Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

By

Public Relations & Information Department
တနင်္သာရီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၃/၂၀၂၀) အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးတွင် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြင့်မောင်က ခရီးသွား လုပ်ငန်းရှင် များအား သက်ဆိုင်ရာလုပ်ငန်းလိုင်စင်အပြင်လိုင်စင် အသစ် လဲလှယ်ခြင်းများအတွက် ပေးဆောင်ခြင်းကို တစ်နှစ်အတွက် ကင်းလွတ်ခွင့် ပေးခဲ့ ပြီးဖြစ်ပါကြောင်း၊ ကိုဗစ်–၁၉ကြောင့် ဖြစ်ပေါ်လာနိုင်သော စီးပွားရေး သက်ရောက်မှုများ အပေါ်ကုစားနိုင်ရေး အတွက် တနင်္သာရီ တိုင်း ဒေသ ကြီး အတွင်းဟိုတယ် (၈) လုံး၊ စားသောက်ဆိုင်လုပ်ငန်း (၆) ခုတို့ အားချေးငွေထုတ်ယူခွင့်ရရှိခဲ့ပြီးဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ အတွင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းကျဆင်း လျက်ရှိသော တိုင်းဒေသကြီး/ ပြည်နယ်များအတွက် ဟိုတယ်နှင့်ခရီးသွားလာရေး...
Continue Reading
နေပြည်တော်၊ မေလ (၂၉) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်သည် ယနေ့ (၂၉-၅-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင်   ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဉီးစီးဌာန တိုင်းဒေသကြီးနှင့်ပြည်နယ် ရုံးခွဲတာဝန်ခံများကို Video Conferencing  စနစ်ဖြင့် တွေ့ဆုံဆွေးနွေးရာ အစည်းအဝေးသို့  ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးတင်လတ် ၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးမောင်မောင်ကျော်နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် mission ပြောင်းလဲ သွားပြီဖြစ်သည့်အတွက် ဝန်ကြီးဌာနရဲ့ဆောင်ပုဒ် motto အနေနှင့်လည်း ဝန်ဆောင်မှု ကောင်းကောင်းပေးနိုင်သည့် Service Ministry အဖြစ် ပေါ်ထွက်လာရေးကို ဉီးတည်ချက်ထားပြီး “ဝန်ဆောင်မှုအဓိက” “ခရီးသွားများ ခရီးသွားလုပ်ငန်းများမှသည် ပြည်သူဆီသို့” “To Serve Better”...
Continue Reading
ဟိုတယ်နှင့်ခရီးသွားကဏ္ဍ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် Coronavirus Disease2019 – COVID 19 ကြောင့် ခရီးသွားလုပ်ငန်း ကျဆင်းလျှက်ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများပြန်လည်မြှင့်တင်နိုင်ရန်ရည်ရွယ်၍ သဘာဝအခြေခံခရီးသွား ဧည့်လမ်းညွှန် သင်တန်းများကို Australia ACS Distance Education နှင့်ချိတ်ဆက်ကာ Online မှတဆင့် သင်တန်းတက်ရောက်နိုင်ရန် စီစဉ်ထားပါသည်။ သဘာဝအခြေခံခရီးသွား ဧည့်လမ်းညွှန်သင်တန်းတွင် Ecotourism Basics, Interpretive Services in Ecotourism, Ecology and Conservation , Plant and Animal Classification and Identification, Geology/ Geomorphology, Interpreting Aquatic Environments, Interpreting Land Environments, Planning an Ecotour, Ecotour...
Continue Reading
ဟိုတယ်နှင့်ခရီးသွားကဏ္ဍ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် Coronavirus Disease 2019 – COVID-19 ကြောင့် ခရီးသွားလုပ်ငန်း ကျဆင်းလျှက်ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ပြန်လည်မြှင့်တင်နိုင်ရန်ရည်ရွယ်၍ ဧည့်လမ်းညွှန် (အခြေခံ) သင်တန်းကို ရန်ကုန်မြို့ရှိ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနတွင် ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ ဧည့်လမ်းညွှန်(အခြေခံ) သင်တန်းတွင် National Skill Standard Authority (NSSA) မှ အတည်ပြုထုတ်ပြန်ထားသော Tour Guide – Level 3, National Tour Guide မှ Basic Competency Unit ၂ ခု၊ Industrial Competency Unit ၇ ခု နှင့် Technical Competency Unit ၅ ခု...
Continue Reading
ဟိုတယ်နှင့်ခရီးသွားကဏ္ဍ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် Coronavirus Disease 2019 – COVID-19 ကြောင့် ခရီးသွားလုပ်ငန်း ကျဆင်းလျှက်ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများပြန်လည်မြှင့်တင်နိုင်ရန်ရည်ရွယ်၍ ASEAN Level 3 အဆင့်ရှိ ဧည့်လမ်းညွှန်(မွမ်းမံ) သင်တန်းများကို ရန်ကုန်မြို့ရှိ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (မန္တလေးရုံးခွဲ) အသီးသီး၌ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပါသည်။ အာဆီယံအဆင့် ဧည့်လမ်းညွှန်မွမ်းမံသင်တန်းတွင် ASEAN Certificate IV in Tour Operation(Guiding) မှ Core & Generic Competency Unit ၁၈ ခု နှင့် Functional Competency Unit ၁၈ ခု အပေါ်အခြေခံ၍ သင်ကြားပေးမည်ဖြစ်ပါသည်။ ဧည့်လမ်းညွှန်အဖြစ်လက်ရှိလုပ်ကိုင်နေပြီး၊ ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်သက်တမ်း အနည်းဆုံး(၂)နှစ်ပြည့်ပြီးသောဧည့်လမ်းညွှန် (National Guide)...
Continue Reading
နေပြည်တော်၊ မေလ (၂၂) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ဦးဆောင်၍ COVID-19 Myanmar Tourism Strategic Roadmap (မူကြမ်း) အပေါ် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ (၂၂-၅-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် ဝန်ကြီးဌာန နီလာခန်းမမှ Video Conferencing ဖြင့် ကျင်းပရာ ဆွေးနွေးပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌနှင့် ညီနောင်အသင်းများ (၁၁) သင်း ဥက္ကဌများက Video Conferencing ဖြင့် Online မှ ပါဝင်တက်ရောက်ကြပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က (၂၇-၄-၂၀၂၀) ရက်နေ့တွင် ပြုလုပ် ခဲ့သည့်...
Continue Reading
နေပြည်တော်၊ မေလ (၂၂) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာများ၊ ဆက်စပ်ဌာနဆိုင်ရာများသို့ နေ့စဉ်တည်းခိုသည့် ဧည့်စာ ရင်းပေးပို့မှုအဆင်ပြေစေရေး၊ စက္ကူသုံးစွဲမှုလျော့နည်းစေရေးတို့အတွက် သက်ဆိုင်ရာဒေသများရှိ ဟို တယ်နှင့်တည်းခိုရိပ်သာများသို့ လာရောက်တည်းခိုသောခရီးသွားဧည့်သည်များစာရင်းကို Online စနစ်ဖြင့် ပေးပို့နိုင်ရန် Hotel Guest List Management System (HGLMS)စနစ်ကို တစ်နိုင်ငံလုံးတွင် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လဆန်း၌ စတင်အသုံးပြုနိုင်ရန် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီး ဌာန၊ ရုံးခွဲများ အနေဖြင့် သက်ဆိုင်ရာဒေသရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာများလည်း လိုက်ပါအသုံးပြုနိုင်စေရေး လေ့ ကျင့်သင်ကြားပေးလျက်ရှိပါသည်။             တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာများအနေဖြင့် လာရောက်တည်းခို သော ခရီးသွားဧည့်သည်များစာရင်းကို Online စနစ်ဖြင့်ပေးပို့နိုင်ရန် Hotel Guest List Management...
Continue Reading
နေပြည်တော် ၊ မေလ (၂၂) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (မကွေးရုံးခွဲ) ၏ စီစဉ်ဆောင်ရွက်မှုဖြင့် Hotel Guest List Management System စနစ် အသုံးပြုနိုင်ရေးအတွက် ပထမအကြိမ် သင်တန်းဖွင့်ပွဲကို (၂၁.၅.၂၀၂၀) နေ့ နံနက်ပိုင်းတွင် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံးရှိ လူ့စွမ်းအားအရင်းအမြစ်ဖွွံဖြိုးရေး သင်တန်း ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ပါသည်။ သင်တန်းဖွင့်ပွဲတွင်  ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (မကွေးရုံးခွဲ) မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်စိန်က ဟိုတယ်/ မိုတယ်များ ပြန်လည်ဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏  သတ်မှတ်ချက်များ၊ အကြံပြုချက်များနှင့်အညီ Coronavirus Disease (Covid-19) ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် သက်ဆိုင်ရာအဖွဲ့၏ ညွှန်ကြားချက်များ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ပြန်ထားသော အများပြည်သူသိရှိ လိုက်နာဆောင်ရွက်ရန် အချက်များ၊...
Continue Reading
နေပြည်တော် မေ ၂၀      ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့သည် ယနေ့ညနေ ၆ နာရီ ၁၀ မိနစ်တွင် စကားပြောကြေးနန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြသည်။     ထိုသို့ဆက်သွယ်ပြောကြားရာတွင် တရုတ်နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ချီးကျူးဖွယ်ရာ အောင်မြင်မှုများရရှိခဲ့သည့် အခြေအနေ၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ကြိုးပမ်းရာ တွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးကိစ္စ၊ မြန်မာနိုင်ငံအား တရုတ်နိုင်ငံမှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ဆေးပစ္စည်းများနှင့် ကူညီပံ့ပိုးမှုများ ဆက်လက်တိုးမြှင့်ပေးအပ်ရေး ကိစ္စများကို အလေးပေးဆွေးနွေးခဲ့ကြသည်။     ထို့ပြင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား အေးအတူပူအမျှ အသိုက်အဝန်း စိတ်ဓာတ်ကို အခြေခံ၍ မြန်မာ-တရုတ်...
Continue Reading
နေပြည်တော်၊ မေလ (၁၈) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် ယနေ့ (၁၈-၅-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး အခြေစိုက်တရုတ်နိုင်ငံသားခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးနေသော ခရီးသွား ကုမ္ပဏီ များအား ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန နီလာခန်းမမှ Video Conferencing ဖြင့် တွေ့ဆုံ ဆွေးနွေးရာ အစည်းအဝေးသို့ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် နှင့် ဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဌ၊ မြန်မာ-တရုတ် ခရီးသွား လုပ်ငန်းမြှင့်တင်ရေးအဖွဲ့ ဥက္ကဌ၊ ရန်ကုန်နှင့် မန္တလေးရှိ တရုတ်နိုင်ငံသား ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှု ပေးနေသော ခရီးသွားကုမ္ပဏီများမှ လုပ်ငန်းရှင်များက Video Conferencing...
Continue Reading
1 95 96 97 98 99 100