Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

By

Public Relations & Information Department
နေပြည်တော်၊ သြဂုတ်လ (၅) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ စနစ်တကျ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိရာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) ၏ ကြီးကြပ်မှု ဆက်စပ်ဌာနဆိုင်ရာများ၏ ပံ့ပိုးကူညီမှု ၊ ပုဂ္ဂလိက အသင်းအဖွဲ့များ၏  ပူးပေါင်းပါဝင်မှုတို့ဖြင့် (၁.၈.၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပုဂံမြို့ဟောင်း (B.I.T.C)  ဘုတ်ကျောင်းသင်တန်းခန်းမတွင် Covid-19  Relief Package 1  ခရီးသွားလုပ်ငန်း(အခြေခံ) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းဖွင့်ပွဲသို့ ပုဂံ-ညောင်ဦး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင် ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုံးနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပုဂံရုံးခွဲ တာဝန်ခံဒုတိယညွှန်ကြားရေးမှူး...
Continue Reading
နေပြည်တော်၊ သြဂုတ်လ (၄) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်လတ်နှင့် တာဝန်ရှိသူများသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်စေရန်နှင့် ခရီးစဉ်ဒေသဖွံ့ဖြိုး တိုးတက် စေရန် ဇူလိုင်လ၃၁ ရက်နေ့တွင်  တာချီလိတ်မြို့၊ Goden Triangle Paradise Hotel သို့ သွားရောက်ကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ်ချက်များနှင့်အညီ  ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင် ထားရှိမှုများ၊ မြန်မာ-လာအို နှစ်နိုင်ငံ နယ်စပ် ဝမ်ပုံဆိပ်ကမ်း၊ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား(၁)၊ မြန်မာ-လာအို-ထိုင်း  သုံးနိုင်ငံ ရွှေတြိဂံနေရာများကို ခရီးသွားဆွဲဆောင်မှုနှင့် ခရီစဉ်ဒေသအသစ်များ ဖော်ဆောင်နိုင်မှု အခြေအနေများနှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ တာချီလိတ်ရုံးခွဲ၏ သတင်းနှင့်ပြန်ကြားရေးကောင်တာ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနရုံး (တာချီလတ်) အဆောက်အဦအသစ် တည်ဆောက်နေမှုအား ကြည့်ရှု စစ်ဆေးပြီး...
Continue Reading
နေပြည်တော်၊ ဩဂုတ်လ (၄) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးတင်လတ်သည် သြဂုတ်လ(၂) ရက်နေ့ နံနက်ပိုင်းကရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ သစ်တစ်ပင်တောင်အပန်းဖြေစခန်း ၊ ရိုးရာယွန်းထည်လုပ်ငန်းနှင့် ရိုးရာချည်ထိုးပန်းထိုးလုပ်ငန်းများ ဆောင်ရွက်နေသည့်နေရာများသို့ သွားရောက်ကာ ခရီးစဉ်ဒေသအသစ် (New Destination)၊ ခရီးစဉ်လမ်းကြောင်းအသစ် (New package)များ ဖော်ဆောင်နိုင်မှု အခြေအနေများကို လှည့်လည်ကြည့်ရှု့ စစ်ဆေးခဲ့ပါသည်။   ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျိုင်းတုံမြို့ရှိ ကတ်သလစ်သာသနာပြုကျောင်းတိုက် ၊ ရပ်တော်မူဘုရား၊ မဟာမြတ်မုနိဘုရားကြီးနှင့် နောင်တုံကန်သို့ သွားရောက်ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ Covid-19 ကာကွယ်ရေးဆိုင်ရာ သတ်မှတ်ချက်များ၊ Physical Distancing ဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ခရီးစဉ်ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နိုင်မှုအခြေအနေနှင့် ခရီးစဉ် လမ်းကြောင်းအသစ်များ ဖော်ထုတ်နိုင်မှု အခြေအနေများကို လှည့်လည်ကြည့်ရှု့ကာ ခရစ်ယာန် သာသနာပြုဆရာတော်နှင့် ဘုရားဂေါပကများထံသို့...
Continue Reading
နေပြည်တော်၊ ဩဂုတ်လ (၄) ရက်   ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ဖွင့်လှစ်သော COVID-19 Relief Package 1, ခရီးသွားလုပ်ငန်း (အခြေခံ) သင်တန်းကို (၁-၈-၂၀၂၀)ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ သင်တန်းခန်းမ၌ ဖွင့်လှစ်ကျင်းပရာ သင်တန်းဖွင့်ပွဲသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားရာ ယခုသင်တန်းဖွင့်လှစ်ရခြင်းသည် COVID-19 ရောဂါဖြစ်ပွားနေသည့်ကာလနှင့် အလွန်ကာလများတွင် ခရီးသွားလုပ်ငန်းအား ပြည်တွင်းခရီးသွားလုပ်ငန်းနှင့် စတင်နိုင်ရေးအတွက် ခရီးသွားလုပ်ငန်းနှင့်ဆက်နွယ်မှု ရှိသူများအား ဝန်ဆောင်မှု အရည်အသွေးတိုးတက်စေရန်အတွက် နိုင်ငံတော်မှ အကုန်အကျခံကာ ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း၊ ဒါကြောင့် သင်တန်းသူ၊ သင်တန်းသားများအနေဖြင့်လည်း ထိထိရောက်ရောက်အကျိုးရှိစွာ ကြိုးစားသင်ယူကြရန်နှင့် ခရီးသွားလုပ်ငန်း ပြန်လည် စတင်ချိန်တွင် မိမိတို့၏ကျွမ်းကျင်မှုတိုးတက်ရေး၊ အကျိုးရှိစွာ အသုံးချနိုင်ရေးရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းသို့...
Continue Reading
နေပြည်တော်၊ ဇူလိုင်လ (၂၈) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်သည် ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် လူဇင်ဘတ်နိုင်ငံ လူဇင်ဘတ်ဖွံ့ဖြိုးမှုအေဂျင်စီတို့ ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း MYA/001 မှ ရန်ကုန်မြို့ရှိ Project Support Office မှ Chief Technical Coordinator ဖြစ်သူ Mr.Geert De Bruycker နှင့်အဖွဲ့အား ယနေ့ နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ နေပြည်တော်မှ Video Conferencing ဖြင့် တွေ့ဆုံ၍ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေနှင့် စပ်လျဉ်း၍ ညိှနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးတင်လတ်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးမောင်မောင်ကျော်နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများက Online...
Continue Reading
နေပြည်တော်၊ ဇူလိုင်လ (၂၈) ရက် ၁။      ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက်စေရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူ နိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိပါသည်။ ၂။       ယခုအခါ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ မြို့အဝင်/အထွက်ဂိတ်များရှိ ကျန်းမာရေး စစ်ဆေးဆောင်ရွက်မှုများ ရုပ်သိမ်းပြီးနောက်ပိုင်းတွင် ပြည်တွင်းခရီးသွားများနှင့် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံခြားသားများသည် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများသို့ ပြန်လည်သွားလာ လည်ပတ်လျက်ရှိပါသည်။ ၃။      လာမည့် ဇူလိုင်လ (၃၁) ရက်နေ့မှ သြဂုတ်လ (၃) ရက်နေ့ထိ အစိုးရရုံးပိတ်ရက် (၄) ရက်တွင် ပုံမှန်ထက် ပိုမိုခရီးသွားလာကြမည်ဟု မျှော်မှန်းထားပါသဖြင့် ခရီးသွားများ၊ ၎င်းတို့ကို ဝန်ဆောင်မှုပေး နေသည့် ခရီးသွားလုပ်ငန်းဆောင်ရွက်နေသူများနှင့် ဆက်စပ်လုပ်ငန်းဆောင်ရွက်နေသူများအနေဖြင့် COVID-19 ကူးစက်ပျံ့ပွားမှုမရှိစေရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်...
Continue Reading
နေပြည်တော်၊ ဇူလိုင် (၂၆) ရက် ယနေ့(၂၆-၇-၂၀၂၀)ရက်နေ့နံနက်ပိုင်းတွင် ခရီးသွားလုပ်ငန်းစီမံကိန်းဆိုင်ရာကိစ္စရပ်များ နှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးပွဲကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးတင်လတ် ဦးဆောင်၍ ရန်ကုန်မြို့ Center for Tourism Development (CTD) ၌ ကျင်းပရာ ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး‌‌ ဒေါ်နော်ပန်း သဥ္ဇာမျိုး၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်း (၁၁)သင်းမှ ဥက္ကဌများ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပါသည်။ ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဦးတင်လတ်က ယခုခရီးသွားလုပ်ငန်းပင်မစီမံကိန်း ၂၀၂၁-၂၀၂၅ သည်ယခင်ပင်မစီမံကိန်းကိုအခြေခံ၍ COVID-19 အလွန်တွင် ပြောင်းလဲလာမည့် ခရီးသွား လုပ်ငန်းပုံစံသစ်နှင့် လိုက်လျောညီထွေမှုရှိအောင်၊ နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ပြုစု ရေးဆွဲထားပါကြောင်း၊ ပင်မစီမံကိန်းတွင် မဟာဗျူဟာ(၆) ရပ်ပါဝင်ပြီး မဟာဗျူဟာများကို ထိရောက်စွာအကောင်ထည်ဖော်ဆောင်နိုင်ရန် လက်ရှိအမှန်တကယ်ဖြစ်ပေါ်နေသည့်အခြေအနေ နှင့် ကိုက်ညီမှုရှိစေရန်အတွက် လက်တွေ့...
Continue Reading
နေပြည်တော်၊ ဇူလိုင်လ (၂၃) ရက် အာဆီယံနှင့် တရုတ်နိုင်ငံတို့အကြား ပထမဆုံးအကြိမ် ပူးပေါင်းဆောင်ရွက်သည့် First ASEAN- China “Friendship and Cooperation” Short Video ပြိုင်ပွဲသို့ ဗီဒီယိုထုတ်လုပ်သူများ၊ လူမှုကွန်ယက်မီဒီယာများ၊ ဘလော့ကာများ၊ အာဆီယံနှင့် တရုတ်နိုင်ငံတို့မှ စိတ်ပါဝင်စားသူများ အဆိုပြုလျှောက်ထားနိုင်ကြောင်း သိရသည်။ ပြိုင်ပွဲ၏ theme မှာ “Friendship and Cooperation” ဖြစ်ပြီး “၅” မိနစ်စာ Video Clip တွင် မည်သည့်ဘာသာစကားမဆို အသုံးပြုနိုင်သော်လည်း အင်္ဂလိပ် (သို့မဟုတ်) တရုတ်ဘာသာဖြင့်သာ စာတမ်းထိုးဖော်ပြရမည်ဖြစ်ပါသည်။ အဆိုပါ Video Clip ကို ၃၀-၉-၂၀၂၀ ရက်နေ့ နောက်ဆုံးထား တင်သွင်းရမည်ဖြစ်ပြီး ပြိုင်ပွဲတွင် အနိုင်ရရှိသူများကို ၂၀၂၀ ပြည့်နှစ်...
Continue Reading
နေပြည်တော်၊ ဇူလိုင်လ (၂၂) ရက် ကယားပြည်နယ်၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၃/၂၀၂၀) ကြိမ်မြောက် အစည်း အဝေးကို (၂၂.၇.၂၀၂၀) ရက်နေ့နံနက်ပိုင်းတွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဥက္ကဌ ကယားပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ကော်မတီ ဒုတိယဥက္ကဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီး၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဝင်များနှင့်ခရိုင် ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင်ကယားပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီဥက္ကဌ ဝန်ကြီးချုပ်၊ ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကော်မတီ အတွင်းရေးမှူးက လွိုင်ကော်ခရိုင်နှင့် ဘောလခဲခရိုင် ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီ ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ...
Continue Reading
နေပြည်တော်၊ ဇူလိုင်လ (၂၁) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးတင်လတ် ပြည်တွင်းခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးစဉ်ဒေသအသစ်များ ဖော်ဆောင်ရေး၊ ရန်ကုန်တိုင်းဒေသကြီးရှိ ခရီးစဉ်ဒေသများအား ကွင်းဆင်းစစ်ဆေးရာ (၁၉-၇-၂၀၂၀) ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၄ မိုင် ၂ ဖာလုံရှိ Swiss-Myanmar Orchards Eco Resort နှင့် လှည်းကူးမြို့နယ် ရေကျော်ကျေးရွာရှိ Mother Earth Organic Farm သို့ သွားရောက်ကာ Eco-tourism နှင့် Farm Tourism ခရီးစဉ်ဒေသအဖြစ် ဖော်ဆောင်နိုင်မှုအခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဗိုလ်တစ်ထောင်မြို့နယ်အတွင်းရှိ ဝန်ကြီးဌာနပိုင် မြေနေရာနှင့် ပန်းဘဲတန်းမြို့နယ်ရှိ ဝန်ကြီးဌာနပိုင် အဆောက်အဉီနေရာများသို့...
Continue Reading
1 89 90 91 92 93 101