Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

By

Public Relations & Information Department
နေပြည်တော်၊ စက်တင်ဘာလ  (၈) ရက် ဟိုတယ်နှင့်တည်းခိုရိပ်သာများကို စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖွင့်လှစ်ခွင့်ပြုပေးထားသော ပုဂံညောင်ဉီးမြို့ရှိ ဟိုတယ်များတွင် တရားမဝင် Spa နှင့် Bar များ ဖွင့်လှစ်ထားခြင်း ရှိ၊ မရှိ (၇-၉-၂၀၂၀) ရက်နေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ညောင်ဦးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးစိန်ဝင်းနှင့် တာဝန်ရှိ သူများ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်နှင့် တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး ဟိုတယ် များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ COVID-19 ကာကွယ်တားဆီးရေးဆိုင်ရာ သတ်မှတ်စည်းမျဉ်း စည်းကမ်းများ၊ Physical Distancing ဆိုင်ရာ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်နိုင်ရေး ဆိုင်ရာများကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါကြောင်း သတင်းရရှိပါသည်။
Continue Reading
နေပြည်တော်၊ စက်တင်ဘာ(၇) ရက် ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှိဟိုတယ်များအား (၅.၉.၂၀၂၀) ရက်နေ့တွင် ဟိုတယ် နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (လားရှိုးရုံးခွဲ)၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်အလုပ်ရုံ အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရှမ်း မြောက်ဇုန်) တို့မှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် COVID-19 ကာကွယ်ထိန်းချူပ်ရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ထုတ်ပြန်ထားရှိသော ညွှန်ကြား ချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှုရှိ/မရှိအား ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး COVID-19 ရောဂါကာကွယ်/ထိန်းချုပ်ရေးနှင့် ပတ်သက်၍ သတ်မှတ်စည်းမျဉ်း စည်းကမ်းများနှင့် Physical Distancing ဆိုင်ရာ သတ်မှတ်ချက်များကို အထူးဂရုပြု ဆောင်ရွက် နိုင်ရေး ပညာပေးဆွေးနွေး အကြံပြုခဲ့ကြောင်း သတင်းရရှိပါသည်။
Continue Reading
နေပြည်တော်၊ စက်တင်ဘာလ (၄)ရက်           တတိယအကြိမ်မြောက် အာဆီယံ MRA-TP ဆိုင်ရာ နိုင်ငံတကာကွန်ဖရင့် (3rd International Conference on ASEAN MRA-TP) ကို ၄-၉-၂၀၂၀ ရက်နေ့တွင် Video Conference ဖြင့် ဖိလစ်ပိုင် နိုင်ငံမှ ဦး‌ဆောင်ကျင်းပပြုလုပ်ခဲ့ရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဉီးမောင်မောင်ကျော် ဦးဆောင်၍ တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၅၀)ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြပါ သည်။ အဆိုပါကွန်ဖရင့်ကို“Embracing the New Normal in Tourism”ခေါင်းစဉ်ဖြင့်ကျင်းပခဲ့ပြီး အာဆီယံခရီးသွားလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေသူများကို အာဆီယံခရီးသွားလုပ်ငန်းကျွမ်းကျင် ပညာရှင်များအပြန်အလှန်အသိအမှတ်ပြုရေးအစီအစဉ် ASEAN Mutual Recognition Arrangement...
Continue Reading
နေပြည်တော်၊ စက်တင်ဘာလ (၃) ရက်       ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီး ဌာန၊ ချောင်းသာရုံးခွွဲ၏ စီစဉ်မှုဖြင့် COVID-19 ရောဂါဖြစ်နေစဉ်ကာလ၊ ရောဂါအလွန်ကာလများတွင် ခရီးသွားလုပ်ငန်းများ၏ ပြင်ဆင်မှုတစ်ရပ်အဖြစ်လည်းကောင်း၊ COVID-19 ရောဂါကုစားရေး လုပ်ငန်းစဉ်များအဖြစ်လည်းကောင်း ဒုတိယအကြိမ်မြောက် ခရီးသွားလုပ်ငန်း(အခြေခံ) COVID-19 Relief Package – 1 သင်တန်းနှင့် ဟိုတယ်များတွင် တာဝန်ထမ်းဆောင်နေသော ဟိုတယ်ဝန်ထမ်း များအား ဟိုတယ်ဝန်ဆောင်မှု (မွမ်းမံ) COVID-19 Relief Package -2 သင်တန်းဖွင့်ပွဲ အခမ်း အနားကို (၂.၉.၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် ချောင်းသာကမ်းခြေ  Chaung Tha Lodge Hotel  ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီး တာဝန်ခံ၊ ဒုတိယညွှန်ကြားရေးမှူး...
Continue Reading
နေပြည်တော်၊ စက်တင်ဘာလ (၂) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် ယနေ့ (၂-၉-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီး H.E.Dr. LindamulageNalin Kumar de Silva အားနေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံရာ တွေ့ဆုံပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးတင်လတ်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။   တွေ့ဆုံစဉ် မြန်မာ-သီရိလင်္ကာနှစ်နိုင်ငံခရီးသွား လုပ်ငန်းပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး၍ ဆောင်ရွက်နေမှု အခြေအနေများ၊ COVID-19 အလွန်နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် Travel Bloggers များအားအပြန်အလှန် ဖိတ်ခေါ်၍ FAM Trips များ စီစဉ်ဆောင်ရွက်ရေးဆိုင်ရာများ၊ ဝန်ကြီးဌာနအနေဖြင့် Myanmar Tourism Strategic...
Continue Reading
နေပြည်တော်၊ စက်တင်ဘာ (၂) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန မုံရွာရုံးခွဲ၏ ကြီးကြပ်မှုဖြင့် COVID-19 ကြောင့်စီးပွားရေးကျဆင်းလျက်ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ခရီးစဉ်ဒေသများတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများကို ပြန်လည်မြှင့်တင်နိုင်ရန်ရည်ရွယ်၍ COVID-19 Relief Package 1 ခရီးသွားလုပ်ငန်း(အခြေခံ) (၈) ရက် သင်တန်းဖွင့်ပွဲ အခမ်းအနားကို (၁-၉-၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ ဆွမ်းဦးပုညရှင် ဂေါပကရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သောင်း၊ ခရိုင်ခရီးစဉ် ဒေသစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဉီးစီးဌာန မုံရွာရုံးခွဲတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဉီးအောင်သူဉီးနှင့် တာဝန်ရှိသူများ၊ စစ်ကိုင်းမြို့ ဟိုတယ်/တည်းခိုရိပ်သာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများ၊ သင်တန်းသား/သင်တန်းသူများတက်ရောက်ကြပါသည်။ အဆိုပါ COVID-19...
Continue Reading
နေပြည်တော်၊ စက်တင်ဘာလ (၁) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီး ဌာန (လွိုင်ကော်ရုံး) ၏ စီစဉ်ကြီးကြပ်မှု၊ ကယား ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဝင်များနှင့် ဟိုတယ်နှင့်ခရီးသွားဆိုင်ရာအသင်းအဖွဲ့များ၏ ပူးပေါင်းပါဝင်မှုဖြင့် ဒုတိယအကြိမ်နှင့် တတိယအကြိမ် COVID-19 Relief Package (I) ခရီးသွားလုပ်ငန်း (အခြေခံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကို (၁-၉-၂၀၂၀) ရက်နေ့တွင် လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့နယ်ရှိ ပန်ပက်ကျေးရွာနှင့် တနီးလာလဲ ကျေးရွာတို့၌ တပြိုင်နက်တည်း ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ပန်ပက်ကျေးရွာနှင့် တနီးလာလဲကျေးရွာတို့သည် လူထုအခြေပြုခရီးသွားလုပ်ငန်း ဆောင်ရွက်ထားရှိသည့် ကျေးရွာများဖြစ်ပြီး၊ ဒုတိယ အကြိမ်နှင့် တတိယအကြိမ်မြောက် COVID-19 Relief Package (I) ခရီးသွားလုပ်ငန်း (အခြေခံ) သင်တန်းသို့ တစ်ရွာလျှင် ဒေသခံလက်မှုလုပ်ငန်း လုပ်ကိုင်နေသူများ၊ ရိုးရာအစား...
Continue Reading
နေပြည်တော်၊ စက်တင်ဘာလ (၁) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၏ ကြီးကြပ်မှု၊ မကွေးတိုင်းဒေသကြီးရုံးခွဲ၏ စီစဉ်မှုဖြင့် COVID-19 ကြောင့် စီးပွားရေးကျဆင်းလျှက်ရှိသော မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရီးစဉ်ဒေသများတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းပြန်လည်မြှင့်တင်နိုင်ရန် ရည်ရွယ်၍ COVID-19 Relief Package 1 ခရီးသွား လုပ်ငန်း(အခြေခံ) (၈)ရက်သင်တန်းဖွင့်ပွဲအခမ်းအနားကို (၁-၉-၂၀၂၀)ရက်နေ့ နံနက်(၉:၀၀)နာရီ အချိန်တွင် မကွေးမြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးသင်တန်း ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဝင်များ တက်ရောက်ခဲ့ပြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး တာဝန်ခံမှ သင်တန်းဖွင့်လှစ်ခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ COVID-19 Relief Package 1 သင်တန်းအမှတ်စဉ်(၄)သို့ တက်ရောက်မည့် သင်တန်းသား/ သင်တန်းသူများအား မကွေးမြသလွန်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံးမှ စိစစ်ရွေးချယ်...
Continue Reading
နေပြည်တော်၊ စက်တင်ဘာ (၁) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဉီးဆောင်လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဉီးစီးဌာန (စစ်ကိုင်းရုံးခွဲ) ၏ စီစဉ်မှုဖြင့် COVID-19 ကြောင့်   စီးပွားရေးကျဆင်းလျှက် ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ခရီးစဉ်ဒေသများတွင်      ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း များကို ပြန်လည်မြှင့်တင်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်သင်ကြားခဲ့သည့် COVID-19 Relief Package 1 ခရီးသွားလုပ်ငန်း (အခြေခံ) သင်တန်းများ၏ သင်တန်းဆင်းပွဲအခမ်း အနားကို (၃၁-၈-၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းမြို့၊ မင်းကွန်းကျေးရွာ ဓမ္မပါလဓမ္မာရုံတွင် ကျင်းပခဲ့ပါသည်။ အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားသို့ စစ်ကိုင်းခရိုင်၊ ခရီးစဉ်ဒေသစီမံခန့်ခွဲမှု ကော်မတီ ဝင်များ၊   စစ်ကိုင်းမြို့၊   ဟိုတယ်/တည်းခိုရိပ်သာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ဟိုတယ် နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ရွှေဘိုရုံးခွဲ) မှ   တာဝန်ခံနှင့် ဝန်ထမ်းများ၊ သင်တန်းနည်းပြများ၊ သင်းတန်းသား/သူများ...
Continue Reading
1 82 83 84 85 86 103