Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

By

Public Relations & Information Department
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည်မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက် ရေးအတွက် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ခရီးသွားလုပ်ငန်းဆိုင်ရာတိကျမှန်ကန် သော သတင်းအချက်အလက်များကို ဖြန့်ဝေပေးရန်၊ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းပြီး လုံခြုံမှုရှိသည့် ကောင်းမွန်သောပုံရိပ်ကို နိုင်ငံတကာတွင် ပိုမိုထင်ရှားလူသိများလာစေရန်၊ မြန်မာနိုင်ငံ၏ သဘာဝအလှအပ၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ တိုင်းရင်းသားရိုးရာဓလေ့စရိုက် များ၊ (၁၂)လရာသီပွဲတော်များကို ဖော်ထုတ်၍ အရည်အသွေးရှိသော ပြည်တွင်း/ ပြည်ပ ခရီးသွား ဧည့်သည်များ ပိုမိုလာရောက်လည်ပတ်စေရေးဆွဲဆောင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ပြု လုပ်ထားသော Myanmar Be Enchanted အမည်ရှိ Mobile Application ကို ပြုလုပ်ထားပါသည်။ Myanmar Be Enchanted Andriod version 1.0 ကို ၁-၇-၂၀၂၀ ရက်နေ့တွင် လွှင့်တင်ခဲ့ပြီးဖြစ်ရာ အောက်ပါ QR Code ကို Scan ဖတ်၍ လည်းကောင်း၊ https://bit.ly/2AscTzi...
Continue Reading
နေပြည်တော်၊ စက်တင်ဘာလ (၁၇) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် COVID-19 ကာလအတွင်းနှင့် COVID-19 အလွန်ကာလများတွင် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးလာစေရေးနှင့် ဦးမော့လာ စေရေးအတွက် COVID-19 ဆိုင်ရာ ခရီးသွားလုပ်ငန်းကုစားမှု အစီအစဉ်ကို နိုင်ငံတော်မှ ထုတ်ပြန် ထားရှိသည့် COVID-19 Economic Relief Plan (CERP) အပေါ် အခြေခံ၍ ရေးဆွဲခဲ့ပြီးဖြစ်ရာ အဆိုပါ အစီအစဉ်အပေါ် ဝန်ကြီးဌာနမှ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ် များအား ရှင်းလင်းတင်ပြခြင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ဦးဆောင်၍ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်လတ်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်...
Continue Reading
နေပြည်တော်၊ စက်တင်ဘာလ (၁၇) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် နယ်သာလန်နိုင်ငံအခြေစိုက် နိုင်ငံတကာကုန်သွယ်မှု ဗဟိုဌာန (International Trade Center (ITC) တို့ ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်နေသော ကယားပြည်နယ် (ခိုင်မာကျစ်လစ်အောင်ပေါင်းစည်းခြင်း)နှင့် တနင်္သာရီတိုင်းဒေသကြီး (တိုးချဲ့လုပ်ငန်း) အခြေပြုသည့် ဘက်စုံဖွံ့ဖြိုးမှုရှိမည့်ခရီးသွားလုပ်ငန်း စီမံကိန်း၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ဆောင် ချက်များ၊ COVID -19 ကာလအတွင်းလုပ်ဆောင်ခဲ့ည့်လုပ်ငန်းများနှင့်ပတ်သက်သည့်ဆွေးနွေးပွဲကို Video Conferencing စနစ်ဖြင့် ၁၅-၉-၂၀၂၀ ရက်နေ့၊ နေ့လယ်ပိုင်းတွင်ကျင်းပပြုလုပ်ခဲ့ရာ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်မှ ဦးဆောင်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ နှင့် စီမံကိန်းဦးဆောင်ကော်မတီအဖွဲ့ဝင်များ ပါဝင်ဆွေးနွေး ခဲ့ကြပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က အဖွင့်အမှာစကားပြောကြားရာတွင်  ယခုစီမံကိန်းသည်...
Continue Reading
နေပြည်တော်၊ စက်တင်ဘာလ (၁၆) ရက်          ၃/၂၀၂၀ ကြိမ်မြောက် ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး ကို    (၁၅–၉–၂၀၂၀) ရက်နေ့ မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၌ Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ရာ ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ ကော်မတီအတွင်းရေးမှူးဖြစ်သူ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ရှမ်းပြည်နယ်တာဝန်ခံ ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။            အစည်းအဝေးတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းလိုင်စင်ဆိုင်ရာကိစ္စရပ်များ၊ ခရီးစဉ်ဒေသ ဖွံ့ဖြိုးရေး ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ရှမ်းပြည်နယ်ခရီးစဉ်ဒေသများတွင် ခရိုင်/မြို့နယ်အလိုက် ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးကော်မတီ (DMO) များဖွဲ့စည်းခြင်း၊ Hotel Guest List Management System (HGLMS) စနစ် အကောင်အထည်ဖော်ဆောင်ခြင်းနှင့်...
Continue Reading
နေပြည်တော်၊ စက်တင်ဘာလ (၁၅)ရက် (၅၂)ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ(၁၅)ရက်နေ့၊ နံနက် ၈:၃၀ နာရီအချိန်တွင် Video Conferencing စနစ် ဖြင့် ကျင်းပ ပြုလုပ်ခဲ့ရာ ကမ္ဘောဒီးယားနိုင်ငံမှ ဥက္ကဋ္ဌနှင့် အင်ဒိုနီးရှားနိုင်ငံမှ ဒုဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ခေါင်းဆောင်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များနှင့် အာဆီယံခရီးသွားလုပ်ငန်းစျေးကွက်မြှင့်တင်ရေး အေဂျင်စီမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ ယခုအစည်းအဝေးတွင် ကျင်းပပြီးစီးခဲ့သည့် အာဆီယံခရီးသွားလုပ်ငန်းကော်မတီ အစည်း အဝေးများ၏ ဆောင်ရွက်ပြီးစီးမှုနှင့် ရလဒ်များအပေါ် တိုးတက်မှုအခြေအနေများ၊  အဖွဲ့ဝင်နိုင်ငံများ၏ ခရီးသွားလုပ်ငန်းအပေါ် COVID-19 ရောဂါ သက်ရောက်မှုအခြေအနေများအား လေ့လာဆန်းစစ်ရေး နှင့် တုန့်ပြန်ဆောင်ရွက်ရေး ဆောင်ရွက်ထားသည့်အစီအမံများ၊ သြစတေးလျနိုင်ငံ၏အကူအညီဖြင့် COVID-19 ကာလအတွင်း ခရီးသွားလုပ်ငန်းများဆောင်ရွက်ရာတွင် လိုက်နာရမည့်ကျင့်ဝတ်များ ရေးဆွဲရေးအတွက် ဆောင်ရွက်နေမှုများ၊...
Continue Reading
နေပြည်တော်၊ စက်တင်ဘာလ (၁၅) ရက် မြန်မာနိုင်ငံ၌ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့နှင့် ပူးပေါင်း၍ နှစ်(၂၀) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း (Myanmar Investment Promotion Plan-MIPP) (၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၃၅-၂၀၃၆ ခုနှစ်ထိ) ကို ရေးဆွဲဆောင်ရွက်ခဲ့ပြီး အဆိုပါ စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေးကော်မတီ (Investment Promotion Committee- IPC) ၏ တတိယအကြိမ် အစည်းအဝေးကို ယနေ့ (၁၅-၉-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေး ကော်မတီဉက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ဦးဆောင်၍ Video conferencing ဖြင့်...
Continue Reading
နေပြည်တော်၊ စက်တင်ဘာလ (၁၁)ရက် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် US-ASEAN Business Council (US-ABC) အကြား သတင်း အချက်အလက်များနှင့် အလေ့အကျင့်ကောင်းများ ဖလှယ်ရန်၊ အာဆီယံဒေသတွင်း ခရီးသွားလုပ်ငန်း တွင် ဒစ်ဂျစ်တယ် နည်းပညာအသုံးပြုမှုနှင့်စပ်လျဉ်း၍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာ စေရန်ရည်ရွယ်၍ ASEAN Tourism Digital Economy Workshop အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို  Video Conferencing စနစ်ဖြင့် ၁၁-၉-၂၀၂၀ ရက်နေ့၊ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့်တကွ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာအသင်း အဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် အာဆီယံခရီးသွားလုပ်ငန်းအာဏာပိုင်များနှင့် Digitalization၊ Online Booking နှင့် Payments ကိစ္စရပ်များတွင် သက်ဆိုင်ရာအပိုင်းကဏ္ဍအလိုက် ကျွမ်းကျင် ပညာရှင်များက ပါဝင်ဆွေးနွေးရာတွင် ကိုဗစ်-၁၉ ကာလအတွင်း...
Continue Reading
နေပြည်တော်၊ စက်တင်ဘာလ (၉) ရက် ၈.၉.၂၀၂၀ ရက်နေ့ ညနေပိုင်းတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ကျန်းမာရေးဦးစီးမှူး ဒေါက်တာရွှေစင်ထိုက်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံ)ရုံးခွဲ တာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းအောင်နှင့်တာဝန်ရှိသူများသည်  Coronavirus Disease 2019 (COVID-19) ကူးစက်ပြန့်ပွားမှု များပြားသော ဒေသများမှ ဝင်ရောက်လာသူများ၊ သံသယလူနာများ၊ ရောဂါပိုး တွေ့ရှိသူနှင့် အနီးကပ် ထိတွေ့ခဲ့သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက် များနှင့်အညီ Facility Quarantine ထားရှိရမည်ဖြစ်ပြီး ခရိုင်/ မြို့နယ်များမှ သတ်မှတ်ထားသော Quarantine Centre များတွင် နေထိုင်လိုခြင်းမရှိဘဲ မိမိတို့အစီအစဉ်ဖြင့် Hotel Quarantine နေထိုင်လိုသူများအား သတ်မှတ်ငှားရမ်းနေထိုင်ခ ပေးသွင်းစေ၍  Hotel Quarantine နေထိုင်နိုင် ရေးအတွက် Hotel Quarantine ထားရှိလိုသော...
Continue Reading
နေပြည်တော်၊ စက်တင်ဘာလ ၉ ရက်   ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးတင်လတ်သည် ယနေ့ (၉-၉-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်သည့် Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွာရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ နဝမအကြိမ် အစည်းအဝေးသို့ Video Conferencing ဖြင့် Online မှ ပါဝင်တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ COVID-19 Relief Package 1 နှင့် Package 2 သင်တန်း များ ဖွင့်လှစ်ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ လတ်တလော COVID-19 ရောဂါကူးစက်မှု ပြန်လည်များပြားလာသည့်အတွက် သင်တန်းများကို ယာယီရပ်ဆိုင်းထားမှု အခြေအနေများ၊ COVID-19 ကပ်ရောဂါကြောင့် ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍသာမက ၎င်းနှင့်ဆက်စပ်လုပ်ငန်း များအပေါ် သက်ရောက်မှု အခြေအနေများနှင့်...
Continue Reading
နေပြည်တော်၊ စက်တင်ဘာလ (၈)ရက်           ကိုရီးယားခရီးသွားလာရေးအဖွဲ့အစည်း၊ အာဆီယံ-ကိုရီးယားဗဟိုဌာနနှင့် Travie တို့မှ ကြီးမှူး၍ Seminar on ASEAN-Korea Tourism ကို “Recovering COVID-19: Smart Tourism for ASEAN and Korea” ခေါင်းစဉ်ဖြင့် အာဆီယံ-ကိုရီးယားဗဟိုဌာနမှ ဦး‌ဆောင်၍ မြန်မာစံတော်ချိန် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဉီးမောင်မောင်ကျော် ဦးဆောင်၍ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ Online မှ  ပါဝင် တက်ရောက်ခဲ့ကြပါသည်။ အဆိုပါဆွေးနွေးပွဲကို “Recovering COVID-19: Smart Tourism for ASEAN and Korea” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး အာဆီယံနိုင်ငံများနှင့် ကိုရီးယားနိုင်ငံတို့၏...
Continue Reading
1 81 82 83 84 85 103