Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

By

Public Relations & Information Department
နေပြည်တော်၊ ဇူလိုင်လ (၂၃) ရက် အာဆီယံနှင့် တရုတ်နိုင်ငံတို့အကြား ပထမဆုံးအကြိမ် ပူးပေါင်းဆောင်ရွက်သည့် First ASEAN- China “Friendship and Cooperation” Short Video ပြိုင်ပွဲသို့ ဗီဒီယိုထုတ်လုပ်သူများ၊ လူမှုကွန်ယက်မီဒီယာများ၊ ဘလော့ကာများ၊ အာဆီယံနှင့် တရုတ်နိုင်ငံတို့မှ စိတ်ပါဝင်စားသူများ အဆိုပြုလျှောက်ထားနိုင်ကြောင်း သိရသည်။ ပြိုင်ပွဲ၏ theme မှာ “Friendship and Cooperation” ဖြစ်ပြီး “၅” မိနစ်စာ Video Clip တွင် မည်သည့်ဘာသာစကားမဆို အသုံးပြုနိုင်သော်လည်း အင်္ဂလိပ် (သို့မဟုတ်) တရုတ်ဘာသာဖြင့်သာ စာတမ်းထိုးဖော်ပြရမည်ဖြစ်ပါသည်။ အဆိုပါ Video Clip ကို ၃၀-၉-၂၀၂၀ ရက်နေ့ နောက်ဆုံးထား တင်သွင်းရမည်ဖြစ်ပြီး ပြိုင်ပွဲတွင် အနိုင်ရရှိသူများကို ၂၀၂၀ ပြည့်နှစ်...
Continue Reading
နေပြည်တော်၊ ဇူလိုင်လ (၂၂) ရက် ကယားပြည်နယ်၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၃/၂၀၂၀) ကြိမ်မြောက် အစည်း အဝေးကို (၂၂.၇.၂၀၂၀) ရက်နေ့နံနက်ပိုင်းတွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဥက္ကဌ ကယားပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ကော်မတီ ဒုတိယဥက္ကဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီး၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဝင်များနှင့်ခရိုင် ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင်ကယားပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီဥက္ကဌ ဝန်ကြီးချုပ်၊ ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကော်မတီ အတွင်းရေးမှူးက လွိုင်ကော်ခရိုင်နှင့် ဘောလခဲခရိုင် ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီ ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ...
Continue Reading
နေပြည်တော်၊ ဇူလိုင်လ (၂၁) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးတင်လတ် ပြည်တွင်းခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးစဉ်ဒေသအသစ်များ ဖော်ဆောင်ရေး၊ ရန်ကုန်တိုင်းဒေသကြီးရှိ ခရီးစဉ်ဒေသများအား ကွင်းဆင်းစစ်ဆေးရာ (၁၉-၇-၂၀၂၀) ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၄ မိုင် ၂ ဖာလုံရှိ Swiss-Myanmar Orchards Eco Resort နှင့် လှည်းကူးမြို့နယ် ရေကျော်ကျေးရွာရှိ Mother Earth Organic Farm သို့ သွားရောက်ကာ Eco-tourism နှင့် Farm Tourism ခရီးစဉ်ဒေသအဖြစ် ဖော်ဆောင်နိုင်မှုအခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဗိုလ်တစ်ထောင်မြို့နယ်အတွင်းရှိ ဝန်ကြီးဌာနပိုင် မြေနေရာနှင့် ပန်းဘဲတန်းမြို့နယ်ရှိ ဝန်ကြီးဌာနပိုင် အဆောက်အဉီနေရာများသို့...
Continue Reading
နေပြည်တော်၊ ဇူလိုင်လ (၂၂) ရက် တနင်္သာရီတိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး (၄/၂၀၂၀) ကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၇)ရက်နေ့၊ မွန်းလွှဲပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဉက္ကဌ၊ ဝန်ကြီးချုပ် ဦးမြင့်မောင်၊  ဒုတိယဉက္ကဌ သယံဇာတနှင့်ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဝန်ကြီး ဦးလှထွေး၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်ကျော်၊ ကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ထားဝယ်ရုံးခွဲ) ညွှန်ကြားရေးမှူး ဦးညိုအေး၊ ကော်မတီဝင် များနှင့် ဖိတ်ကြားထားသည့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီဥက္ကဌ၊ ဝန်ကြီးချုပ် ဦးမြင့်မောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကော်မတီအတွင်းရေးမှူးက ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ အစည်းအဝေး (၃/၂၀၂၀)...
Continue Reading
နေပြည်တော်၊ ဇူလိုင်လ (၂၂) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) မှ ဖွင့်လှစ်သင်ကြားသည့် Hotel Guest List Management System သင်တန်းကို ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ B.I.T.C (ဘုတ်ကျောင်း) ပုဂံမြို့ဟောင်းတွင် ၁၇-၇-၂၀၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ (ပုဂံရုံးခွဲ) တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးက အဖွင့်အမှာစကား ပြောကြား ခဲ့ပြီး သင်တန်းသို့ ပုဂံ-ညောင်ဦးမြို့ရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာများတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော ကွန်ပျူတာကျွမ်းကျင်သည့် သင်တန်း သား ၊ သင်တန်းသူ စုစုပေါင်း (၁၃) ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ Hotel Guest list Management System သင်တန်းဖွင့်လှစ်ခြင်းအားဖြင့် ဟိုတယ်နှင့် တည်းခိုရိပ်သာများမှ ပြည်တွင်း/ပြည်ပ...
Continue Reading
နေပြည်တော်၊ ဇူလိုင်လ (၂၁) ရက် ၁။      ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက်စေရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူ နိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိပါသည်။ ၂။       ယခုအခါ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ နိုင်ငံတော်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ပြည်တွင်းရှိ စီမံကိန်းလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းများနှင့် ဌာနဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရေးအတွက် အရေးတကြီး လာရောက်ရန်ရှိသည့် ပြည်ပနိုင်ငံများမှ နိုင်ငံခြားသားများအနေဖြင့် ၎င်းတို့၏လုပ်ငန်းများ စောလျင်စွာ ဆောင်ရွက် နိုင်ရန်အတွက် Fast Track နည်းလမ်းဖြင့် သက်ဆိုင်ရာနိုင်ငံမှ လေယာဉ် ပေါ်သို့မရောက်မီ(၃၆)နာရီအတွင်း စစ်ဆေးထားသော Laboratory Evidence of Absence...
Continue Reading
နေပြည်တော်၊ ဇူလို​င် ၁၈ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်လတ်သည် ယနေ့နံနက်ပိုင်း တွင် ညောင်ဦးခရိုင် ပုဂံမြို့သို့သွားရောက်ကာ အပယ်ရတနာဘုရားတွင် Bagan Plastic Campaign အဖွဲ့နှင့်အတူ ဧည့်လမ်းညွှန်များအသင်း၊ ဟိုတယ်နှင့် လုပ်ငန်းရှင်များအသင်း၊ အရိန္ဒမာမြင်းစီး အသင်း၊ ညောင်ဦးသံတဲဟိုတယ်မှ ဝန်ထမ်းများ၊ ပုဂံစည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့များ၊ Tourism Police တပ်ဖွဲ့ဝင်များ၊ ပုဂံဒေသအခြေပြု Balloon ကုမ္ပဏီများမှဝန်ထမ်းများ အင်အား (၃၀၀) ကျော်တို့မှ ပလတ်စတစ်အမှိုက်အပါဝင် အခြားအမှိုက်များ ရှင်းလင်းနေမှုအား ကြည့်ရှု အားပေးသည်။ အဆိုပါ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေဒေသအား Bagan Plastic Campaign ကို အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်လေ့ ရှိကြောင်း သိရသည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးတင်လတ်သည် ဌာနဆိုင်ရာများနှင့်အတူ ခရီးစဉ်...
Continue Reading
နေပြည်တော်၊ ဇူလိုင်လ (၁၆) ရက် အာဆီယံနိုင်ငံခေါင်းဆောင်များ၏ (၃၆) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးနှင့် အာဆီယံခရီးသွားလုပ်ငန်းများတွင် COVID-19 သက်ရောက်မှုများကို လျော့ပါးသက်သာ စေရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံခရီးသွားလုပ်ငန်း ဝန်ကြီးများ၏ COVID-19 ဆိုင်ရာအထူးအစည်းအဝေး၏ လမ်းညွှန်ချက်များအရ COVID-19 အလွန်ကာလတွင် အာဆီယံသို့လာရောက်လည်ပတ်မည့် ခရီးသွားဧည့်သည်များနှင့်ခရီးသွား လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေသူများ၏ ယုံကြည်မှုကိုမြှင့်တင်ရန်၊ နိုင်ငံအလိုက် Travel Procedure များ တစ်ပြေးညီဖြစ်စေရန်နှင့်ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် အဖွဲ့ဝင်နိုင်ငံများအတွင်း Travel Corridor/ Bubble ထူထောင်ဆောင်ရွက်သွားရန်အတွက် အကြိုညှိနှိုင်းအစည်းအဝေးကို  ၁၆-၇-၂၀၂၀ ရက်နေ့(ကြာသပတေးနေ့) နေ့လည် ၁:၃၀နာရီ တွင် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ  Assistant Director (ဒုတိယညွှန်ကြားရေးမှူးချုပ် အဆင့်ရှိသူ) Mr. Le Quang Lan က ဦးဆောင်၍...
Continue Reading
၁။      ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ (၇-၇-၂၀၂၀) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အစည်းအဝေး (၁/၂၀၂၀) ၌ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဌ ဒုတိယသမ္မတ ဉီးဟင်နရီဗန်ထီးယူ အမှာစကားပြောကြားခဲ့ရာတွင် ဒုတိယအဆင့်အနေဖြင့် ခရီးသွားလာရေး လုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် Reopening ကို လုပ်ဆောင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာ လေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲပြီး ပြည်ဝင်ခွင့်များ ပြန်လည်ပေးအပ်၍ လေဆိပ်များ ပြန်လည်ဖွင့်လှစ်သည်ကို ယခုနှစ်၏ တတိယသုံးလပတ်နောက်ပိုင်းမှသာ မျှော်လင့်နိုင်သဖြင့် ပြည်တွင်း ခရီးသွားလုပ်ငန်းဖြင့် စတင်ရမှာဖြစ်ကြောင်း စသည်ဖြင့် ပြောကြားထားရှိပါသည်။ ၂။       ထိုပြောကြားချက်သည် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဌ ဒုတိယသမ္မတ ဉီးဟင်နရီဗန်ထီးယူ အနေဖြင့် မြန်မာနိုင်ငံရှိ လေကြောင်းလိုင်းများ ပြန်လည်ဖွင့်လှစ် ပြေးဆွဲခြင်းနှင့် လေဆိပ်များ ပြန်လည်ဖွင့်လှစ်ခြင်းကို ရည်ညွှန်းပြောကြားခဲ့ခြင်းမဟုတ်ဘဲ နိုင်ငံ...
Continue Reading
နေပြည်တော်၊ ဇူလိုင်လ (၁၅) ရက် UMFCCI မှ ရိုက်ကူးတင်ဆက်ထုတ်လွှင့်မည့် UMFCCI Webinar Series; New Beginning Through Renewed Partnerships Series တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဉီးတင်လတ်က Video Conferencing ဖြင့် ပါဝင်ဆွေးနွေးခဲ့ပြီး ကုန်သည်စက်မှုအသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဉီးမောင်မောင်ဆွေက Moderator အဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးတင်လတ်၏ ဆွေးနွေးမှုအား ဆက်လက်ဖော်ပြပါမည်။
Continue Reading
1 91 92 93 94 95 103