Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

By

Public Relations & Information Department
နေပြည်တော် ဩဂုတ် ၁၉ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပြည်ထောင်စုဝန်ကြီးဌာနများ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင် အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ် လျက်ရှိပါသည်။ ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုက ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ခြင်းကို နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ ပေါင်းလောင်းရိပ်သာ၌ ပြုလုပ်ရာ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ ထိုသို့ပေးအပ်လှူဒါန်းရာတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစု များမှ ပေးအပ်လှူဒါန်းသည့် ငွေကျပ်ခြောက်ဆယ့်နှစ်သိန်းတန်ဖိုးရှိ စားသောက်ဖွယ်ရာများအား ပြည်ထောင်စုဝန်ကြီးက တိုင်းမှူးထံ ဂုဏ်ပြုပေးအပ်ခဲ့ပါသည်။ ထို့နောက် တိုင်းမှူးက ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ အဆိုပါစားသောက်ဖွယ်ရာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ် အရောက် ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ကြောင်း...
Continue Reading
နေပြည်တော် သြဂုတ် ၁၇ အာဆီယံ-တရုတ်စင်တာနှင့် ရှန်းရှီးပြည်နယ်အစိုးရတို့ ပူးပေါင်းကျင်းပသည့် အာဆီယံ-တရုတ် ရက်သတ္တပတ်-၂၀၂၄ နှင့်ဆက်စပ်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်းရှီးပြည်နယ်အတွင်းရှိ ထင်ရှားသော ခရီးစဉ်ဒေသများနှင့် စီးပွားရေးလုပ်ငန်းများ လေ့လာ ရေးခရီးစဉ်ကို သြဂုတ် ၁၃ ရက်မှ ၁၅ ရက်အထိ ဆက်လက်ပြုလုပ်ရာ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ ပါဝင် တက်ရောက်သည်။ သြဂုတ် ၁၃ ရက်တွင် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင်များနှင့်အတူ ချန်းကျီးမြို့နယ်တွင် ၂၀၁၄ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သည့် တုန်းတိအန်းရှာ (Tongtianxia) သဘာဝအလှရှုခင်းနေရာသို့သွားရောက်၍ လာရောက်လည်ပတ် သည့် ခရီးသွားဧည့်သည်များအတွက် တောင်ခြေမြစ်ကမ်းဘေး လမ်းလျှောက်ခြင်း၊ ရေတံခွန်နှင့် မြစ်အတွင်းလှေစီးခြင်း၊ ကေဘယ်လ်ကားဖြင့် တောင်တက်ခြင်း၊ မှန်လျှောက်လမ်းဖြင့်...
Continue Reading
နေပြည်တော် ဩဂုတ် ၁၆ အာဆီယံ – တရုတ်ရက်သတ္တပတ် – ၂၀၂၄ (ASEAN China Week) ကို အာဆီယံ – တရုတ်ဘက်စုံမဟာဗျူဟာကျသော ပူးပေါင်းဆောင်ရွက်မှု – ဆန်းသစ်တီထွင်မှုများဖြင့် ကြွယ်ဝချမ်းသာခြင်းဆီသို့ (ASEAN-China Comprehensive Strategic Partnership: Achieving Prosperity through Innovation) ခေါင်းစဉ်ဖြင့် သြဂုတ် ၁၁ ရက်မှ ၁၂ ရက်အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရှန်းရှီးပြည်နယ် ချန်ကျိမြို့ ချန်ကျိဘင်ဟု ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းစင်တာ (Changzhi Binhu Cultural and Tourism Services Center) ၌ ကျင်းပပြုလုပ်ခဲ့ရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့...
Continue Reading
နေပြည်တော်၊ ဩဂုတ်လ (၁၂) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးရုံး၊ ပုသိမ်၏ စီစဉ်ကြီးကြပ်မှု၊ New Chaung Tha Hotel ၏ ပူးပေါင်းပံ့ပိုးကူညီမှုဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေရှိ ဟိုတယ်/ တည်းခိုရိပ်သာများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဟိုတယ်/ တည်းခိုရိပ်သာဝန်ထမ်းများအား လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဟိုတယ် ဆိုင်ရာဝန်ဆောင်မှု (အခြေခံ) သင်တန်း (၃) မျိုး၏ သင်တန်းဆင်းပွဲအခမ်းအနားကို ၈-၇-၂၀၂၄ ရက်နေ့၊ နံနက်ပိုင်းတွင် ချောင်းသာဟိုတယ်ဇုန်ရှိ Gerizim Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးက အမှာစကားပြောကြားခဲ့ပြီး ချောင်းသာမြို့ ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ (DMO) အဖွဲ့ဝင်များ၊ ဟိုတယ် GM/မန်နေဂျာများ၊ သင်တန်းနည်းပြ ဆရာ/ ဆရာမများနှင့် သင်တန်းသား/...
Continue Reading
နေပြည်တော် ဩဂုတ် ၁၀ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် သည် ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပသည့် မင်္ဂလာ အဖြာဖြာဆုံဆည်းရာ လက်ဖက်ရည်ကြမ်းအနုပညာ (Tea for Harmony Yaji Cultural Salon) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ Ms. Cao Jing နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) နှင့် အမျိုးသားစီမံခန့်ခွဲမှု ဒီဂရီ ကောလိပ်တို့မှ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့်ခရီးသွား လာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချူပ် Ms. Wang Jiaghong နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက် ရောက်ကြသည်။...
Continue Reading
နေပြည်တော် ဩဂုတ် ၇ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဧည့်ခံကျွေးမွေးရေး၊ ကြိုဆိုရေးနှင့် ဂုဏ်ပြုညစာစားပွဲကျင်းပရေး ဆပ်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီအဖွဲ့ဝင် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ အဖွဲ့ဝင် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ဧည့်ခံကျွေးမွေးရေး၊ ကြိုဆိုရေးနှင့် ဂုဏ်ပြုညစာစားပွဲ ကျင်းပရေး ဆပ်ကော်မတီဥက္ကဋ္ဌ အမြဲတမ်းအတွင်းဝန်၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဆပ်ကော်မတီအဖွဲ့ဝင်များနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြ သည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမျိုးသားရေးဇာတိဂုဏ်မြင့်မားရေးနှင့်...
Continue Reading
1 6 7 8 9 10 101