Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

By

Public Relations & Information Department
နေပြည်တော် အောက်တိုဘာ ၂၇ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်အေးတို့သည် ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့နယ် သလပ်ခွာကြိုးဝိုင်းအတွင်းရှိ ရှုခင်းကြည့်မျှော်စင်နှင့် ပုသိမ်မြို့ ၁၉ မိုင်ရှိ ငွေဆောင်အပန်းဖြေ ဆင်စခန်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ခရီးသွားဧည့်သည်များ အန္တရာယ်ကင်းစွာ လေ့လာကြည့်ရှုနိုင်ရေးအတွက် မျှော်စင်ကို အဆင့်မြှင့်တင်ရန်၊ ဆင်စခန်းကို ခရီးသွားများ ဆွဲဆောင်နိုင်အောင် ပြင်ဆင်ဆောင်ရွက်ရန်နှင့် ခရီးသွားမြှင့်တင်ရေးအစီအစဉ်များတွင် ထည့်သွင်း၍ကြော်ငြာပေးရန်ကိစ္စရပ်များကို မှာကြားသည်။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ထို့နောက် ငွေဆောင်ကမ်းခြေရှိ ယမုံနာဦးဟိုတယ်၌ ငွေဆောင်ကမ်းခြေဒေသ စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားကဏ္ဍ မြှင့်တင်ရေး၊ ငွေဆောင်ကမ်းခြေသို့ လာရောက်လည်ပတ်သည့် ခရီးသွားများအား ဆွဲဆောင်နိုင်ရန် ညဈေးတန်းကဲ့သို့သော Night Life Activities များကို ဖန်တီးခြင်း၊ ကမ်းခြေတွင် ဆောင်ရွက်နိုင်မည့်...
Continue Reading
နေပြည်တော် အောက်တိုဘာ ၂၆ မြန်မာ-ရုရှား ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် ရည်ရွယ်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Tour Operator များနှင့် Tour Agency များပါဝင်သော ရင်းနှီးကျွမ်းဝင်မှုခရီးစဉ်တွင် လိုက်ပါလာသည့် ကိုယ်စားလှယ်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပွဲနှင့် Business Matching အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ရန်ကုန်မြို့ရှိ Pan Pacific ဟိုတယ်၌ ကျင်းပသည်။ တက်ရောက် အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဆိုင်ရာအသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာ့အာမခံလုပ်ငန်း၊ လေကြောင်းလိုင်းများနှင့် ဟိုတယ်နှင့်ခရီးသွားကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် ဒုတိယဝန်ကြီးက အဓိကခရီးစဉ်ဒေသများအကြား အချိန်တိုတိုအတွင်း သွားရောက်လည်ပတ်နိုင်စေရန်၊ ချောင်းသာ၊...
Continue Reading
နေပြည်တော် အောက်တိုဘာ ၂၆ မြန်မာ-ရုရှား ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် ရည်ရွယ်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Tour Operator များနှင့် Tour Agency များပါဝင်သော ရင်းနှီးကျွမ်းဝင်မှုခရီးစဉ်တွင် လိုက်ပါလာသည့် ကိုယ်စားလှယ်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပွဲနှင့် Business Matching အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ရန်ကုန်မြို့ရှိ Pan Pacific ဟိုတယ်၌ ကျင်းပသည်။ တက်ရောက် အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဆိုင်ရာအသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာ့အာမခံလုပ်ငန်း၊ လေကြောင်းလိုင်းများနှင့် ဟိုတယ်နှင့်ခရီးသွားကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် ဒုတိယဝန်ကြီးက အဓိကခရီးစဉ်ဒေသများအကြား အချိန်တိုတိုအတွင်း သွားရောက်လည်ပတ်နိုင်စေရန်၊ ချောင်းသာ၊...
Continue Reading
နေပြည်တော် အောက်တိုဘာ ၂၁ မြန်မာ-ရုရှားခရီးသွားလုပ်ငန်းမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (Familiarization Trip- FAM Trip) တွင် လိုက်ပါလာကြသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ခရီးသွားလုပ်ငန်းဆောင်ရွက်နေသူများနှင့် ခရီးသွားအေဂျင်စီများမှ ကိုယ်စားလှယ်များ အမှတ်တရသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး တက်ရောက်ကြည့်ရှုအားပေးသည်။ အဆိုပါ စိုက်ပျိုးပွဲသို့ ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရာရှိကြီးများ၊ နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာအသင်းအဖွဲ့များမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ကြသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် မြန်မာ – ရုရှားခရီးသွားလုပ်ငန်းမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ်တွင် လိုက်ပါလာကြသည့် ကိုယ်စားလှယ်များအား ဝန်ကြီးဌာန၏ နီလာအစည်း အဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ၌ မကြာမီကာလတွင် ခရီးသွားရာသီ ရောက်ရှိလာတော့မည်ဖြစ်၍ ရုရှားခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်နိုင်ရေးအတွက် ခရီးစဉ်များ စီစဉ်ဆောင်ရွက်ပေးကြစေလိုကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများအကြောင်းကို...
Continue Reading
လေကြောင်းလိုင်းခရီးစဉ်များပြန်လည်ပြေးဆွဲခြင်း
Continue Reading
နေပြည်တော်  အောက်တိုဘာ ၁၀ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ထားသော ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ အသက်မွေးပညာသင်တန်းကျောင်းမျာကို လိုက်လံ ကြည့်ရှုစစ်ဆေးသည်။ ပြည်ထောင်စုဝန်ကြီးသည် ကမာရွတ်မြို့နယ်၌ ဖွင့်လှစ်ထားသော MHTi ဟိုတယ်နှင့် ခရီးသွားလာရေးသင်တန်းကျောင်း (MHTi- M Hospitality & Tourism Institute) သို့လည်းကောင်း၊ ဗဟန်းမြို့နယ်၌ Yangon Global Enterprise က ဖွင့်လှစ်ထားသော YGE Training Center သို့လည်းကောင်း သွားရောက်၍ သင်တန်းကျောင်းအတွင်း သင်တန်းသား များအား  စာတွေ့လက်တွေ့သင်ကြားပို့ချနေမှုများကို  လှည့်လည်ကြည့်ရှုအားပေးကာ  နိုင်ငံတကာ  စံသတ်မှတ်ချက်များနှင့်အညီ သင်ကြားပို့ချနိုင်ရေး၊ ကျွမ်းကျင်လုပ်သားများ စနစ်တကျ မွေးထုတ်ပေးနိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ နိုင်ငံတကာသုံး  ဘာသာစကားသင်တန်းများ ဖွင့်လှစ်ပို့ချရေး၊ သင်တန်းကျောင်းများမှ ထွက်ရှိသော...
Continue Reading
နေပြည်တော် အောက်တိုဘာ ၉ (၁၈)ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်းယှဉ်ပြိုင်စွမ်းရည်မြှင့်တင်ရေးကော်မတီ အစည်းအဝေး၊ (၁၈)ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်းရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အများပြည်သူပါဝင်ရေးကော်မတီအစည်းအဝေး၊ (၃၂) ကြိမ်မြောက် အာဆီယံခရီးသွား လုပ်ငန်း ကျွမ်းကျင်ပညာရှင်များ ကြီးကြပ်မှုကော်မတီအစည်းအဝေးနှင့် (၁၈)ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း အရင်းအမြစ်ရှာဖွေဖော်ထုတ်ရေး၊ ကြီးကြပ်ရေးနှင့် စစ်ဆေး အကဲဖြတ်ရေး ကော်မတီအစည်းအဝေးများကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်တွင် In Person စနစ်ဖြင့် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည်။ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးရေး အဆိုပါအစည်းအဝေးများ၏ ဖွင့်ပွဲအခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်၍ မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည် တိုးတက်ဝင်ရောက်လာရေးနှင့် ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးလာရေး အတွက် အာဆီယံအပါအဝင် ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ခရီးသွားလုပ်ငန်းသည်...
Continue Reading
နေပြည်တော် ၊ အောက်တိုဘာလ (၃) ရက် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ စနစ်တကျနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက် စေရန် ရည်ရွယ်ပြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကို ၁၉၉၂ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့မှ စတင်ကာ အဆင့်ဆင့်ပြင်ဆင်ဖွဲ့စည်းခဲ့ရာ ယခုနှစ် စက်တင်ဘာလ (၂၄) ရက် နေ့က (၃၂)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ ယင်းနေ့ကို ဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်း တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ ဝန်ကြီးဌာန၏ (၃၂)နှစ် မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးတို့ တက်ရောက်ကြပါသည်။ အဆိုပါ အခမ်းအနားသို့ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အဆင့်မြင့်အရာရှိကြီးများ၊ နယ်ရုံးခွဲ တာဝန်ခံများ၊ အရာထမ်း/အမှုထမ်းများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ညီနောင်အသင်းများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ နေပြည်တော်ဟိုတယ်နှင့်ခရီးသွား အသင်းအဖွဲ့များမှ...
Continue Reading
1 5 6 7 8 9 103