Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

By

Public Relations & Information Department
နေပြည်တော်၊ ဩဂုတ်လ (၂၅) ရက်  ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊  ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဉီးစီးဌာန၏ ကြီးကြပ်မှုတို့ဖြင့် COVID-19 ရောဂါကာလအတွင်း ကမ်းခြေ အခြေခံခရီးသွားလုပ်ငန်းအား အမှီပြုလုပ်ကိုင်နေကြသော ခေါင်းရွက်ဗျက်ထိုးဈေးရောင်းချသူများ၊ ချက်ပို့ရောင်းချသူများ၊ ဘောကွင်းငှားရမ်းသူများ၊ စက်ဘီး/ဆိုင်ကယ်နှင့် မြင်းငှားရမ်းသူများအား COVID-19 ရောဂါကုစားရေးလုပ်ငန်းစဉ်အဖြစ် COVID-19 Relief Package – 1 သင်တန်းနှင့် ဟိုတယ်များတွင်တာဝန်ထမ်းဆောင်နေသော ဟိုတယ်ဝန်ထမ်းများအား ဟိုတယ်ဝန်ဆောင်မှု (မွမ်းမံ) COVID-19 Relief Package -2 သင်တန်းဖွင့်ပွဲအခမ်းအနားကို (၂၁.၈.၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် ငွေဆောင်ကမ်းခြေ  Yamonar Oo Hotel  ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ COVID-19 Relief Package -1 (ခရီးသွားလုပ်ငန်းအခြေခံသင်တန်း) ၌ ဈေးရောင်းချသူ (၁၀) ဦး၊...
Continue Reading
နေပြည်တော် ဩဂုတ် ၂၄ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုကြီးဦးအုန်းမောင်နှင့် ဒုတိယဝန်ကြီး ဦးတင်လတ်တို့သည် ၂၂-၈-၂၀၂၀ ရက်နေ့ ညနေပိုင်းတွင် ခရီးသွားလုပ်ငန်းပင်မစီမံကိန်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ မြန်မာ နိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် ညီနောင်အသင်း (၁၁)သင်းမှ ဥက္ကဌများနှင့်တာဝန်ရှိသူများအား ရန်ကုန်မြို့ Happy Restaurant ၌ အလွတ်သဘော တွေ့ဆုံခဲ့ပါသည်။       တွေ့ဆုံရာတွင်ပြည်ထောင်စုဝန်ကြီးက COVID-19 အလွန်တွင်မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေရန် ပြင်ဆင်ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ခရီးစဉ်ဒေသအသစ်များဖော်ဆောင်ရေး နှင့် သန့်ရှင်းသာယာလှပပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သော ခရီးစဉ်ဒေသများဖြစ်အောင် သက်ဆိုင်ရာ ခရီးစဉ်ဒေသများတွင် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးကော်မတီ (Destination Management Organization-DMO) များလိုအပ်သလို ဖွဲ့စည်းဆောင်ရွက်နေမှုများ၊ လူထုအခြေပြုခရီးသွားလုပ်ငန်း၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် စွန့်စားအားကစားခရီးသွားလုပ်ငန်း (Sport Adventure Tourism) များအတွက် SOP များရေးဆွဲဆောင်ရွက်နေမှု...
Continue Reading
နေပြည်တော်၊ ဩဂုတ် ၂၄ ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးတင်လတ်သည် (၂၃-၈-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် ပြည်မြို့သို့ ရောက်ရှိကာ သရေခေတ္တရာ ပြတိုက်သို့ သွားရောက်ကြည့်ရှု လေ့လာခဲ့ပြီး သရေခေတ္တရာ မြို့ဟောင်းအတွင်း လှည့်လည်ကာ ပြည်တွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးစဉ်အသစ်များ ဖော်ဆောင်နိုင်ရေး အခြေအနေများကို လေ့လာကြည့်ရှု စစ်ဆေးခဲ့ပါသည်။ ထို့နောက် ရွှေဆံတော်ဘုရားသို့ သွားရောက်ကာ ဘုရားဂေါပကအဖွဲ့အားတွေ့ဆုံ၍ COVID-19 အလွန် ဘုရားများ ပြန်လည်ဖွင့်လှစ်ပါက ဘုရားဖူးများ ဘေးကင်းလုံခြုံရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော Physical Distancing ဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ လိုအပ်သလို ကြိုတင် ပြင်ဆင်ဆောင်ရွက်နိုင်ရန် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ပြုစုထားသော Tourism National Guidelines for COVID-19 Safe Services (Beta Version...
Continue Reading
နေပြည်တော် ၊ ဩဂုတ်လ (၂၅) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကဏ္ဍ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုး ကူညီ ဆောင်ရွက်လျက်ရှိသော လူဇင်ဘတ်ဖွံ့ဖြိုးတိုးတက်မှုအေဂျင်စီ (Lux Dev) ၏ အကူအညီဖြင့်ရေးဆွဲမည့် (COVID-19) အလွန်ကာလ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးကောင်းမွန်ရေးအတွက် Myanmar Tourism Strategic Recovery Roadmap ကို ရေးဆွဲလျက်ရှိသည့် ပြည်တွင်း၊ ပြည်ပပညာရှင်များ ပါဝင်သော Expert Team အား (၂၄-၈-၂၀၂၀) ရက်နေ့၊ မွန်းလွဲ(၁၅:၃၀)နာရီတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ နီလာအစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံပါသည်။ အဆိုပါတွေ့ဆုံပွဲသို့ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးတင်လတ်၊ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်နှင့် အရာရှိကြီးများ၊ Myanmar Tourism Strategic Recovery Roadmap ရေးဆွဲရေးကို အကောင်အထည် ဖော်လျက်ရှိသော Lux...
Continue Reading
နေပြည်တော်၊ သြဂုတ်လ (၂၄) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ ကြီးကြပ်မှု၊  ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲ၏ စီစဉ်မှု၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ပုဂံဇုန်)၊ မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအသင်း (ပုဂံ) တို့၏  ပူးပေါင်းပါဝင်မှုဖြင့် Covid-19 ကြောင့် စီးပွားရေးကျဆင်းလျက်ရှိသော တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ခရီးစဉ်ဒေသများတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများကို ပြန်လည်မြှင့်တင်နိုင်ရန် ရည်ရွယ်၍ COVID-19 Relief Package II သင်တန်းကို (၂၄-၈-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် Heritage Bagan ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးဦးထွန်းသိန်း၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲတာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းအောင်နှင့် အရာထမ်း၊ အမှုထမ်းများ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊...
Continue Reading
နေပြည်တော်၊ ဩဂုတ်လ (၂၄) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တာချီလိတ်ရုံးခွဲ၏ စီစဉ်မှု၊ ခရီးသွားလုပ်ငန်းရှင်များအသင်း (တာချီလိတ်)၏ ပူးပေါင်းပါဝင်မှုဖြင့် COVID-19 ကြောင့်စီးပွားရေးကျဆင်းလျက်ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ခရီးစဉ်ဒေသများတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများကို ပြန်လည်မြှင့်တင်နိုင်ရန် ရည်ရွယ်၍ COVID-19 Relief Package 1 ခရီးသွားလုပ်ငန်း(အခြေခံ) ၈ရက်ကြာ သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့(၂၂-၈-၂၀၂၀)ရက်နေ့ (၀၉:၃၀)နာရီအချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ဒေသတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တာချီလိတ်ခရိုင်ခရီးစဉ်ဒေသ စီမံခန့်ခွဲရေး ကော်မတီ အတွင်းရေးမှူး တာချီလိတ်ရုံးခွဲတာဝန်ခံမှ အဖွင့်အမှာစကားနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါ COVID-19 Relief Package 1 ခရီးသွားလုပ်ငန်း(အခြေခံ) ၈ရက်သင်တန်းများကို    ခရီးသွားလုပ်ငန်းတွင် တိုက်ရိုက်ပါဝင်ပတ်သက် ဆက်စပ်လျက်ရှိသော ဝါရင့်ဧည့်လမ်းညွှန်...
Continue Reading
နေပြည်တော်၊ ဩဂုတ်လ (၂၄) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ရုံးခွဲ၏ စီစဉ်မှု၊ မြန်မာနိုင်ငံဧည့်လမ်းညွှန် များအသင်း၏ ပူးပေါင်းပါဝင်မှုဖြင့် COVID-19 ကြောင့်စီးပွားရေးကျဆင်းလျက်ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ် များရှိ ခရီးစဉ်ဒေသများတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများကို ပြန်လည်မြှင့်တင် နိုင်ရန် ရည်ရွယ်၍COVID-19 Relief Package 1  ခရီးသွားလုပ်ငန်း အခြေခံ ၄ပတ် (၈) ရက် သင်တန်းကို ၁-၈-၂၀၂၀ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၃-၈-၂၀၂၀ ရက်နေ့တွင် သင်တန်းဆင်းပွဲ အခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။   အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ထားဝယ်ရုံးခွဲ၏ ရုံးခွဲတာဝန်ခံနှင့် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင် များအသင်း (တနင်္သာရီဇုံ) ဥက္ကဌတို့ တက်ရောက်ခဲ့ပြီး...
Continue Reading
နေပြည်တော်၊ ဩဂုတ်လ (၂၄) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ပြင်ဦးလွင်ရုံးခွဲ၏ စီစဉ်မှု၊ မန္တလေးဧည့်လမ်းညွှန်အသင်း၊မန္တလေးတိုင်းဒေသကြီးတို့၏ ပူးပေါင်းပါဝင်မှုဖြင့်COVID–19 ကြောင့်စီးပွားရေးကျဆင်းလျက်ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ခရီးစဉ်ဒေသများတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများကို ပြန်လည်မြှင့်တင်နိုင်ရန် ရည်ရွယ်၍COVID-19 Relief Package(I)ခရီးသွားလုပ်ငန်း(အခြေခံ) ၄ပတ်၈ရက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို (၂၂-၈-၂၀၂၀)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ Hotel Spring တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြင်ဦးလွင်မြို့၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းက နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီး၊ ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်းက အမှာစကားပြောကြားကာ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ပြင်ဦးလွင်ရုံးခွဲတာဝန်ခံ ဦးကျော်ဆန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါ COVID-19 Relief Package(I) ခရီးသွားလုပ်ငန်း (အခြေခံ) ၄ပတ် ၈ရက်...
Continue Reading
ရန်ကုန်၊ ဩဂုတ် ၂၂ ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးတင်လတ်သည် ယနေ့ (၂၂-၈-၂၀၂၀)ရက် နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိကာ သာကေတမြို့နယ် ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ အစည်းအဝေးခန်းမ ၌ ပြုလုပ်သည့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ သို့ ပြည်တွင်းပြည်ပခရီးသွာဧည့် သည်များ River Cruise ဖြင့်သွားရောက်လည်ပတ်နိုင်ရေး ခရီးစဉ်နှင့်စပ်လျဉ်းသော ညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကို၊ မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံလက်မှုအနုပညာရှင်များအသင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံခရီးသွား ဈေးကွက်မြှင့်တင်ရေး အသင်းတို့မှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးတင်လတ်က COVID...
Continue Reading
နေပြည်တော်၊ ဩဂုတ်လ (၂၄) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ် ဦးမောင်မောင်ကျော်သည် ယနေ့ (၂၂.၈.၂၀၂၀) (၀၉:၀၀) အချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ မင်းကွန်းကျေးရွာ အခြေခံအထက်တန်းကျောင်း၌ ပြုလုပ်သည့် COVID-19 Relief Package 1 ခရီးသွားလုပ်ငန်း(အခြေခံ)သင်တန်းဖွင့်ပွဲသို့ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ ၎င်းနောက် မင်းကွန်းဒေသရှိ မြသိန်းတန်၊ မင်းကွန်းခေါင်းလောင်းကြီး၊ ပုထိုးတော်ကြီး၊ ခြင်္သေ့ကြီးရှိ ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်၍ အလုပ်လုပ်ကိုင်နေကြသောအဖွဲ့များအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီးနောက် စစ်ကိုင်းမြို့ရှိ Happy Hotel တွင် ဟိုတယ်/ တည်းခို ရိပ်သာလုပ်ငန်းရှင်များအား တွေ့ဆုံကာ COVID-19 ကာလ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရန်နှင့် ခရီးသွားဖွံ့ဖြိုး တိုးတက်ရေးအတွက် အရှိန်အဟုန်မပျက် ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့ပါသည်။ ယင်းနောက် ကမ္ဘာ့အမွေအနှစ်...
Continue Reading
1 84 85 86 87 88 101