavirus Disease 2019 (COVID-19) ကြောင့်ဖြစ်ပေါ်လာနိုင်သည့်စီးပွားရေးသက်ရောက်မှုများအပေါ်ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေး (၃/၂၀၂၀) ဆုံးဖြတ်ချက် အရ ချေးငွေလျှောက်ထားသည့် လုပ်ငန်းများအနက် ပထမအသုတ်အဖြစ် လုပ်ငန်း (၈၈) ခုကိုချေးငွေထုတ်ယူခွင့်ပြုခဲ့ရာအဆိုပါလုပ်ငန်းများအနက်မှ မြန်မာ့စီးပွားရေးဘဏ်၏ စိစစ်ချက်အရချေးငွေထုတ်ပေးရန် သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ပူးတွဲ (က) ပါ လုပ်ငန်း (၈၅) ခုကိုချေးငွေများထုတ်ပေးလျက်ရှိပါသည်။ ၂။            ဆက်လက်၍ဒုတိယအသုတ်အဖြစ်ပူးတွဲ (ခ) ပါ လုပ်ငန်း (၁၁၃) ခုအားCOVID-19 Fund မှချေးငွေထုတ်ယူခွင့်ပြုလိုက်ပါသည်။ ၃။           အဆိုပါ ချေးငွေထုတ်ယူခွင့် ရရှိသူများအားမြန်မာ့စီးပွားရေးဘဏ်မှ ဘဏ်လုပ်ထုံးလုပ်နည်းများနှင့်အညီစိစစ်၍ ချေးငွေများထုတ်ပေးလျက်ရှိပါကြောင်းနှင့် ကျန်ရှိသည့် လျှောက်လွှာများအားချေးငွေများဆက်လက်ထုတ်ပေးနိုင်ရေးစိစစ်ဆောင်ရွက်လျက်ရှိပါ ကြောင်းသတင်းထုတ်ပြန်အပ်ပါသည်။  
Continue Reading
1 67 68 69 70 71