Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

By

Public Relations & Information Department
နေပြည်တော်၊ ဩဂုတ်လ (၁၀) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးတင်လတ်သည် ၈-၈-၂၀၂၀ ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်၊ ရွှေသောင်ယံ၊ ဂွ၊ သံတွဲကမ်းခြေပတ်လမ်းအတိုင်း သွားရောက်ပြီး မကျီးဇင်ကမ်းခြေနှင့် ကမ်းသာယာကမ်းခြေများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။     မွန်းလွှဲပိုင်းတွင် ဂွမြို့သို့ ရောက်ရှိကာ ဂွမြို့နယ် Destination Management Organization (DMO) အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဝန်ကြီးချုပ်များ ဦးဆောင်သည့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ (RTC) များက ဒေသ၏ လုပ်ငန်းလိုအပ်ချက်များပေါ် မူတည်၍ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ခရီးစဉ် ဒေသစီမံခန့်ခွဲရေး ကော်မတီများ ဖွဲ့စည်းဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ဒေသအလိုက်သင့်တော်သည့် ခရီးစဉ်ဒေသများ၊ လူထုအခြေပြုခရီးသွားလုပ်ငန်းများနှင့် ခရီးစဉ်လမ်းကြောင်းအသစ်များ၊ ခရီးစဉ်ဒေသဖွံ့ဖြိုးရေးနှင့် သန့်ရှင်းသာယာလှပရေးတို့ကို ထိထိရောက်ရောက် အကောင်အထည်ဖော်...
Continue Reading
နေပြည်တော်၊ ဩဂုတ်လ (၇) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တောင်ကြီးရုံး၏ စီစဉ်ကြီးကြပ်မှု၊ ဧည့်လမ်းညွှန်များ အသင်း (ရှမ်းတောင်ဇုန်) နှင့် ဆက်စပ် အဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်များ၏ ပူးပေါင်းပါဝင်မှုဖြင့် ယနေ့နံနက်ပိုင်းတွင် COVID-19 Relief Package (I) ခရီးသွားလုပ်ငန်း (အခြေခံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ညောင်‌ရွှေမြို့၊ သုခ စက်လှေဆိပ်နားနေဆောင်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ညောင်‌ရွှေမြို့နယ်၊ အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (တောင်ကြီးရုံးခွဲ) ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကိုလည်းကောင်း ဧည့်လမ်းညွှန်များအသင်း (ရှမ်းတောင်ဇုန်) မှ တာဝန်ရှိ သူတစ်ဦးက သင်တန်းနှင် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါ...
Continue Reading
နေပြည်တော်၊ ဩဂုတ်လ (၇) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်သည် ယနေ့ နံနက်ပိုင်းတွင် ဝန်ကြီးဌာနမှ အရာထမ်းများအား နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ တွေ့ဆုံရာ တွေ့ဆုံပွဲသို့ ဒုတိယ ဝန်ကြီး ဉီးတင်လတ်၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးမောင်မောင်ကျော်နှင့် တာဝန်ရှိသူများ၊ ဝန်ကြီးဌာနမှ အရာထမ်းများ တက်ရောက်ကြပါသည်။ တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်က မိမိတို့ဝန်ကြီးဌာနသည် ဟိုတယ်နှင့် ခရီးသွားဆက်စပ်လုပ်ငန်း နယ်ပယ်ရှိလုပ်ငန်းရှင်များနှင့် ပြည်သူလူထုအား ဝန်ဆောင်မှုပေးနေသည့် Service Ministry ဖြစ်သည့်အတွက် ဝန်ထမ်းများ အနေဖြင့်ကောင်းမွန်သည့် ဝန်ဆောင်မှုများကို စည်းစနစ်ကျနစွာ ပေးနိုင်ရန်အတွက် ဝန်ထမ်းများ ဝန်ဆောင်မှုလက်ဆွဲကို ပြုစုဆောင်ရွက် လျက်ရှိကြောင်း၊ ယခုလက်ရှိဖြစ်ပေါ်နေသည့် COVID-19 ကပ်ရောဂါကြောင့် ခရီးသွားလာရေး ပုံစံသစ် New...
Continue Reading
နေပြည်တော်၊ ဩဂုတ်လ ၄ ရက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်သည် ၃-၈-၂၀၂၀ ရက်နေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဌနှင့် တာဝန်ရှိသူများအား ရန်ကုန်မြို့ရှိ Tom Yan Koong စားသောက်ဆိုင်၌ အလွတ်သဘောတွေ့ဆုံ၍ COVID-19 အလွန် ခရီးစဉ်လမ်းကြောင်းသစ်များ ပြန်လည်စတင်ရာတွင် တာဝန်ယူမှု တာဝန်ခံမှုရှိစေရန် ဆောင်ရွက် ရမည့် အစီအစဉ်များ၊ ခရီးလှည့်လည်ရေးလုပ်ငန်းများ Deposit နှင့် အာမခံ ကိစ္စရပ်များ၊ COVID-19 relief plan ၏ ချေးငွေဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် ၄-၈-၂၀၂၀ ရက်နေ့ နံနက်ပိုင်းတွင်    ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ ကျောက်ရေတွင်းလမ်းရှိ ဝန်ကြီးဌာနပိုင်မြေနေရာတွင် ခရီး သွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည့်...
Continue Reading
နေပြည်တော်၊ သြဂုတ်လ (၅) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ စနစ်တကျ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိရာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) ၏ ကြီးကြပ်မှု ဆက်စပ်ဌာနဆိုင်ရာများ၏ ပံ့ပိုးကူညီမှု ၊ ပုဂ္ဂလိက အသင်းအဖွဲ့များ၏  ပူးပေါင်းပါဝင်မှုတို့ဖြင့် (၁.၈.၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပုဂံမြို့ဟောင်း (B.I.T.C)  ဘုတ်ကျောင်းသင်တန်းခန်းမတွင် Covid-19  Relief Package 1  ခရီးသွားလုပ်ငန်း(အခြေခံ) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းဖွင့်ပွဲသို့ ပုဂံ-ညောင်ဦး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင် ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုံးနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပုဂံရုံးခွဲ တာဝန်ခံဒုတိယညွှန်ကြားရေးမှူး...
Continue Reading
နေပြည်တော်၊ သြဂုတ်လ (၄) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်လတ်နှင့် တာဝန်ရှိသူများသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်စေရန်နှင့် ခရီးစဉ်ဒေသဖွံ့ဖြိုး တိုးတက် စေရန် ဇူလိုင်လ၃၁ ရက်နေ့တွင်  တာချီလိတ်မြို့၊ Goden Triangle Paradise Hotel သို့ သွားရောက်ကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ်ချက်များနှင့်အညီ  ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင် ထားရှိမှုများ၊ မြန်မာ-လာအို နှစ်နိုင်ငံ နယ်စပ် ဝမ်ပုံဆိပ်ကမ်း၊ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား(၁)၊ မြန်မာ-လာအို-ထိုင်း  သုံးနိုင်ငံ ရွှေတြိဂံနေရာများကို ခရီးသွားဆွဲဆောင်မှုနှင့် ခရီစဉ်ဒေသအသစ်များ ဖော်ဆောင်နိုင်မှု အခြေအနေများနှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ တာချီလိတ်ရုံးခွဲ၏ သတင်းနှင့်ပြန်ကြားရေးကောင်တာ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနရုံး (တာချီလတ်) အဆောက်အဦအသစ် တည်ဆောက်နေမှုအား ကြည့်ရှု စစ်ဆေးပြီး...
Continue Reading
နေပြည်တော်၊ ဩဂုတ်လ (၄) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးတင်လတ်သည် သြဂုတ်လ(၂) ရက်နေ့ နံနက်ပိုင်းကရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ သစ်တစ်ပင်တောင်အပန်းဖြေစခန်း ၊ ရိုးရာယွန်းထည်လုပ်ငန်းနှင့် ရိုးရာချည်ထိုးပန်းထိုးလုပ်ငန်းများ ဆောင်ရွက်နေသည့်နေရာများသို့ သွားရောက်ကာ ခရီးစဉ်ဒေသအသစ် (New Destination)၊ ခရီးစဉ်လမ်းကြောင်းအသစ် (New package)များ ဖော်ဆောင်နိုင်မှု အခြေအနေများကို လှည့်လည်ကြည့်ရှု့ စစ်ဆေးခဲ့ပါသည်။   ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျိုင်းတုံမြို့ရှိ ကတ်သလစ်သာသနာပြုကျောင်းတိုက် ၊ ရပ်တော်မူဘုရား၊ မဟာမြတ်မုနိဘုရားကြီးနှင့် နောင်တုံကန်သို့ သွားရောက်ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ Covid-19 ကာကွယ်ရေးဆိုင်ရာ သတ်မှတ်ချက်များ၊ Physical Distancing ဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ခရီးစဉ်ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နိုင်မှုအခြေအနေနှင့် ခရီးစဉ် လမ်းကြောင်းအသစ်များ ဖော်ထုတ်နိုင်မှု အခြေအနေများကို လှည့်လည်ကြည့်ရှု့ကာ ခရစ်ယာန် သာသနာပြုဆရာတော်နှင့် ဘုရားဂေါပကများထံသို့...
Continue Reading
နေပြည်တော်၊ ဩဂုတ်လ (၄) ရက်   ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ဖွင့်လှစ်သော COVID-19 Relief Package 1, ခရီးသွားလုပ်ငန်း (အခြေခံ) သင်တန်းကို (၁-၈-၂၀၂၀)ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ သင်တန်းခန်းမ၌ ဖွင့်လှစ်ကျင်းပရာ သင်တန်းဖွင့်ပွဲသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားရာ ယခုသင်တန်းဖွင့်လှစ်ရခြင်းသည် COVID-19 ရောဂါဖြစ်ပွားနေသည့်ကာလနှင့် အလွန်ကာလများတွင် ခရီးသွားလုပ်ငန်းအား ပြည်တွင်းခရီးသွားလုပ်ငန်းနှင့် စတင်နိုင်ရေးအတွက် ခရီးသွားလုပ်ငန်းနှင့်ဆက်နွယ်မှု ရှိသူများအား ဝန်ဆောင်မှု အရည်အသွေးတိုးတက်စေရန်အတွက် နိုင်ငံတော်မှ အကုန်အကျခံကာ ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း၊ ဒါကြောင့် သင်တန်းသူ၊ သင်တန်းသားများအနေဖြင့်လည်း ထိထိရောက်ရောက်အကျိုးရှိစွာ ကြိုးစားသင်ယူကြရန်နှင့် ခရီးသွားလုပ်ငန်း ပြန်လည် စတင်ချိန်တွင် မိမိတို့၏ကျွမ်းကျင်မှုတိုးတက်ရေး၊ အကျိုးရှိစွာ အသုံးချနိုင်ရေးရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းသို့...
Continue Reading
နေပြည်တော်၊ ဇူလိုင်လ (၂၈) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်သည် ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် လူဇင်ဘတ်နိုင်ငံ လူဇင်ဘတ်ဖွံ့ဖြိုးမှုအေဂျင်စီတို့ ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း MYA/001 မှ ရန်ကုန်မြို့ရှိ Project Support Office မှ Chief Technical Coordinator ဖြစ်သူ Mr.Geert De Bruycker နှင့်အဖွဲ့အား ယနေ့ နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ နေပြည်တော်မှ Video Conferencing ဖြင့် တွေ့ဆုံ၍ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေနှင့် စပ်လျဉ်း၍ ညိှနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးတင်လတ်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးမောင်မောင်ကျော်နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများက Online...
Continue Reading
နေပြည်တော်၊ ဇူလိုင်လ (၂၈) ရက် ၁။      ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက်စေရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူ နိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိပါသည်။ ၂။       ယခုအခါ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ မြို့အဝင်/အထွက်ဂိတ်များရှိ ကျန်းမာရေး စစ်ဆေးဆောင်ရွက်မှုများ ရုပ်သိမ်းပြီးနောက်ပိုင်းတွင် ပြည်တွင်းခရီးသွားများနှင့် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံခြားသားများသည် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများသို့ ပြန်လည်သွားလာ လည်ပတ်လျက်ရှိပါသည်။ ၃။      လာမည့် ဇူလိုင်လ (၃၁) ရက်နေ့မှ သြဂုတ်လ (၃) ရက်နေ့ထိ အစိုးရရုံးပိတ်ရက် (၄) ရက်တွင် ပုံမှန်ထက် ပိုမိုခရီးသွားလာကြမည်ဟု မျှော်မှန်းထားပါသဖြင့် ခရီးသွားများ၊ ၎င်းတို့ကို ဝန်ဆောင်မှုပေး နေသည့် ခရီးသွားလုပ်ငန်းဆောင်ရွက်နေသူများနှင့် ဆက်စပ်လုပ်ငန်းဆောင်ရွက်နေသူများအနေဖြင့် COVID-19 ကူးစက်ပျံ့ပွားမှုမရှိစေရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်...
Continue Reading
1 88 89 90 91 92 101